University War” ပြိုင်ပွဲမှာ Winner ရခဲ့တဲ့ SNU တက္ကသိုလ်ရဲ့ ဉာဏ်ကြီးရှင်ကောင်လေး (၄) ယောက်ကို မှတ်မိကြသေးလား? သူတို့က မြန်မာလူငယ်တွေကြား တော်တော်လေးရေပန်းစားခဲ့သလို SNU တက္ကသိုလ်ကလည်း ကျောင်းသွားတွေရဲ့ Dream University ဖြစ်ခဲ့ပါတယ်။ အခုတော့ ဒီအခွင့်အရေးကို ဖမ်းဆုပ်နိုင်မယ့် Fully Funded Scholarship အစီအစဉ်တစ်ခုကို မျှဝေပေးချင်ပါတယ်။
ဟန်းဂုမြေရဲ့ ထိပ်တန်းတက္ကသိုလ်ဖြစ်ပြီး ဝင်ခွင့်ရဖို့အရမ်းကိုခက်တဲ့ SNU တက္ကသိုလ်မှာ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းတွေကို Fully Funded နဲ့ တက်ရောက်ခွင့်ရှိမှာဖြစ်ပါတယ်။ SNU မှာ Undergraduate နဲ့ Graduate အတွက် ဘယ်လို Scholarship အမျိုးအစားတွေ ရှိလဲဆိုတာကို အောက်ကလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
>> https://en.snu.ac.kr/admission/
ဒီနေ့မှာတော့ လတ်တလော လျှောက်ထားလို့ရတဲ့ SNU ရဲ့ Graduate Scholarship for Excellent Foreign Students (GSFS) Program အကြောင်း ပြောပြပေးချင်ပါတယ်။ GSFS မှာ Master Program နဲ့ Ph.D Program ကြိုက်ရာ Course Level ကို လျှောက်ထားလို့ရပါတယ်။ အချိန်ကာလကတော့ (၂) နှစ်ကြာမှာဖြစ်ပြီး Semester (၄) ခု အပြီးထိ တက်ရောက်ရမှာပါ။
ရွေးချယ်တက်ရောက်နိုင်မယ့် Program တွေကိုတော့ ပုံမှာ အသေးစိတ်ကြည့်နိုင်ပါတယ်။
– Humanties and Social Sciences
– Natural Sciences
– Engineering
– Medical Sciences
– The Arts
Related Article : IELTS ကို အစမ်းဖြေကြည့်ချင်သူတွေအတွက် Free Website (၅) ခု
>> https://www.edge.com.mm/article/ielts-test-website.html
လျှောက်ထားသူသည် –
– နိုင်ငံခြားသားဖြစ်ရပါမယ်။
– Master တန်းအတွက် Bachelor Degree၊ Ph.d အတွက် Master Degree ရရှိထားသူ ဖြစ်ရပါမယ်။
– ဖွံ့ဖြိုးဆဲနိုင်ငံက ကျောင်းသားတွေကို ပိုပြီးဦးစားပေးပါမယ်။
အကျိုးခံစားခွင့်
– (၂) နှစ်စာအတွက် ကျူရှင်ခကင်းလွတ်ခွင့်
– လစဉ်ထောက်ပံ့ကြေး KRW 500,000 (ရွေးထားတဲ့ Program ပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်)
လိုအပ်တဲ့ စာရွက်စာတမ်းများ
– SNU မှ Graduate Program တစ်ခုရဲ့ ဝင်ခွင့်
– Academic Transcripts
– Recommendation letters
– A study plan for the chosen field.
– Proof of language proficiency (e.g., TOEFL, IELTS)
– Research Proposal
– Thesis Proposal for Ph.D
– National ID
– Passport
Online Application လျှောက်ရန် >> Online_Application_Guide_Graduate.
Application Deadline: July 11, 2024