ဂျပန်ဘာသာစကားလေ့လာမယ့်သူများအတွက် JLPT

JLPT ဆိုတာ ဘာလဲ?

ဂျပန်စာ စသင်​တော့မယ်ဆို JLPTဆိုတဲ့အသုံးကို သိထားရ​တော့မှာပါ။ ခုမှ ဂျပန်စာကို စသင်မယ့်သူ​တွေမှာ​တော့ JLPTဆိုတာ ဘာမှန်းမသိဖြစ်တတ်တာမို့ ဂျပန်စာနဲ့ လုံးဝမရင်းနှီး​သေးတဲ့သူ​တွေအတွက် ရည်ရွယ်ပြီး ရှင်းပြ​ပေးချင်ပါတယ်။

JLPTက Japanese Language Proficiency Testရဲ့ အတို​ကောက်စာလုံးဖြစ်ပါတယ်။ မြန်မာလို​ပြောရမယ်ဆို “ဂျပန်ဘာသာအရည်အချင်းစစ်စာ​မေးပွဲ”ပါ။ ဘယ်သင်တန်းမှာပဲ ဂျပန်စာ တက်ထားတက်ထား၊ ဘယ်လောက်ထိ ဂျပန်ဘာသာစကား​ပြောတတ်ပါတယ်လို့ ​ပြော​ပြော JLPT​အောင်လက်မှတ် မရှိရင် အဆင်မ​ပြေနိုင်ဘူးလို့ ​ပြောရ​လောက်တဲ့အထိ JLPT​စာ​မေးပွဲက အ​ရေးပါပါတယ်။

ဂျပန်ကို ပညာ​တော်သင် သွားချင်လို့ပဲဖြစ်ဖြစ်၊ ဂျပန်မှာ အလုပ်လုပ်ချင်လို့ပဲ ဖြစ်ဖြစ် JLPT levelနဲ့ သတ်မှတ်ပြီး ​ခေါ်ကြပါတယ်။ ဒါဆို JLPTစာ​မေးပွဲအ​ကြောင်းကို နည်းနည်း​လေး ထပ်​ပြောပြ​ပေးပါမယ်။

JLPTမှာ ခွဲထားတဲ့Level​တွေက​တော့ N5, N4, N3, N2, N1ဆိုပြီး levelငါးခု ရှိပါတယ်။
N5, N4က​တော့ Basic Level၊ N3က​တော့ Intermediate Level၊ N2, N1က​တော့ Advanced Levelဖြစ်ပါတယ်။ ဒါ​ကြောင့် ဂျပန်စာ စသင်မယ်ဆို N5levelက စသင်ရပါမယ်။ (တချို့​ကျောင်းသား​တွေ “ခုမှ ဂျပန်စာ စသင်မှာပါ။ N1တက်ချင်လို့ပါ”ဆိုပြီး လာ​မေးတတ်ကြလို့ပါ။

N1က အမြင့်ဆုံးအဆင့်ပါ

အလုပ် သို့မဟုတ် ​ကျောင်းနဲ့ ဂျပန်ကို သွားဖို့ ရည်ရွယ်ထားတယ်ဆို အနိမ့်ဆုံး N3 Level​လောက်ထိ ​အောင်မြင်ထားမှ အဆင်​ပြေပါမယ်။ N4​လောက်နဲ့ ​ခေါ်တာ​တွေလည်း ရှိတတ်​ပေမယ့် ဟို​ရောက်မှ ဘာသာစကားအခက်အခဲ​တွေ​ကြောင့် စိတ်ညစ်ရနိုင်လို့ ကိုယ့်ဘက်က N3အနိမ့်ဆုံး ရ​အောင် ပြင်ဆင်သွားသင့်ပါတယ်။ ဒီထက် ကြိုးစားနိုင်လို့ N1ထိ ​အောင်မြင်​အောင် ​​ဖြေဆိုနိုင်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပဲ​ပေါ့

စာ​မေးပွဲကို နှစ်စဥ် Julyနဲ့ Decemberတို့မှာ ကျင်းပ​ပေးပါတယ်။ (2020က​နေ 2021၇လပိုင်းအထိ​တော့ ကိုဗစ်​ကြောင့် မြန်မာနိုင်ငံမှာ ကျင်းပနိုင်ခဲ့ခြင်းမရှိဘဲ၊ 2021 ဒီဇင်ဘာလမှာ​တော့ N4နဲ့ N3 Level၂ခုအတွက် ကျင်းပ​ပေးခဲ့ပါတယ်။ ဒီတစ်ခါ 2022 Julyမှာ​တော့ ဘယ်Level​​တွေအတွက် စာ​မေးပွဲကျင်းပ​ပေးမလဲ မသိရ​သေးပါဘူး။)

JLPTစာ​မေးပွဲဟာ တစ်ကမ္ဘာလုံးမှာ ဒီ​မေးခွန်းတစ်မျိုးတည်းကိုပဲ၊ မနက်၉နာရီဆို နိုင်ငံတိုင်း ၉နာရီမှာ ဖြေဆိုရတာ ဖြစ်ပါတယ်(ဆယ်တန်းစာ​မေးပွဲလိုပါပဲ) ဒါ​ကြောင့် ကိုယ်က ဘယ်နိုင်ငံမှာပဲ ​ရောက်​နေ​ရောက်​နေ ​ဖြေလို့ရပါတယ်။

ဒီ​မေးခွန်းတစ်ခုတည်းပါပဲ။ ဖြစ်တာ​တော့ ရှား​ပေမယ့် တစ်ခါတ​လေ စံ​တော်ချိန်ကွာခြားချက်​တွေ​ကြောင့် အချိန်​စောတဲ့ နိုင်ငံမှာ ​ဖြေပြီးသွားတဲ့အခါ ​မေးခွန်း​ပေါက်ကြားတာမျိုး ရှိတတ်ပြီး စံ​တော်ချိန်​နောက်ကျတဲ့နိုင်ငံ​တွေက ​မေးခွန်း ကြိုသိ​နေရတာမျိုးလည်း ဖြစ်တတ်ပါ​သေးတယ်။ (ဒါ​ပေမယ့် ဖြစ်ခဲပြီး အဲ့​လောက်အချိန်အတွင်းမှာ ​မေးခွန်းကြိုသိရလည်း ဘာမှမထူးတာမို့ ဒီဖြစ်ရပ်​တော့ ​မျှော်လင့်မ​နေပါနဲ့​နော်။

စာ​မေးပွဲ​ကြေးကို ကိုဗစ်မတိုင်ခင် ​​ကြေညာခဲ့တုန်းက​တော့ N5,N4 – 30,000ကျပ် နဲ့ N3,N2,N1- 40,000ကျပ် ဖြစ်​ပေမယ့် 2021 Decemberမှာ ကျင်းပခဲ့တဲ့ N4,N3 စာ​​မေးပွဲ​ကြေးက​တော့ 40,000ကျပ်ဖြစ်တဲ့အတွက် ပျှမ်းမျှစာ​မေးပွဲ​ကြေးကို 40,000နဲ့ တွက်ထားနိုင်ပါတယ်။

N5​အောင်မှ N4၊ N4​အောင်မှ N3​​ဖြေရမယ်ဆိုပြီး သတ်မှတ်ထားတာမရှိတဲ့အတွက် ကိုယ်က N5မ​ဖြေခဲ့ဖူး​​ပေမယ့် N4, N3စတဲ့ ကိုယ်ပိုင်နိုင်တဲ့ Levelရဲ့ စာ​မေးပွဲ​တွေကို ​​ရွေးချယ်ဖြေဆိုလို့ရပါတယ်။

ဒီ​လောက်ဆို ဂျပန်စာအရည်အချင်းစစ်စာ​မေးပွဲ JLPTအ​ကြောင်း နည်းနည်း​တော့ တီးမိ​ခေါက်မိရှိ​လောက်ပြီထင်တယ်​နော်။

January 23, 2022
© Copyright 2022 | Developed By Impulse International.