ကျောင်းသားတွေ အလုပ်ရှာဖို့အတွက် လူမှုကွန်ရက်တွေကို ဘယ်လိုအသုံးပြုမလဲ

လူမှုကွန်ရက်တွေ ဘာကြောင့် အရေးပါလာတာလဲ

အရင်တုန်းက အလုပ်လျှောက်တယ်ဆိုတာ ကောင်းမွန်တဲ့ CV (ကိုယ်ရေးရာဇဝင်) တစ်စောင် ပြင်ဆင်ပြီး ကုမ္ပဏီတွေကို တိုက်ရိုက်သွားပေးတာ ဒါမှမဟုတ် သတင်းစာကြော်ငြာတွေကနေ အလုပ်အကိုင်ရှာဖွေတာမျိုးပဲ ရှိခဲ့ပါတယ်။

အခုခေတ်မှာတော့ ဒီဂျစ်တယ်နည်းပညာ ကြောင့် ကျောင်းပြီးခါစ ဒါမှမဟုတ် ကျောင်းတက်နေရင်းနဲ့ပါ အလုပ်ရှာရတာ ပိုလွယ်ကူလာပါပြီ။ Facebook၊ Twitter နဲ့ LinkedIn လိုမျိုး လူမှုကွန်ရက် ပလက်ဖောင်းတွေက အလုပ်လျှောက်ဖို့အတွက် များစွာအထောက်အကူ ပေးနိုင်ပါတယ်။

လူမှုကွန်ရက်တွေက အစပိုင်းမှာ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်လုပ်ဖို့ပဲ အဓိကထားခဲ့ပေမဲ့ အခုအခါမှာတော့ ကော်ပိုရေးရှင်းတွေနဲ့ အစိုးရ တွေကပါ စီးပွားရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေးကိစ္စတွေအတွက်ပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါတယ်။ ဒါကြောင့် ဒီပလက်ဖောင်းတွေကို စနစ်တကျ အသုံးပြုတတ်ဖို့က သိပ်အရေးကြီးပါတယ်။

လူမှုကွန်ရက်တွေကို အလုပ်ရှာရာမှာ အကျိုးရှိအောင် ဘယ်လိုအသုံးပြုမလဲ

သင့်ရဲ့ အိပ်မက်အလုပ် ဒါမှမဟုတ် အသက်မွေးဝမ်းကြောင်းကို ရှာဖွေတဲ့အခါ လူမှုကွန်ရက်တွေကို ထိရောက်စွာ အသုံးပြုနိုင်ဖို့အတွက် အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။

၁။ ကွန်ရက်ချိတ်ဆက်မှုကို အလေးထားပါ

လူမှုကွန်ရက်တွေထဲမှာ Facebook ဟာ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကွန်ရက်ချိတ်ဆက်မှုအတွက် အကျယ်ပြန့်ဆုံးပါ။ သင့်ရဲ့ ကျွမ်းကျင်မှု နဲ့ ကိုက်ညီတဲ့ စီးပွားရေးမိတ်ဖက်၊ လုပ်ငန်းခွင်အဆက်အသွယ်တွေကို ရှာဖွေရာမှာ ကွန်ရက်ချိတ်ဆက်မှု ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။

၂။ သတင်းအချက်အလက်အားလုံးကို အမြဲမပြတ် အပ်ဒိတ်လုပ်ပါ

အလုပ်ရှင်တွေဟာ သင့်ကိုခန့်အပ်ဖို့ ဆုံးဖြတ်တဲ့အခါ သင့်နာမည်ကို Google မှာ ရိုက်ရှာကြည့်တတ်ကြပါတယ်။ ဒါကြောင့် လူမှုကွန်ရက်ပလက်ဖောင်းအားလုံး မှာရှိတဲ့ သင့်ရဲ့ အများပြည်သူဆိုင်ရာ (Public) အချက်အလက်တွေကို အမြဲမပြတ် နောက်ဆုံးပေါ် ဖြစ်နေအောင် အပ်ဒိတ်လုပ်ထားဖို့ လိုပါတယ်။

  • သင်တန်းအသစ်တွေ တက်ရောက်တာ၊
  • လက်မှတ်တွေ ရရှိထားတာ၊
  • ပါမောက္ခတွေ ဒါမှမဟုတ် အလုပ်သင်ကြီးကြပ်ရေးမှူးတွေဆီက ချီးမွမ်းဂုဏ်ပြုစာတွေရတာ၊

စတဲ့ အသေးစိတ်အချက်အလက် တွေကိုပါ ဖော်ပြထားပါ။ ဒါမှ သင့်ရဲ့ ဒီဂျစ်တယ်ပုံရိပ် (Digital Image) ဟာ အလုပ်ရှင်တွေရဲ့ ရှာဖွေမှုစာရင်းမှာ ထင်ရှားလာမှာပါ။

၃။ အလားအလာရှိတဲ့ အလုပ်ရှင်တွေကို ရှာဖွေပါ

အလုပ်ရှင်တွေက သင့်ရဲ့ လူမှုကွန်ရက်တွေကို ရှာဖွေကြည့်သလို၊ သင်ကလည်း သူတို့ကို ပြန်ရှာသင့်ပါတယ်။ သင်စိတ်ဝင်စားတဲ့ နယ်ပယ်က ကုမ္ပဏီ ၅ ခုကနေ ၁၀ ခု လောက်ကို စာရင်းလုပ်ပါ။ ပြီးရင် Twitter နဲ့ Instagram လို informal ပလက်ဖောင်းတွေမှာ သူတို့ကို လိုက် (Follow) လုပ်ပြီး ကုမ္ပဏီရဲ့ စိတ်နေသဘောထား၊ အတွေးအခေါ် နဲ့ လုပ်ငန်းယဉ်ကျေးမှု တွေကို လေ့လာပါ။ ဒါမှ ကုမ္ပဏီတန်ဖိုးတွေနဲ့ ကိုက်ညီအောင် သင့်ရဲ့ အွန်လိုင်းပုံရိပ်ကို ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

၄။ Hashtag တွေကို အသုံးပြုပါ

Hashtag တွေဟာ ပို့စ်တစ်ခုရဲ့ အဆုံးသတ် မှတ်စုတစ်ခုထက် ပိုပါတယ်။ သူတို့ရဲ့ အဓိကလုပ်ဆောင်ချက်က သော့ချက်စကားလုံး အဖြစ်နဲ့ အကြောင်းအရာတွေကို ပိုမိုမြန်ဆန် ထိရောက်စွာ ရှာဖွေ နိုင်ဖို့ ကူညီပေးတာပါ။

ဥပမာ- “design jobs” လို့ ရှာရင် #designjobs နဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေ ပေါ်လာပါလိမ့်မယ်။ ဒါကြောင့် သင်ကလည်း သင့်ရဲ့ Content တွေကို သက်ဆိုင်ရာ Hashtag တွေနဲ့ တပ်ထားရင် အလုပ်ခန့်မယ့်သူတွေက သင့်ကို အလွယ်တကူ ရှာတွေ့နိုင်မှာပါ။

၅။ အဆက်အသွယ် မပြတ်ပါစေနဲ့

အလုပ်ရှင်တွေနဲ့ အဆက်အသွယ်လုပ်ဖို့က လူမှုကွန်ရက်တွေကြောင့် အရင်ထက် ပိုလွယ်ကူလာပါပြီ။ အီးမေးလ်လိပ်စာ ရှာနေမယ့်အစား LinkedIn လို ပလက်ဖောင်းတွေကနေ တိုက်ရိုက် ဆက်သွယ်တာက ပိုအဆင်ပြေပါတယ်။

  • အလုပ်အကိုင်အတွက် ရည်ရွယ်ပြီး ဖန်တီးထားတဲ့ LinkedIn နဲ့ Twitter တို့ကို အသုံးပြုတာက အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါတယ်။
  • ပုဂ္ဂိုလ်ရေးဆိုင်ရာ ပိုဆန်တဲ့ Facebook ဒါမှမဟုတ် Instagram လို ပလက်ဖောင်းတွေကနေ အလုပ်ခန့်မယ့်သူတွေကို ဆက်သွယ်တာမျိုးကိုတော့ ရှောင်ရှား သင့်ပါတယ်။ ပုဂ္ဂိုလ်ရေးနဲ့ အလုပ်ကိစ္စတွေကို ရောထွေးမှုမရှိအောင် ခွဲခြားထားတာ ပိုကောင်းပါတယ်။

ဒီအချက်တွေကို လိုက်နာခြင်းအားဖြင့် လူမှုကွန်ရက်တွေကို အသုံးပြုပြီး အလုပ်ရှာဖွေရာမှာ အကျိုးရှိရှိနဲ့ ထိထိရောက်ရောက် အောင်မြင်နိုင်မှာဖြစ်ပါတယ်။

© Copyright 2022 | Developed By Impulse International.