တည်ထောင်ခဲ့တဲ့ သက်တမ်းပေါင်း 925နှစ် ရှိခဲ့ပြီ ဖြစ်ပေမယ့် Oxford တက္ကသိုလ်က သင်ကြားမှုပုံစံနဲ့ လူ့အဖွဲ့အစည်းအတွက် ပံ့ပိုးကူညီမှုတွေကြောင့် ယခုထက်ထိ ဂုဏ်သတင်းရှိဆဲ ဖြစ်ပါတယ်။
ကမ္ဘာ့ကြီးကျယ်ခမ်းနားတဲ့ တက္ကသိုလ်ထဲကမှ တစ်ခုအပါအ၀င်ဖြစ်တဲ့ University of Oxford က အင်္ဂလိပ်စကားပြော တက္ကသိုလ်တွေထဲမှာ သက်တမ်းအရင့်ဆုံးတက္ကသိုလ်ပါ။ Research University ဆိုပြီး လူသိများထင်ရှားပါတယ်။
World Oldest University Museum ဆိုပြီး နာမည်တွင်ပေမယ့် ထူးခြားတာတစ်ခုက ပင်မကျောင်း၀င်း- Main Campus မရှိပါဘူး။ ကျောင်းအဆောက်အုံတွေ အနေနဲ့ပဲ စာပို့ချတဲ့နေရာ၊ ဟောပြောခန်း၊ ဆွေးနွေးခန်း၊ ဓာတ်ခွဲခန်း စတာတွေနဲ့ပဲ ကျောင်းကိုဖွဲ့စည်းထားပါတယ်။
ဘာသာရပ်တစ်ခုချင်းစီကို အနည်းဆုံး တစ်ပတ်မှာ တစ်ခါ၊ ကျောင်းသား 3 ယောက်ခန့်အုပ်စုဖွဲ့ပြီး Tutor တယောက်နဲ့ စာပြန်လုပ်စေတဲ့ Groupwork Section တွေလုပ်ပေးလေ့ရှိတယ်။
ထိပ်တန်းကျောင်းဖြစ်တဲ့အတွက်လည်း လုပ်ငန်းခွင်မှာလိုအပ်တဲ့ ခေါင်းဆောင်မှုစွမ်းရည်၊ Problem Solving စတဲ့ စွမ်းရည်တွေပါ တပါးတည်း သင်ကြားပို့ချခဲ့ပါတယ်။
ဒါကြောင့် Oxford ကျောင်းထွက်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေကောင်းမှာတော့ အသေအချာပါပဲ။ 8% သော ဘွဲ့ရကျောင်းသားတွေပဲ နောက်ထပ်ပညာရေးလမ်းကြောင်းတွေသွားကြပါတယ်လို့ Oxford Website မှာ ဖော်ပြထားပါတယ်။
Oxford ကျောင်းထွက်တွေထဲမှာ UK ၀န်ကြီးချုပ် 23 ဦး အပါအ၀င်၊ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို မွေးထုတ်ပေးခဲ့ပါတယ်။ ဒါ့အပြင် Oxford တက္ကသိုလ်မှာ ပညာသင်ခဲ့သူတွေထဲကမှ အိုလံပစ်ဆုတံဆိပ်တွေ၊ နိုဘယ်ဆုပိုင်ရှင်တွေ အများအပြားထွက်ပေါ်ခဲ့ပါတယ်။
ဒါကြောင့် ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်အဖြစ် 6 နှစ်ဆက်တိုက် Times Higher Education World University Rankings 2022 မှာ ဖော်ပြခံခဲ့ရပါတယ်။
