ဂျပန်နိုင်ငံသို့ ဝင်ရောက်လိုသောနိုင်ငံခြားသားများသည် အခြေခံစည်းမျဉ်းအရ နိုင်ငံခြားတွင်ရှိသောဂျပန်နိုင်ငံသံရုံး (နိုင်ငံခြားရေးဝန်ကြီးဌာန၏အဖွဲ့အစည်း) က ထုတ်ပေးသည့် “ဗီဇာ” ကို ရယူရန်လိုအပ်သော်လည်း ဗီဇာရှိပါက ဂျပန်နိုင်ငံသို့ သေချာပေါက် ဝင်ရောက်နိုင်ခြင်းမျိုးမဟုတ်ဘဲ ဂျပန်နိုင်ငံသို့ ရောက်ရှိသည့်အခါ လေဆိပ်စသည်တို့တွင် တရားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုဗျူရို၏ လိုအပ်သောစစ်ဆေးမှုကို ခံယူ၍ ဂျပန်နိုင်ငံတွင် လုပ်ကိုင်လိုသည့် အမျိုးအစားနှင့်ကိုက်ညီသော “နေထိုင်ခွင့်အမျိုးအစား” ကို ရယူရန်လိုအပ်ပါသည်။ ဤကဲ့သို့ “ဗီဇာ” နှင့် “နေထိုင်ခွင့်အမျိုးအစား”တို့သည် သီးခြားအဖွဲ့အစည်းအသီးသီးက ကိုင်တွယ်သော သီးခြားလုပ်ဆောင်မှုအဆင့်ဆင့်ဖြစ်ပါသည်။ ဤစာမျက်နှာတွင် မိတ်ဆက်ထားသော SSW သည် အသစ်ဖန်တီးထားသော “နေထိုင်ခွင့်အမျိုးအစား” တစ်မျိုး ဖြစ်ပါသည်။ SSW ၏ နေထိုင်ခွင့်အမျိုးအစားတွင် “ကျွမ်းကျင်အလုပ်သမား (၁) နှင့် (၂) ဟူ၍ နှစ်မျိုးရှိပါသည်။
SSW ၏ ထူးခြားချက်
SSW အဖြစ် ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်သူများမှာ ကျန်းမာရေးကောင်းမွန်သော အသက် ၁၈နှစ်အထက်ရှိသူများဖြစ်ပြီး သဖြင့် လေ့ကျင့်သင်ကြားမှုမခံယူဘဲ ချက်ချင်းအလုပ်ဝင်နိုင်သည့်လုပ်သားအင်အားအဖြစ် အလုပ်လုပ်ကိုင်ရန်အတွက် လိုအပ်သောကျွမ်းကျင်မှုကိုတတ်မြောက်ထားရန် လိုအပ်ပါသည်။
ထပ်မံ၍ လုပ်ငန်းခွင်တွင်လက်တွေ့လေ့ကျင့်မှုမှတစ်ဆင့် ဂျပန်နိုင်ငံတွင် နည်းပညာအမျိုးမျိုးကိုသင်ယူ၍ မိမိနိုင်ငံပြန်ပြီးနောက် ထိုနည်းပညာကို မိခင်နိုင်ငံတွင် ပြန့်သွားစေရန်ဆိုသည့်နိုင်ငံတကာအကျိုးပြုမှုကို ရည်မှန်းချက်အဖြစ်ထားရှိသော “နည်းပညာဆိုင်ရာ အလုပ်သင် သင်တန်းသား (Technical Intern Training)” ဆိုသည့် အခြားသောစနစ်ရှိပြီး အဆိုပါစနစ်အောက်တွင် သတ်မှတ်ထားသောလေ့ကျင့်မှု (Training) ကို အောင်မြင်ပြီးဆုံးထားသူများသည် ကျွမ်းကျင်မှုနှင့်ဂျပန်ဘာသာစွမ်းရည်စစ်စာမေးပွဲကို မဖြေဆိုဘဲ တူညီသောနယ်ပယ်တွင် SSW(i)အဖြစ် နေထိုင်ခွင့်အမျိုးအစားကို ပြောင်းလဲခြင်းဆိုသည့်လမ်းကြောင်းကို ဖွင့်ထားပါသည်။ SSW (i) နှင့် (ii) ကြား ကွာခြားချက်ကို အောက်ပါပုံတွင် ကြည့်ပါ။
ကျွမ်းကျင်အလုပ်သမား
SSW (i): သတ်မှတ်ထားသောလုပ်ငန်းနယ်ပယ်၌ အကျုံးဝင်သည့်အသိပညာ သို့မဟုတ် အတွေ့အကြုံတို့ အတန်အသင့်ရှိထားရန်လိုအပ်သည့်လုပ်ငန်း၌ တာဝန်ထမ်းဆောင်မည့် နိုင်ငံခြားသားများကို ရည်ရွယ်သော နေထိုင်ခွင့် အမျိုးအစား
SSW (ⅱ): သတ်မှတ်ထားသော လုပ်ငန်းနယ်ပယ်၌ အကျုံးဝင်သည့် အတွေ့အကြုံကြွယ်ဝသောကျွမ်းကျင်မှုမျိုး လိုအပ်သော လုပ်ငန်း၌ တာဝန်ထမ်းဆောင်မည့် နိုင်ငံခြားသားများအတွက် ရည်ရွယ်သော နေထိုင်ခွင့်အမျိုးအစားဖြစ်သည်။
နေထိုင်ခွင့်ကာလ | SSW (i):စုစုပေါင်း 5 နှစ် SSW (ⅱ):ကန့်သတ်ချက်မရှိ သက်တမ်းတိုးခွင့်ရှိသည် |
---|---|
အလုပ်ကျွမ်းကျင်မှုစံနှုန်း | SSW (i):စာမေးပွဲများဖြင့်စစ်ဆေးအတည်ပြုခြင်း (နည်းပညာပိုင်းဆိုင်ရာ အလုပ်သင်သင်တန်း (၂)ကို အောင်မြင်ပြီးဆုံးထားသောနိုင်ငံခြားသားများ ကင်းလွတ်သည်) SSW (ⅱ):စာမေးပွဲများဖြင့်စစ်ဆေးအတည်ပြုခြင်း |
ဂျပန်ဘာသာအရည်အချင်းစံနှုန်း | SSW (i):စားဝတ်နေရေးနှင့် လုပ်ငန်းစသည်တို့အတွက် လိုအပ်သော ဂျပန်ဘာသာအရည်အချင်း ကို စာမေးပွဲများဖြင့် စစ်ဆေးအတည်ပြုခြင်း (နည်းပညာပိုင်းဆိုင်ရာ အလုပ်သင်သင်တန်း (၂)ကို အောင်မြင်ပြီးဆုံးထားသောနိုင်ငံခြားသားများ ကင်းလွတ်သည်) SSW (ⅱ):စာမေးပွဲများဖြင့် စစ်ဆေးအတည်ပြုရန် မလိုအပ်ပါ။ |
မိသားစုအတူခေါ်ဆောင်ခြင်း | SSW (i): အခြေခံအားဖြင့် လက်မခံ SSW (ⅱ): သတ်မှတ်ချက်များပြည့်မီပါက ဖြစ်နိုင်သည်(အိမ်ထောင်ဖက်၊ သားသမီး) |
SSW (i) အလုပ်ခန့်အပ်သည့်အဖွဲ့အစည်း သို့မဟုတ် လုပ်သားအထောက်အကူပြု မှတ်ပုံတင်အဖွဲ့အစည်းများကပေးအပ်မည့်အထောက်အပံ့ဆိုင်ရာကိစ္စရပ်များ။