စင်္ကာပူအစိုးရက မြန်မာအထက်တန်းကျောင်းသားတွေကို သီးသန့်ထောက်ပံ့ပေးတဲ့ “ASEAN Scholarship for Myanmar” ဆိုတဲ့ ပညာသင်ဆုကို လာမယ့် ဧပြီလ (၁) ရက်နေ့မှာ စတင် လျှောက်ထားလို့ရမှာ ဖြစ်ပါတယ်။
ဒီပညာသင်ဆုရရင် စင်္ကာပူအထက်တန်းကျောင်းတွေမှာ စရိတ်ငြိမ်း ပညာဆက်လက်သင်ယူနိုင်ပြီး နိုင်ငံတကာ အသိအမှတ်ပြု Singapore-Cambridge GCE A-Level တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်ကို ရရှိမှာ ဖြစ်ပါတယ်။
သတ်မှတ်အရည်အချင်းများ
- ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီ (၂) ရက်မှ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ (၁) ရက်အတွင်း မွေးဖွားသူ ဖြစ်ရပါမယ်။
- အနည်းဆုံး Grade (9) အောင်မြင်ပြီးသူ ဖြစ်ရပါမည်။
- အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ရပါမယ်။
- ကျောင်းစာမေးပွဲတွေမှာ အမှတ်ကောင်းပြီး စာတော်သူ ဖြစ်ရပါမယ်။
- ကျောင်းသင်ရိုးပြင်ပလှုပ်ရှားမှုတွေမှာလည်း တက်ကြွပါဝင်သူ ဖြစ်ရပါမယ်။
ပညာသင်ဆုကာလ
သတ်မှတ်ထားတဲ့ စင်္ကာပူအထက်တန်းကျောင်းတွမှာ –
- Secondary 3
- Secondary 4
- Pre-University 1
- Pre-University 2 တို့ကို (၄) နှစ် တက်ရောက်ရမှာဖြစ်ပြီး Singapore-Cambridge GCE A-Level အောင်လက်မှတ်ကို ရရှိမှာ ဖြစ်ပါတယ်။
ပညာသင်ဆု အကျိုးခံစားခွင့်
- နေစရိတ်
- အခြေချစရိတ်
- အပြန်လေယာဉ်စရိတ်
- ကျောင်းလခ
- စာမေးပွဲကြေးတစ်ကြိမ်စာ
- ကျန်းမာရေးအာမခံကြေး
လျှောက်ထားရမယ့်ပုံစံ
၂၀၂၅ ခုနှစ် ဧပြီလ (၁) ရက်နေ့မှာ စတင် ဖွင့်ပေးမယ့် အွန်လိုင်းလျှောက်လွှာကို ၂၀၂၅ ခုနှစ်၊ မေလ (၃၀) ရက်နေ့ နောက်ဆုံးထား တင်ပေးရပါမယ်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှာ ပထမအဆင့် ရွေးချယ်ခံရသူတွေက အင်္ဂလိပ်စာ၊ သင်္ချာနဲ့ အထွေထွေစွမ်းရည် စာမေးပွဲတို့ကို ရန်ကုန်မှာ သတ်မှတ်ရက်အတိုင်း မပျက်မကွက် ဖြေဆိုရမှာ ဖြစ်ပါတယ်။
English Selection Test
၂၀၂၅ ခုနှစ်၊ ဩဂုတ်လလောက်ကျရင် စာမေးပွဲ ဖြေဆိုနိုင်သူတွေကို ရန်ကုန်မှာပဲ လူတွေ့အင်တာဗျုးခေါ်တွေ့မှာ ဖြစ်ပါတယ်။ နောက်ဆုံးအဆင့် ရွေးချယ်ခံရသူတွေကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှာ ကြေညာပေးမှာ ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှာ စင်္ကာပူနိုင်ငံကို အရောက်သွားရမှာ ဖြစ်ပါတယ်။
Application Form >> asean-scholarship/myanmar?
