ပြင်သစ်ဗီဇာရရှိဖို့ ဘာတွေလိုမလဲ?

ပြင်သစ်နိုင်ငံသို့ လာရောက်လိုသည့် နိုင်ငံခြားသားအားလုံးသည် ပြင်သစ်နိုင်ငံအဝင်တွင် ပြည်ဝင်ခွင့် ဗီဇာ၊မိမိခရီး၏ရည်ရွယ်ချက်နှင့်ပတ်သက်သည့် အထောက်အထားများ နှင့် တည်းခိုမည့် အထောက်အထားတို့ကို တင်ပြနိုင်ရမည်။

နေ့စဉ် ပထမဆုံးရောက်ရှိသော ဗီဇာလျောက်ထားသူ ၂၀ ဦး ကိုသာ လက်ခံဆောင်ရွက်ပေးပါမည်။

မြန်မာနိုင်ငံတွင် နေထိုင်သော မြန်မာနိုင်ငံသား သို့မဟုတ် ကာလရှည် ဗီဇာ Resident Permit ဖြင့်နေထိုင်လျက်ရှိသော နိုင်ငံခြားသား များ သည် ရှန်ဂန်နိုင်ငံများထဲမှ နိုင်ငံတနိုင်ငံထက်ပို၍ သွားရောက် လည်ပတ်မည်ဆိုပါက အချိန်အကြာဆုံး လည်ပတ်မည့်နိုင်ငံ ၏ သက်ဆိုင်ရာ သံရုံးတွင် ရှန်ဂန်ကာလတို ဗီဇာလျှောက်ထား နိုင်ပါသည်။

ပြင်သစ်သံရုံး၏ ဗီဇာဌာန တွင်အောက်ပါ ဗီဇာအမျိုးအစားများကို ကြိုတင် လျှောက်ထားနိုင်ပါသည်။
၁။ ပြင်သစ်နိုင်ငံအတွက် ကာလရှည်ဗီဇာ ( ရက် ၉၀ အထက်)
၂။ပြင်သစ် နိုင်ငံ ၊ချက်သမ္မတ နိုင်ငံ၊ ပေါ်တူဂီ နိုင်ငံ၊စပိန် နိုင်ငံ၊ဆွစ်ဇာလန် နိုင်ငံ နှင့် လတ်ဗီးယား နိုင်ငံများအတွက် ကာလတို ဗီဇာ( ရက် ၉၀ အထိ)တို့ဖြစ်သည်။

  • ကာလတို ဗီဇာများကို အနည်းဆုံး (၂) ပတ် ကြိုတင်၍လည်းကောင်း ၊ကာလရှည် ဗီဇာများကို အနည်းဆုံး တလ ကြိုတင်၍လည်းကောင်း ကြိုတင်လျောက်ထားရန် အကြံပြုပါသည်။ ဗီဇာအမျိုးအစား၊နိုင်ငံသား နှင့် အားလပ်ရက်များအပေါ်မူတည်၍ ဗီဇာ ရယူရန် ကြာမြင့်ချိန်ကွဲပြားနိုင်ပါသည်။
  • အနည်းဆုံးလိုအပ်ချက်များ၊ စာရွက်စာတမ်း အထောက်အထား (မိတ္တူနှင့်မူရင်းများ) မပြည့်စုံပါက ဗီဇာ လက်ခံဆောင်ရွက်နိုင်ခြင်းမရှိပါ။

နေ့စဉ် ပထမဆုံးရောက်ရှိသော ဗီဇာလျောက်ထားသူ ၂၀ ဦး ကိုသာ လက်ခံဆောင်ရွက်ပေးပါမည်။

အမျိုးအစား ၁။ (Tourism and Visiting Friends or Family) ရိုးရိုးအလည်အပတ်၊မိတ်ဆွေ သူငယ်ချင်း၊မိသားစုဝင်များထံသွားရောက်လည်ပတ်ခြင်း။
အမျိုးအစား ၂။ (Business purpose and Medical reasons) သင်္ဘောသား၊ အလုပ်ကိစ္စ၊ကျန်းမာရေး ကိစ္စ များ –
အမျိုးအစား ၁ နှင့် ၂ အတွက်။ တနင်္လာ၊ဗုဒ္ဓဟူး၊ကြာသာပတေး၊သောကြာ နေ့များတွင်
၈:၃၀ နာရီမှ ၁၂ နာရီ အတွင်း လာရောက် လျောက်ထားနိုင်ပါသည်။

မှတ်ချက် ။ ပြင်သစ်သံရုံးသည် ဆွစ်ဇာလန် နိုင်ငံသို့ (ရက်တိုဗီဇာ – ရက် (၉၀) အောက်) သွားရောက်ရန် အောက်ပါဗီဇာအမျိုးအစားတို့အတွက် လက်ခံဆောင်ရွက်နိုင်ခြင်းမရှိပါ။

  • ဝင်ငွေရရှိသောအလုပ်အကိုင်နှင့် ဆက်စပ်သော ကာလတိုဗီဇာအတွက် လျှောက်လွှာများ (ယာဉ်မောင်းနှင့် သတင်းထောက်များအပါအဝင်)
  • ပညာရေးသင်တန်းများနှင့် ဆက်စပ်သော ကာလတိုဗီဇာအတွက် လျှောက်လွှာများ
  • ဆေးဘက်ဆိုင်ရာအကြောင်းပြချက်နှင့် ဆက်စပ်သော ကာလတိုဗီဇာအတွက် လျှောက်လွှာများ
  • မြန်မာနိုင်ငံသားများမဟုတ်သော သံတမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများ၏ လျှောက်လွှာများ
  • နိုင်ငံတကာ ညီလာခံများတွင် ပါဝင်ခြင်းအပါအဝင် တရားဝင်အကြောင်းပြချက်ဖြင့် ဆွစ်ဇာလန်နိုင်ငံသို့ သွားရောက်မည့် မြန်မာနိုင်ငံသားမဟုတ်သော နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများ၏ လျှောက်လွှာများ

အမျိုးအစား ၃။ (the spouses and children of French nationality and EU citizen, official passports of any citizenships, religious visit and Long Stay Visa Category) ပြင်သစ်နိုင်ငံသား၏ မိသားစုဝင်များ ၊ ဥရောပ သမဂ္ဂ နိုင်ငံသား၏ မိသားစုဝင်များ ၊ဘာသာရေး ကိစ္စများ၊ အစိုးရဌာနဆိုင်ရာ ပတ်စ်ပို့စ် (အစိမ်း/အပြာ)၊ ပြင်သစ်နိုင်ငံတွင် ရက် ၉၀ ထက်ကျော်၍ သွားရောက်နေထိုင် လိုသူများ : အင်္ဂါ နေ့တွင် ၉နာရီမှ ၁၂နာရီ အတွင်း လာရောက် လျောက်ထားနိုင်ပါသည်။

အမျိုးအစား ၄။ (Group of 7 person and more for any purpose’s) ၇ယောက် နှင့် အထက် ရှိ သော ခရီးသွားအဖွဲ့များ :
၁။ ကြိုတင်စီစဉ်ထားသော သို့မဟုတ် ဝယ်ယူထားသော ခရီးစဉ် နှင့်ဆိုင်သော စာရွက်စာတမ်းများ
၂။လိုက်ပါမည့်ခရီးသည် နာမည်စာရင်း၊ပတ်စ်ပို့နံပါတ် နှင့်အတူ၂ လ ကြိုတင်ဆက်သွယ်၍ လျှောက်ထားကြပါရန် အသိပေးအပ်ပါသည်။

အသေးစိတ်အချက် အလက်များကို France-Visaတွင်ကြည့်ရှုနိုင်ပါသည်။ သို့မဟုတ် ပြင်သစ်သံရုံး၏ လုံခြုံရေး ဌာနတွင် မြန်မာဘာသာ ဖြင့်ရေးသားထားသော မိတ္တူများ ရယူနိုင်ပါသည်။

June 27, 2024
© Copyright 2022 | Developed By Impulse International.