၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မုံရွာစီးပွားရေးတက္ကသိုလ်တွင် မဟာဘွဲ့သင်တန်းနှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများကို ဖွင့်လှစ်မည်ဖြစ်ပါသဖြင့် ဇန်နဝါရီလ (၁၈) ရက်နေ့မှ စတင်ကာ လျှောက်လွှာပုံစံထုတ်ယူပြီး အွန်လိုင်းမှ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
ဖွင့်လှစ်မည့် မဟာဘွဲ့သင်တန်းများ
- စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာမဟာဘွဲ့ (MBA) သင်တန်း
- ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပညာမဟာဘွဲ့ (MPA) သင်တန်း
- ဈေးကွက်စီမံခန့်ခွဲမှုပညာမဟာဘွဲ့ (MMM) သင်တန်း
- အသုံးချစာရင်းအင်းပညာမဟာဘွဲ့ (MAS) သင်တန်း
မဟာဘွဲ့သင်တန်းများအတွက် သတ်မှတ်အရည်အချင်း
- အသိအမှတ်ပြုတက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရပြီးသူဖြစ်ရမည်။
- တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခုခု တက်ရောက်နေသူ မဖြစ်ရ။
- ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်းသို့ တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံစာပါရှိရမည်။
- သတ်မှတ်ထားသော သင်ရိုးအတိုင်း အချိန်ပြည့်မီစွာ တက်ရောက်နိုင်သူဖြစ်ပြီး Zoom Application ကောင်းစွာ အသုံးပြုနိုင်သူဖြစ်ရမည်။
သင်တန်းနှင့်သက်ဆိုင်သော လျှောက်လွှာပုံစံများကို မုံရွာစီးပွားရေး တက္ကသိုလ် သင်တန်းရေးရာဌာနသို့ လူကိုယ်တိုင် ဖြစ်စေ၊ မိမိ လျှောက်ထားလိုသည့် သင်တန်း၏ Email (သို့) Viber မှ ဖြစ်စေ (၁၈-၁-၂၀၂၅) ရက်မှ စတင် ထုတ်ယူနိုင်သည်။
လျှောက်လွှာပုံစံနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများ၏ Original scan copy (မူရင်းကို scan ဖတ်ထားသောမိတ္တူ) ကို သက်ဆိုင်ရာ ပရိုဂရမ်အသီးသီး၏ အီးမေးလ်လိပ်စာသို့ အွန်လိုင်းမှ ဖြစ်စေ၊ သင်တန်းရေးရာဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ (၈-၃-၂၀၂၅) ရက် နောက်ဆုံးထား၍ ပေးပို့ရပါမည်။
- ဘွဲ့လက်မှတ်(သို့)ယာယီဘွဲ့ထောက်ခံစာ
- တက္ကသိုလ်ဝင်တန်းအောင် လက်မှတ်
- နိုင်ငံသားစိစစ်ရေးကတ်
- ပညာအရည်အချင်းထောက်ခံချက်နှင့် လုပ်ငန်းအတွေ့အကြုံလုပ်ဆောင်ချက်
- ပတ်စ်ပို့ဓာတ်ပုံ(၃)ပုံ
ဝင်ခွင့်ရေးဖြေစာမေးပွဲကို (၁၅-၃-၂၀၂၅) ရက် စနေနေ့တွင် အွန်လိုင်းမှ ဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေအောင်စာရင်းနှင့် လူတွေ့ အချိန်စာရင်းကို (၂၀-၃-၂၀၂၅) ရက် ကြာသပတေးနေ့တွင် ထုတ်ပြန်ပါမည်။
သင်တန်းတက်ရောက်မှု အချိန်စာရင်းမှာ အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့ (နံနက် ၈ နာရီမှ ညနေ ၅ နာရီ) အထိ ဖြစ်ပြီး သင်တန်းကာလမှာ (၂) နှစ် ဖြစ်ပါသည်။ သင်တန်းသားဦးရေ ကန့်သတ်ချက် ရှိပါသည်။
ဆက်သွယ်ရန်ဖုန်းနံပါတ်နှင့် အီးမေးလ်များ
MBA – 09-755513126, 09-941797918
mbaprogramme.mue@gmail.com
MPA – 09-796778751
economicsmpa@gmail.com
MMM – 09-895390138,
mmm.mue.commerce@gmail.com
MAS – 09-779762949,
stats.muemas@gmail.com
ဖွင့်လှစ်မည့် ဒီပလိုမာသင်တန်းများ
- Diploma in Development Studies
- Diploma in Business Studies
- Post Graduate Diploma in Research Studies
- (PGDRS)
ဒီပလိုမာသင်တန်းများအတွက် သတ်မှတ်အရည်အချင်း
- အသိအမှတ်ပြုတက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရပြီးသူဖြစ်ရမည်။
- တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခုခု တက်ရောက်နေသူ မဖြစ်ရ။
- သတ်မှတ်ထားသော သင်ရိုးအတိုင်း အချိန်ပြည့်မီစွာ တက်ရောက်နိုင်သူဖြစ်ပြီး Zoom Application ကောင်းစွာ အသုံးပြုနိုင်သူဖြစ်ရမည်။
သင်တန်းနှင့်သက်ဆိုင်သော လျှောက်လွှာပုံစံများကို မုံရွာစီးပွားရေး တက္ကသိုလ် သင်တန်းရေးရာဌာနသို့ လူကိုယ်တိုင် ဖြစ်စေ၊ မိမိ လျှောက်ထားလိုသည့် သင်တန်း၏ Email (သို့) Viber မှ ဖြစ်စေ (၁၈-၁-၂၀၂၅) ရက်မှ စတင် ထုတ်ယူနိုင်သည်။
လျှောက်လွှာပုံစံနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများ၏ Original scan copy (မူရင်းကို scan ဖတ်ထားသောမိတ္တူ) ကို သက်ဆိုင်ရာ ပရိုဂရမ်အသီးသီး၏ အီးမေးလ်လိပ်စာသို့ အွန်လိုင်းမှ ဖြစ်စေ၊ သင်တန်းရေးရာဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ (၃၁-၃-၂၀၂၅) ရက် နောက်ဆုံးထား၍ ပေးပို့ရပါမည်။
- ဘွဲ့လက်မှတ်(သို့)ယာယီဘွဲ့ထောက်ခံစာ
- တက္ကသိုလ်ဝင်တန်းအောင် လက်မှတ်
- နိုင်ငံသားစိစစ်ရေးကတ်
- ပတ်စ်ပို့ဓာတ်ပုံ(၃)ပုံ
သင်တန်းကို (၁-၄-၂၀၂၅) ရက်တွင် စတင် ဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းတက်ရောက်မှု အချိန်စာရင်းမှာ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ (ညနေ ၆ နာရီမှ ၈ နာရီအထိ) (၉) လကြာ တက်ရောက်ရပါမည်။ သင်တန်းသားဦးရေ ကန့်သတ်ထားပါသည်။
ဆက်သွယ်ရန်ဖုန်းနံပါတ်နှင့် အီးမေးလ်များ
Dip.DS – 09-754598281, 09-662778775.
appeco22@gmail.com
DBS – 09-422112470
commerce.dbs6.mue@gmail.com
PGDRS – 09-404035886,
stats.muepgdrs@gmail.com
သင်တန်းများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက မုံရွာစီးပွားရေးတက္ကသိုလ်၊ သင်တန်းရေးရာဌာန၊ ဖုန်း 09-400413081 ၊ 09-259144740 ၊ အီးမေးလ်လိပ်စာ academicaffairsmue@gmail.com တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။
