
Belt and Road Scholarship ဆိုတာ ဟောင်ကောင်အစိုးအရကနေ မြန်မာအပါအဝင် Belt and Road အဖွဲ့ဝင်နိုင်ငံတွေမှ ထူးချွန်ကျောင်းသားတွေကို ပေးအပ်ချီးမြှင့်တဲ့ ပညာသင်ဆု ဖြစ်ပါတယ်။ Belt and Road Scholarship ရရင် အောက်ဖော်ပြပါ ဟောင်ကောင် အစိုးရပိုင် တက္ကသိုလ်တွေမှာ ကျူရှင်လခ ကင်းလွတ်ခွင့်နဲ့ တက်ရောက်နိုင်ပါတယ်။
- The University of Hong Kong (HKU)
- The Chinese University of Hong Kong (CUHK)
- The Hong Kong University of Science and Technology (HKUST)
- City University of Hong Kong (CityU)
- Hong Kong Baptist University (HKBU)
- The Education University of Hong Kong (EDUHK)
- The Hong Kong Polytechnic University (PolyU)
- Lingnan University
ဒါကြောင့် ဒီတစ်ပတ်မှာတော့ QS World Ranking အရ ဟောင်ကောင်ရဲ့ ထိပ်တန်းတက္ကသိုလ်ဖြစ်ပြီး ကမ္ဘာ့တက္ကသိုလ်အဆင့် (၁၇) မှာ ရပ်တည်နေတဲ့ The University of Hong Kong (HKU) မှာ ဘွဲ့ကြိုအတွက် ပညာသင်ဆု ပေးအပ်မယ့် Belt and Road Scholarship အကြောင်း မျှဝေပေးသွားမှာဖြစ်ပါတယ်။
လျှောက်ထားနိုင်တဲ့ ဘွဲ့ကြိုဒီဂရီပရိုဂရမ်များ
Scholarship – Belt and Road Scholarship
Host University – The University of Hong Kong (HKU)
Degree Level – Bachelor
Funding – Fully (or) Partially
Duration – 4 years
Deadline – 31 Jan 2025
သတ်မှတ်အရည်အချင်း
– မြန်မာနိုင်ငံသားဖြစ်ရပါမယ်။
– နိုင်ငံတကာအသိအမှတ်ပြု (၁၂) တန်းပညာရေး အောင်မြင်ပြီးသူဖြစ်ရပါမယ်။
– GPA အမှတ်ကောင်းရပါမယ်။
– ခေါင်းဆောင်စွမ်းရည်နဲ့ ဆက်ဆံရေး ကောင်းမွန်ရပါမယ်။
– အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ရပါမယ်။
လိုအပ်တဲ့ စာရွက်စာတမ်းများ
– HKU Admission Form
– Identification Documents
– Academic Transcripts
– Proof of Qualifications (e.g., IB Diploma, A-Levels, IGCSE, SAT scores, etc.)
– English Proficiency (TOEFL – 90 , IELTS – 6.5 )
– Personal Statement
– Motivation Letter for Scholarship
– 2-3 letters of Recommendation
– Additional Awards and Certificates
ရရှိမယ့် အကျိုးကျေးဇူးများ
ကျူရှင်လခအပြည့် (သို့) တစ်ဝက် ထောက်ပံ့ပေးပြီး စကော်လာရှစ်ရတဲ့ ကျောင်းသားတွေရဲ့ လိုအပ်ချက်နဲ့ အရည်အချင်းအပေါ် မူတည်ပြီး နေထိုင်စားသောက်စရိတ်၊ သွားလာစရိတ်နဲ့ ကျန်းမာရေးထောက်ပံ့ကြေးတို့ကိုပါ အပြည့်အ၀ ပေးအပ်ချီးမြှင့်မှာဖြစ်ပါတယ်။
ဒီပညာသင်ဆုက ကျောင်းဝင်ခွင့်နဲ့ ပညာသင်ဆု လျှောက်လွှာကို သပ်သပ်လျှောက်ထားစရာ မလိုပါဘူး။ HKU မှာ ကိုယ်လျှောက်ချင်တဲ့ ဘာသာရပ်အတွက် ဝင်ခွင့်ရအောင် အရင် ကြိုးစားရမှာပါ။ ကျောင်းဘက်ကနေ ဝင်ခွင့်ရပြီဆိုရင် ပညာသင်ဆုအတွက် အကျုံးဝင်ပြီးသား ဖြစ်သွားမှာပါ။
ပညာသင်ဆု ပထမအဆင့်မှာ ရွေးချယ်ခံရသူတွေ တင်ပြရမယ့် စာရွက်စာတမ်းများ
– သင်က ဒီပညာသင်ဆု ဘာလို့ ရသင့်လဲဆိုတာနဲ့ ဘွဲ့ရပြီးရင် လုပ်မယ့် အစီအစဉ်ကို ရေးသားချက်
– ကိုယ်ရေးအချက်အလက် CV တစ်စောင်
– ဖော်ပြပါ အကြောင်းအရာ (၄) ခုလုံးကို ခြုံငုံရေးပေးရမယ့် စာပုဒ်တစ်ခု (Academic achievements ၊ Contribution to institution/ society ၊ Leadership and communication abilities ၊ Interest in integrating into and contributing to Hong Kong society)