Educational Theory and Educational Psychology
ပညာရေးသဘောတရားဘာသာရပ်သည် ဆရာတစ်ဦးအနေဖြင့် သိသင့်သိထိုက်သော ပညာရေးအတွေးအခေါ် များ၊ သင်ရိုးညွှန်းတမ်းဆိုင်ရာ သဘောသဘာဝနှင့် ဖွဲ့စည်းပုံ၊ အတန်းတွင်းသင်ကြားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်မှုများ၊ ဆရာတစ်ဦးတွင်ရှိသင့်ရှိထိုက်သော ကျင့်ဝတ် သိက္ခာများရရှိနိုင်မည့် အကြောင်းအရာများ ပါဝင်ပါသည်။ ထို့အပြင် ယနေ့မျက်မှောက်ခေတ်တွင် မရှိမဖြစ်လိုအပ်သော ပညာရေးနည်းပညာများ၊ …
Read Moreဘယ်လိုလူတွေ ပညာသင်ဆုရနိုင်လဲ?
တကယ်တော့ Scholarship လျှောက်တယ်ဆိုတာ Risk ယူရဲမှ ရမှာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမှလည်းရပါတယ်။ ပညာသင်ဆုပေးတဲ့သူတွေက ဒေါ်လာ သောင်းနဲ့ချီကို သူတို့ယုံကြည်တဲ့သူ တကယ်စိတ်အားထက်သန်တဲ့သူကိုပဲ ပေးတာပါ။ အဲ့လိုပဲ သူဘယ်လောက်ကြိုးစားထားလဲ။ သူကဘာတွေပြန်လုပ်ပေးနိုင်တဲ့သူလဲ အပေါ်မှာကြည့်ပြီးလည်း ပေးတာရှိပါတယ်။ ထိုင်းတို့ …
Read Moreဂျပန်မှာ တက္ကသိုလ်နဲ့ကောလိပ်ရဲ့ကွာခြားမှု(University and Technical college in Japan)
ဂျပန်ရဲ့ပညာရေးစနစ်မှာတက္ကသိုလ်နဲ့ဂျပန်မှာဆန်းမွန်းကျောင်းလို့ခေါ်တဲ့ကောလိပ်ဆိုပြီး၂မျိုးရှိပါတယ်။ကျောင်းဝင်ခွင့်ရဖို့အတွက်ကြိုးစားရပုံချင်းလည်းမတူညီသလိုအလုပ်ဝင်ရာတွေလည်းလစာခံစားခွင့်မတူညီပါဘူး။တက္ကသိုလ်မှာသင်ခဲ့ရတဲ့ပညာရေးအတွေ့အကြုံနဲ့ကောလိပ်မှာရတဲ့အတွေ့အကြုံလည်းမတူညီပါဘူး။တက္ကသိုလ်ကတော့၄နှစ်တက်ရပြီး၊ဆန်းမွန်းကတော့၂နှစ်ဘဲတက်ရတာဖြစ်ပါတယ်။သင်ရတဲ့မေဂျာနဲ့အတွေးအခေါ်၊အတွေ့အကြုံလည်းမတူညီပါဘူး။ကျောင်းတက်ချိန်ကအစကွာခြားပြီး၊ကျောင်းလခများလည်းမတူညီပါဘူး။ ဂျပန်တက္ကသိုလ်ပညာရေး ဂျပန်မှာတက္ကသိုလ်ကမြန်မာနိုင်ငံကတက္ကသိုလ်နဲ့မတူပါဘူး။တက္ကသိုလ်တစ်ခုအောက်မှာမေဂျာပေါင်းစုံရှိသလိုမြန်မာနိုင်ငံကဆေးကျောင်းနည်းပညာကျောင်းလိုမျိူးအဓိကဘာသာရပ်သီးသန့်ပဲသင်ပေးတဲ့တက္ကသိုလ်လည်းရှိပါတယ်။ တက္ကသိုလ်မှာ အတတ်ပညာ ကိစ္စရပ်တစ်ခုခုကို စနစ်တကျတွေးခေါ်ပုံနဲ့အတူ နယ်ပယ်ကျယ်ပြန့်တဲ့ သိထားသင့်တဲ့ဗဟုသုတတွေကိုအခြေခံအောက်မြစ်ကနေစပြီးသင်ကြားပေးတာဖြစ်ပါတယ်။ဒီနေရာမှာကောလိပ်နဲ့မတူတဲ့အချက်ကတက္ကသိုလ်မှာကိုယ့်မေဂျာကမဟုတ်တဲ့အခြားမေဂျာကကိုယ်စိတ်ဝင်စားတဲ့ဘာသာရပ်တွေကိုလည်းသင်ယူလို့ရပါတယ်။တစ်နေ့တာကျောင်းအချိန်စာရင်းတွေကလည်းကိုယ့်ဘာသာကိုယ်ဖွဲ့စည်းလို့ရပါတယ်။ကျောင်းကိုပုံမှန်သွားစရာမလိုဘဲကိုယ်တက်နိုင်တဲ့အချိန်ကိုသာထည့်ပြီးအတန်းချိန်နဲ့ညှိပြီးတက်လို့ရပါတယ်။ကျောင်းလခကတော့တစ်နှစ်စာဂျပန်ပိုက်ဆံသောင်းတစ်ရာအထက်မှာရှိပါတယ်။လေးနှစ်အတွင်းအမှတ်ပေါင်းဘယ်လောက်ဆိုပြီးရှိပြီး၊ဘာသာရပ်အလိုက်Reportတင်ရတာရှိပြီး၊နောက်ဆုံးနှစ်မှာဘွဲ့ယူစာတမ်းနဲ့အကုန်လုံးပြည့်စုံမှဘွဲ့ရတာဖြစ်ပါတယ်။ ဂျပန်ကောလိပ်ပညာရေး ဂျပန်မှာကောလိပ်ကကျောင်းပြီးလို့အလုပ်ခွင်ဝင်ရင်တန်းပြီးအသုံးချလို့ရမယ့်အရာတွေကိုပဲအဓိကသင်ကြားပေးပါတယ်။ဒီနေရာမှာတက္ကသိုလ်နဲ့ကောလိပ်အဓိကကွာခြားချက်ကတက္ကသိုလ်က၄နှစ်တာကာလကိုအသုံးပြုပြီးဘာသာရပ်ကိုအခြေခံကစပြီး၊ကိုယ်ယူရတဲ့မေဂျာအပြင်ဒီပြင်စိတ်ဝင်စားဖို့ကောင်းတဲ့ဘာသာရပ်ပါလေ့လာခွင့်ရရှိမှာဖြစ်ပါတယ်။ကောလိပ်ကတော့၂နှစ်တာကာလကိုအသုံးပြုပြီးလုပ်ငန်းခွင်တန်းဝင်နိုင်ဖို့အလုပ်နဲ့ပတ်သက်ပြီးတတ်မြောက်သင့်တဲ့အရာတွေကိုပဲအဓိကသင်ကြားပေးတာပါ။၂နှစ်အတွင်းသေချာမကြိုးစားရင်လုပ်ငန်းခွင်ရောက်ရင်အခက်အခဲရောက်နိုင်ပါတယ်။တက္ကသိုလ်မှာကနောက်ဆုံးနှစ်အထိအမှတ်စနစ်နဲ့ခွဲခြားထားပြီး၊အဲအမှတ်မပြည့်ရင်သော်လည်းကောင်း၊ဘွဲ့ယူစာတမ်းသေချာမတင်နိုင်ရင်သော်လည်းကောင်းဘွဲ့မရတဲ့အတွက်ပညာရေးနဲ့အလုပ်အတွက်အတွေ့အကြု့ပိုင်းပြည့်ဝပါတယ်။ကောလိပ်ကတော့သူစာသင်နှစ်နဲ့သတ်မှတ်ပြီးတက်ရတဲ့အတွက်ကွာခြားမှုရှိနိုင်ပါတယ်။ကျောင်းလခကတော့တစ်နှစ်စာသောင်းတစ်ရာအထက်မှာရှိပါတယ်။ ကျောင်းစကောလာများနဲ့အလုပ်ခွင်ခံစားခွင့်များ တက္ကသိုလ်ဝင်သွားပြီဆိုရင်တော့ကျောင်းကပေးတဲ့ကျောင်းစရိတ်စကော်လာရောဂျပန်အစိုးရဂျပန်ကုမ္ပဏီကပေးတဲ့စကော်လာတွေပါများစွာလျှောက်လို့ရပါတယ်။ကျောင်းစရိတ်စကော်လာကတော့၁၀၀ရာခိုင်နှုန်းအပြည့်ရတဲ့စကော်လာရှိသလို၅၀/၃၀ရာခိုင်နှုန်းအစရှိသဖြင့်များစွာရှိပါတယ်။စကောလာနဲ့ပက်သက်ပြီးတက္ကသိုလ်ကျောင်းတွေဘဲစကောလာရရှိတာဖြစ်ပါတယ်။ဆန်မွန်းနဲ့ဂျပန်စာသင်ကျောင်းကိုပေးတဲ့စကောလာကနည်းပါးပါတယ်။လစာအနေနဲ့တက္ကသိုလ်ကျောင်းဆင်းဆိုရင် အခြေခံအားဖြင့် ၁ လကို ဂျပန်ယန်း ၂၂ သောင်းမှစရပါတယ်။ကောလိပ်ကျောင်းဆင်းဆိုရင် အခြေခံအားဖြင့် …
Read Moreဂျပန်တက္ကသိုလ်မဝင်ခင်ပြင်ဆင်ရမယ့်စာမေးပွဲများ(things to do to study abroad in Japan)
ဂျပန်ကိုကျောင်းနဲ့လာမယ်ဆိုပါကဂျပန်စာသင်တန်းကျောင်းနဲ့လာလို့ရသလို၊စကောလာနဲ့တက္ကသိုလ်တန်းပြီးတက်ရောက်နိုင်မယ့်အခွင့်အရေးနှစ်မျိုးရှိပါတယ်။ဂျပန်စာသင်ကျောင်းနဲ့လာမယ်ဆိုရင်ပိုက်ဆံများစွာအကုန်အကျခံပြီးလာရမှာဖြစ်ပြီး၊စကောလာနဲ့လာမယ်ဆိုရင်အရည်အချင်းများနဲ့စကောလာပေးတဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့စည်းကမ်းတွေကိုလိုက်နာပြီးဂျပန်ကိုလာရောက်ပညာသင်ကြားနိုင်ပါတယ်။ဂျပန်ကိုလာရောက်မည်ဆိုပါကဂျပန်စာအရည်အချင်းအပြင်၊တစ်ယောက်တည်းရပ်တည်ဖို့စိတ်ဓာတ်ပိုင်းဆိုင်ရာပြင်ဆင်မှုများလည်းလိုအပ်ပါတယ်။ ဂျပန်စာသင်ကျောင်းနဲ့လာမည်ဆိုရင် ဂျပန်စာသင်ကျောင်းနဲ့လာရောက်ရင်မြန်မာပြည်ကနေဂျပန်စာအရည်အချင်းN4,N3လောက်အထိသင်လာရမှာဖြစ်ပြီး၊စာမေးပွဲကိုဝင်ရောက်ဖြေဆိုပြီးအောင်လက်မှတ်များယူထားသင့်ပါတယ်။ဂျပန်ရောက်ပြီးဂျပန်စာသင်တန်းကျောင်းတက်နေစဥ်အတွင်းကျောင်းကိုအချိန်မှန်စွာတက်ရောက်သင့်ပါတယ်။ဂျပန်စာသင်ကျောင်းတွေမှာလာရောက်တဲ့လအပေါ်မူတည်ပြီး၄လပိုင်းလာရောက်ပါက၂နှစ်စာသင်ကြားရမှာဖြစ်ပြီး၇လပိုင်းကတစ်နှစ်ကိုးလ၊၁၀လပိုင်းကတစ်နှစ်ခွဲ၊တစ်လပိုင်းကတစ်နှစ်သုံးလ၊တက်ရောက်ရမှာဖြစ်ပါတယ်။ဂျပန်ကိုလာရောက်တဲ့လအပေါ်မူတည်ပြီးသင်တန်းCourseကွဲသွားနိုင်တဲ့အတွက်၂နှစ်တက်ရတဲ့အတန်းအတွက်စာလေ့လာမှုအချိန်ရပြီးမိမိတို့တက်ရောက်ချင်တဲ့တက္ကသိုလ်ကောင်းများကိုသွားရောက်နိုင်မှာဖြစ်ပါတယ်။တစ်ချို့လအပေါ်မူတည်ပြီးသင်တန်းCourseနည်းသွားတဲ့သူတွေအတွက်တက္ကသိုလ်တက်ရောက်ချင်ပါကဂျပန်စာအရည်အချင်းJLPTအနည်းဆုံးN2လောက်အထိအောင်လက်မှတ်ရှိထားရမှာဖြစ်ပါတယ်။Englishစာအရည်အချင်းလည်းလိုအပ်ပြီးTOEIC,TOFELစာမေးပွဲများလည်းဖြေဆိုထားရမှာဖြစ်ပါတယ်။ စကောလာနဲ့လာမယ်ဆိုရင် စကောလာနဲ့မြန်မာပြည်ကတိုက်ရောက်တက္ကသိုလ်တက်ရောက်မယ်ဆိုပါကဂျပန်အရည်အချင်းN1,N2ရှိရမယ့်အပြင်Englishစာအရည်အချင်းဖြစ်တဲ့ TOEIC,TOFELစာမေးပွဲများကိုလည်းအမှတ်ကောင်းကောင်းနဲ့အောင်မြင်ထားရမှာဖြစ်ပါတယ်။မြန်မာပြည်ကတိုက်ရိုက်တက္ကသိုလ်တက်ရောက်မယ့်သူများအဖို့တက္ကသိုလ်ဘက်မှလိုအပ်တဲ့စာရွက်စာတမ်းတင်ရာမှာသော်လည်းကောင်း၊အင်တာဗျူးရာသော်လည်းကောင်းအခက်အခဲရှိနိုင်တဲ့အတွက်သေချာဂရုတစိုက်ပြင်ဆင်သင့်ပါတယ်။မိမိတို့ကိုစကောလာနဲ့ခေါ်မည့်သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့စည်းကမ်းကိုသေချာလိုက်နာသင့်ပြီး၊ဂျပန်မသွားခင်စာမေးပွဲတွေအတွက်ကြိုးကြိုးစားစားပြင်ဆင်သင့်ပါတယ်။ဂျပန်ကိုစာသင်ကျောင်းနဲ့သွားရသလိုဂျပန်စာသင်ကျောင်းမှာဂျပန်စာသင်ရင်ပြင်ဆင်ချိန်မရဘဲ၊မြန်မာပြည်ကနေ JLPT,TOEIC,TOFELများကိုမြန်မာပြည်ကနေတခါတည်းပြင်ဆင်ရမှာဖြစ်တဲ့အတွက်အချိန်သေချာယူပြီးပြင်ဆင်လာသင့်ပါတယ်။ ဂျပန်တက္ကသိုလ်မဝင်ခင်ပြင်ဆင်မှုများ ဂျပန်မှာဆိုရင်တက္ကသိုလ်သို့မလျှောက်ထားခင်၊ဂျပန်စာသင်တန်းကျောင်းပြီးခါနီးနောက်ထပ်တက်မယ့်ဆန်းမွန်းကျောင်း(သို့မဟုတ်)တက္ကသိုလ်များကိုရှာရပါတယ်။ဂျပန်နိုင်ငံဟာပညာရေးကိုအရေးပေးတဲ့နိုင်ငံဖြစ်တာကြောင့်တက္ကသိုလ်ပေါင်းများစွာရှိပါတယ်။ထိုအထဲမှမိမိတို့ကျောင်းပြီးတဲ့အချိန်ကုမ္မဏီမှာအလုပ်ကောင်းကောင်းရဖို့သတ်မှတ်ထားတဲ့ကျောင်းကောင်းကောင်းကိုရွေးချယ်သင့်ပါတယ်။နိုင်ငံခြားသားများဖို့မြန်မာပြည်ကနေဂျပန်တက္ကသိုလ်တက်ဖို့ပုံမှန်လေ့လာမှုများနဲ့မရနိုင်ဘဲသေချာကြိုးစားဖို့လိုအပ်ပါတယ်။ဂျပန်ပြည်တွင်းမှာလည်းတက္ကသိုလ်ကောင်းရဖို့ဂျပန်စာအရည်အချင်း၊Englishစာမေးပွဲတွေကိုသေချာဖြေဆိုပြီး၊ဂရုတစိုက်လေ့လာသင့်ပါတယ်။
Read Moreဂျပန်၏ပညာရေးအကြောင်းသိကောင်းစရာ(Compulsory Education in Japan)
ဂျပန်၏ပညာရေးစနစ်သည် အလွန်ကောင်းမွန်ပြီးစည်းကမ်းရှိပါတယ်။ ဂျပန်နိုင်ငံတွင် အလယ်တန်းအထိ အခမဲ့သင်ယူနိုင်တဲ့ပညာရေးစနစ်ရှိပါတယ်။ ဂျပန်နိုင်ငံရှိမိဘများသည် ကလေးများကိုမိမိအားကိုးတတ်အောင်သင်ပေးထားပြီး၊ ကျောင်းမှလည်း မိမိကိုယ်ကို အားကိုးတတ်အောင်သင်ပေးမှုများစွာရှိပါတယ်။ ဥပမာအားဖြင့် အခန်းသန့်ရှင်းရေးလုပ်ခြင်းနှင့် မိဘ၊ဆရာ၊ဆရာမကအကူအညီမပါပဲ မိမိကိုယ်ကိုအားကိုးတတ်အောင် လေ့ကျင့်ပေးတာမျိုးတွေပါဝင်ပါတယ်။ ဂျပန်နိုင်ငံ၏ပညာရေးမှာ ဆရာ၊ဆရာမကချည်းပဲသင်ပေးတာမျိုးမဟုတ်ပဲ မိမိကိုယ်တိုင်စဥ်းစားတွေးခေါ်သည့် အရည်အချင်းကောင်းများကို ပျိုးထောင်ခြင်းဖြစ်ပါတယ်။ …
Read Moreနှစ်သစ်ဆုတောင်း
နှစ်ဟောင်းကုန်ဆုံး လုပ်ရပ်နှောင်းတို့ သုံးသပ်စိစစ် သင်ယူနိုင်ကြပါစေ … နှစ်သစ်ပြောင်းခါ ဉာဏ်အလှမှ တရားသဖြင့် ရည်မှန်းမျော်လင့်တည်နိုင်ကြပါစေ…. မိမိဘဝအနာဂတ်ကို မိမိဉာဏ်ဖြင့် မိမိကိုယ်တိုင် စီမံခန့်ခွဲနိုင်ကြပါစေလို့ LHM မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။
Read More