ကလေးငယ်တွေအတွက် အနာဂတ်ပညာရေး- ဘာတွေသင်ယူသင့်လဲ?

ယနေ့ခေတ် ကမ္ဘာကြီးဟာ လျင်မြန်စွာ ပြောင်းလဲနေပါတယ်။ ဒီလိုပြောင်းလဲနေတဲ့ခေတ်ကြီးမှာ ကလေးငယ်တွေအတွက် ဘယ်လိုပညာရေးမျိုးက အကောင်းဆုံးဖြစ်မလဲဆိုတာ မိဘတိုင်း စဥ်းစားနေကြပါလိမ့်မယ်။ အဓိကအားဖြင့် ဗဟုသုတအပြင် ဘဝအတွက်လိုအပ်တဲ့စွမ်းရည် (Life Skills) တွေကိုပါ သင်ယူဖို့လိုပါတယ်။

၁။ ပြဿနာဖြေရှင်းနိုင်စွမ်း (Problem-Solving Skills)

လက်တွေ့ဘဝမှာ ကြုံတွေ့ရမယ့် အခက်အခဲတွေကို ကိုယ်တိုင်စဥ်းစားပြီး ဖြေရှင်းနိုင်စွမ်းဟာ အရေးကြီးဆုံးပါပဲ။ ကလေးတွေကို သူတို့အသက်အရွယ်နဲ့ လိုက်လျောညီထွေတဲ့ ပြဿနာလေးတွေ ဖြေရှင်းခိုင်းခြင်း၊ မေးခွန်းထုတ်ခြင်းဖြင့် စဥ်းစားတွေးခေါ်မှုကို လှုံ့ဆော်ပေးသင့်ပါတယ်။

၂။ ဝေဖန်ပိုင်းခြားစဥ်းစားနိုင်စွမ်း (Critical Thinking Skills)

အချက်အလက်တွေကို လက်ခံရုံသက်သက်မဟုတ်ဘဲ မှန်ကန်မှုရှိမရှိ၊ ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာကို ပြန်လည်ဆန်းစစ်ဝေဖန်နိုင်ဖို့လိုပါတယ်။ သတင်းအမှားတွေပေါများတဲ့ခေတ်ကြီးမှာ ဒီစွမ်းရည်က မရှိမဖြစ်လိုအပ်ပါတယ်။

၃။ တီထွင်ဖန်တီးနိုင်စွမ်း (Creativity)

ပညာရေးဟာ ကျက်မှတ်ခြင်းသက်သက် မဟုတ်ပါဘူး။ ကလေးတွေကို စိတ်ကူးစိတ်သန်းတွေ ထုတ်ဖော်ခွင့်ပြုခြင်း၊ ပန်းချီဆွဲခြင်း၊ တေးသီချင်းဆိုခြင်း၊ ပုံပြင်ပြောခြင်း စတဲ့ လှုပ်ရှားမှုတွေက သူတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။

၄။ ဆက်သွယ်ပြောဆိုနိုင်စွမ်း (Communication Skills)

ကိုယ်ရဲ့အတွေးအမြင်တွေကို ထိထိရောက်ရောက် ပြောဆိုဆက်သွယ်နိုင်ခြင်း၊ သူတစ်ပါးရဲ့စကားကို နားထောင်တတ်ခြင်းတို့ဟာ လူမှုဘဝအတွက် အခြေခံအုတ်မြစ်တွေပါ။ စာအုပ်တွေဖတ်ပေးခြင်း၊ သူတို့ပြောတာကို ဂရုတစိုက်နားထောင်ပေးခြင်းဖြင့် ကလေးတွေရဲ့ ဆက်သွယ်ရေးစွမ်းရည်ကို မြှင့်တင်နိုင်ပါတယ်။

၅။ ပူးပေါင်းဆောင်ရွက်နိုင်စွမ်း (Collaboration Skills)

အဖွဲ့လိုက်လုပ်ဆောင်တတ်တဲ့ အလေ့အကျင့်က အနာဂတ်မှာ သူတို့ရဲ့ လုပ်ငန်းခွင်ဘဝအတွက် အထောက်အကူပြုပါလိမ့်မယ်။ အတူတကွ ကစားခြင်း၊ ပရောဂျက်သေးသေးလေးတွေ အတူလုပ်ခြင်းဖြင့် သင်ပေးနိုင်ပါတယ်။

၆။ စာနာနားလည်နိုင်စွမ်း (Empathy)

သူတစ်ပါးရဲ့ ခံစားချက်ကို နားလည်ပေးနိုင်ခြင်း၊ စာနာတတ်ခြင်းတို့ဟာ ပိုမိုကောင်းမွန်တဲ့ လူမှုဆက်ဆံရေးကို တည်ဆောက်နိုင်ဖို့ အရေးကြီးပါတယ်။ ပုံပြင်များမှတစ်ဆင့် သင်ကြားပေးခြင်း၊ ပတ်ဝန်းကျင်ရှိသူများကို ကူညီစေခြင်းဖြင့် သင်ပေးနိုင်ပါတယ်။

၇။ ဒစ်ဂျစ်တယ်စာတတ်မြောက်မှု (Digital Literacy)

နည်းပညာခေတ်မှာ ကလေးငယ်တွေဟာ ဒီဂျစ်တယ်ကိရိယာတွေကို ဘေးကင်းလုံခြုံစွာနဲ့ ထိရောက်စွာ အသုံးပြုတတ်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ အလွန်အကျွံအသုံးပြုခြင်းကိုတော့ ရှောင်ရှားဖို့လိုပါတယ်။

Learning House Myanmar အနေနဲ့ ကလေးငယ်တွေအတွက် အနာဂတ်ကို တောက်ပစေမယ့် ပညာရေးဆိုင်ရာ ဗဟုသုတများနဲ့ လှုပ်ရှားမှုများကို ဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ Page ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်။

© Copyright 2022 | Developed By Impulse International.