ကျောင်းသားဗီဇာအား subclass ရှစ်ခုဖြင့် လျှောက်ထားနိုင်ပါသည်။ ဗီဇာ subclass ခုနှစ်ခုမှာ ပညာရေးပိုင်းနှင့်အထူးပြု၍ ဆက်နွယ်နေသော်လည်း တစ်ခုမှာမူ ဆယ့်ရှစ်နှစ်အောက် ကျောင်းသူ /သားများအား ကာကွယ်စောင့်ရှောက်သူဗီဇာဖြစ်ပါသည်။ ကျောင်းသားဗီဇာ visa subclass များမှာ
- Subclass 571 School Sector Visa
- Subclass 572 Vocational Education and Training Sector Visa
- Subclass 573 Higher Education Sector Visa
- Subclass 574 Postgraduate Research Sector Visa
- Subclass 575 Non-award Sector Visa
- Subclass 576 AusAID or Defence Sector Visa
- Subclass 580 Student Guardian Visa
ကျောင်းသားများသည် ၎င်းတို့၏ နိုင်ငံသားနှင့် အထက်တွင်ပြထားသော subclass စာရင်းအရ ကွဲ ပြားခြားနားသောစံချိန်စံနှုန်းများနှင့် ကိုက်ညီရန်လိုအပ်သည်။ ကျောင်းသားဗီဇာအား လျှောက်ထား သူများသည် မိမိတို့အထူးပြုတတ်ရောက်လိုသော သင်တန်းအားတတ်ရောက် ခွင့်ရရန် သင့်တော် သော subclass ဗီဇာအတွက် အကဲဖြတ်ခြင်းအား ခံရမည်ဖြစ်သည်။ ထို့ကြောင့် Bachelor of Arts degree အား လျှောက်ထားရန်ကြံရွယ်လျက်ရှိသော လျှောက်ထားသူတစ်ယောက်သည် ပထမဦးစွာ မိမိ တတ်ရောက်လိုသော သင်တန်း၏ Foundation (အခြေခံ) သင်တန်းအားတတ်ရောက်ရန် လိုမလိုသိရှိနိုင်ရန် ဗီဇာ subclass 573 ပါအချက်အလက်များအား ဖြေကြားရန်လိုအပ်ပါသည်။
မေးမြန်းစစ်ဆေးမှုနှင့် အထောက်အထားပြသမှု အဆင့်သတ်မှတ်ချက်များ (Assessment level)
ကျောင်းသားဗီဇာများသည် ၎င်းကျောင်းသားများကိုင်ဆောင်ထားသော နိုင်ငံကူးလက်မှတ် (passport) နှင့် လျှောက်ထားသောကျောင်းသားဗီဇာ၏ subclassပေါ်မူတည်၍ Assessment Level (AL) မှာကွဲပြားခြားနားမှုရှိပါသည်။ ၎င်း (AL) များသည် မိမိ၏ဗီဇာအား AL 1 မှာ စည်းကြပ်ခွန် ပေးဆောင်မှု နှင့်မေးမြန်းစစ်ဆေးမှုတွင်အဆင့်အနိမ့်ဆုံး ဖြစ်၍ AL 3 မှာ အမြင့်ဆုံးဖြစ်သည်။ သီးခြားပေးဆောင်ရန်သက်မှတ်ထားသော AL များအား မပေးဆောင်သော နိုင်ငံများမှ passport အားကိုင်ဆောင်ထားသော ကျောင်းသူကျောင်းသား များသည် ပေးဆောင်ရန်ပျက်ကွက်သော လစ်လပ် (AL) အနေဖြင့် AL 3 အားသတ်မှတ်ခြင်း ခံရမည်ဖြစ်သည်။
ကျောင်းသားဗီဇာ လျှောက်ထားသူ၏ AL ပို၍မြင့်လေလေ ထိုကျောင်းသားသည် ကျောင်းသားဗီဇာလျှောက်ထားသူ အစစ်အမှန်ဖြစ်ကြောင်း အစမ်းသပ်ခံနိုင်ရန် လိုအပ်သောအချက်များအား ပို၍ထင်ရှားသေချာရန် ပြုလုပ်လိုအပ်ပေသည်။ ထိုကဲ့သို့ထင်ရှား သေချာစွာပြုလုပ်ရန် လိုအပ်သောအချက်များမှာ အင်္ဂလိပ်ဘာသာစကားစွမ်းရည်၊ ဘဏ္ဍာရေး ပိုင်ဆိုင်မှုအား မြှင့်တင်မှုများနှင့် ပညာရေးမှတ်တမ်းများ၊ အသက်အရွယ်နှင့် အသက်မွေး ဝမ်းကျောင်းလိုအပ်ချက်များကဲ့သို့သော အခြားသောကိစ္စများလည်းလိုအပ်ပါသည်။
ထို Assessment level များတွင်လိုအပ်သောအချက်များအား အကျဉ်းချုံး၍ဖော်ပြရမည်ဆိုလျှင် :
AL 1 နိုင်ငံကူးဗီဇာအားကိုင်ဆောင်ထားသော ကျောင်းသားတစ်ယောက်သည် ကျောင်းဝင်ခွင့် ခွင့်ပြုစာ (COE)၊ ကျန်းမာရေးအာမခံနှင့် ဆေးဘက်ဆိုင်ရာစမ်းသပ်စစ်ဆေး ခြင်းများအား လိုအပ်ပါသည်။
AL 2 နိုင်ငံကူးဗီဇာအားကိုင်ဆောင်ထားသော ကျောင်းသားတစ်ယောက်သည် ကျောင်းဝင်ခွင့် ခွင့် ပြုစာ (COE)၊ ကျန်းမာရေးအာမခံ၊ ဆေးဘက်ဆိုင်ရာစမ်းသပ်စစ်ဆေးခြင်းများနှင့် ငွေကြေးပိုင်ဆိုင်မှုစာရွက်စာတမ်း များလိုအပ်ပါသည်။
AL 3 နိုင်ငံကူးဗီဇာအားကိုင်ဆောင်ထားသော ကျောင်းသားတစ်ယောက်သည် ကျန်းမာရေးအာမခံ၊ ဆေးဘက်ဆိုင်ရာစမ်းသပ်စစ်ဆေး ခြင်းများ၊ ငွေကြေးပိုင်ဆိုင်မှုစွမ်းရည်များနှင့် အင်္ဂလိပ်စာကျွမ်း ကျင်မှု အရည်အချင်းများလိုအပ်ပါသည်
Streamlined Student Visa Processing
Streamlined Student Visa Processing ဆိုသည်မှာ ပညာသင်ကြားရေးဋ္ဌာနများမှ assessment level များအား မသတ်မှတ်ထားဘဲ ကျောင်းသားဗီဇာလျှောက်ထားသော ကျောင်းသားအား ဝင် ရောက်ခွင့်ပြုခြင်းပင်ဖြစ်သည်။ သင်သည် streamlined visa processing နှင့်အတူ ကျောင်းဝင်ခွင့် ရရှိပါက သင်၏မူလနိုင်ငံအတွက် သတ်မှတ်ထားသောလိုအပ်ချက်များ အားပယ်ဖျက်၍ assessment level 1 ရှိသော နိုင်ငံများမှလျှောက်ထားသူများနည်းတူ အခွင့်အရေးအားရရှိမည် ဖြစ်သည်။ သင်သည် streamlined visa processing တွင် ပါဝင်သော တက္ကသိုလ်များ နှင့် တက္ကသိုလ် မဟုတ်သောအခြားပိုမိုမြင့်မားသည့် ပညာရေးဋ္ဌာနများ၏ စာရင်းများနှင့် ၎င်းတို့၏ ပညာရေးဆိုင်ရာ စီးပွါးရေးလုပ်ဖော်ကိုင်ဖက်များအား http://www.comlaw.gov.au/Details/ F2014L01511 တွင်ဝင်ရောက်ရှာဖွေကြည့်ရှုနိုင်ပါသည်။
ဗီဇာလျှောက်လွှာ
AL 1 တွင်အကျုံးဝင်သော လျှောက်ထားသူသည် သြစတြေးလျ၌နေထိုင်စဉ်အတွင်း ဗီဇာခွင့်ပြုရန် အခြားသော လိုအပ်ချက်များအား ပြသရန်မလိုအပ်ဘဲ ကနဦးကျောင်းသားဗီဇာအား လျှောက်ထား နိုင်ပါသည်။ ထိုလျှောက်ထားသူသည် ကျောင်းသား eVisa စနစ်အား အသုံးပြုကာ အင်တာနက်မှ တစ်ဆင့်လည်း ကနဦးကျောင်းသားဗီဇာအား လျှောက်ထားနိုင်ပါသည်။ သို့သော် AL 2-3 တွင် အကျံုးဝင်သောနိုင်ငံများမှ လျှောက်ထားသူများသည် သြစတြေးလျတွင် ကနဦးကျောင်းသားဗီဇာ အား လျှောက်ထားခွင့်မရှိပါ။ သတင်းအပြည့်အစုံ အားသိရှိရန် ရွေ့ပြောင်းနေထိုင်မှု ကိုယ်စာလှယ် များ (migration agent) သို့ဆက်သွယ် မေးမြန်းနိုင်ပါသည်။ သင်သည်ကျောင်းသားဗီဇာ လျှောက် လွှာတွင် သင်၏လက်တွဲဖော် (သို့မဟုတ်) ကလေးများအားထည့်သွင်းရေးသားကာ သြစတြေးလျ သို့ အတူတကွနေထိုင်ရန် ခေါ်ဆောင်နိုင်ပါသည်။
ကွဲပြားခြားနားသော ဗီဇာလျှောက်ထားသူများ သည် ကွဲပြားခြားနား သော ဗီဇာလျှောက်လွှာစရိတ်အား ကုန်ကျမည်ဖြစ်သည်။ 2013 ခုနှစ် July လ 1ရက်နေ့တွင် ဗီဇာလျှောက်လွှာကုန်ကျစရိတ်အား အသစ်ပြန်လည်ရေးဆွဲကာ မိတ်ဆက်ခဲ့ကြောင်း သိရသည်။ ထိုကုန်ကျစရိတ်များအား DIAC website http://www.immi.gov.au/fees-charges /visa-pricing-table.htm တွင်အသေးစိတ်ဖော်ပြထားပါသည်။
အခြေအနေကန့်သတ်ချက်များ
ကိစ္စအများစုတွင် ကျောင်းသားများသည် မိမိကိုင်ဆောင်ထားသော ဗီဇာပေါ်မူတည်၍ မတူညီသော အခြေအနေများအား လက်ခံလိုက်နာရပါမည်။ သင်သည် ယင်းဗီဇာကိုင်ဆောင် ထားစဉ်တွင် ထိုအခြေအနေများအား လိုက်နာရန် လိုအပ်ပါသည်။ ကျောင်းသားဗီဇာကိုင် ဆောင်ထားသူများ အနေဖြင့် နှစ်ပတ် (၁၄) ရက်တွင် နာရီ (၄၀) ထက်ပိုမို၍ အလုပ်လုပ်ကိုင်ခွင့်အား ရရှိမည်မဟုတ်ပါ။ ထို့အတူပင် primary visa အား ကိုင်ဆောင်ထား သော မိသားစုဝင်များသည်လည်း ထိုအခြေအနေ အား လိုက်နာရမည်ဖြစ်သည်။ သို့သော်အချို့သော ကင်းလွတ်ခွင့်များလည်းရှိပါသည်။ ပိုမိုပြည့်စုံ သော သတင်းအချက်အလက်များအားသိရှိရန် ရွေ့ပြောင်းနေထိုင်ခွင့် ကိုယ်စားလှယ် (migration agent) သို့ဆက်သွယ်မေးမြန်းပါ။
သင်သည် AL 3 (သို့မဟုတ်) 4 တွင် အကျုံးဝင်သော နိုင်ငံများမှဖြစ်ကာ သင်တန်းကာ လ မှာလည်း (10) လထက်လျော့နည်းပါက သြစတြေးလျနိုင်ငံတွင် အခြားသောကျောင်းသားဗီဇာအား လျှောက် ထားရန် မဖြစ်နိုင်ပါ။ သြစတြေးလျသို့ရောက်ရှိလာသော ကျောင်းသူ/သားများသည် နေထိုင်စဉ် ခုနှစ်ရက်အတွင်းတွင် ပညာရေးဋ္ဌာန များသို့ မိမိတို့၏ နေထိုင်ရာနေရပ်လိပ်စာများအား အသိပေးရ မည်ဖြစ်သကဲ့သို့နေရပ်လိပ်စာ အပြောင်းအလဲများကိုလည်း ထိုခုနှစ်ရက်အတွင်းတွင်ပင် အသိပေး ရမည်မှာ ကျောင်းသူ/သားတိုင်းလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းပင်ဖြစ်ပါသည်။
သင်နှင့်အတူ အသက် (၅) နှစ်မှ (၁၇) နှစ် အတွင်းရှိသောကလေးများသည်လည်း သြစတြေးလျ တွင် (၃) လထက်ပိုမို၍ နေထိုင်ရန်ခေါ်ဆောင်လာခဲ့လျှင် ထိုကလေးများ၏ပညာရေးအား စီစဉ် ဆောင်ရွက်ပေးရပါမည်။ ဆိုလိုသည်မှာ ကျောင်းနေအရွယ်ကလေးများအား ကျောင်းအပ်နှံရမည် ဖြစ်သည်။
