ချက်နိုင်ငံမှာ စကောလာရှစ် နဲ့ ကျောင်းတက်လို့ရလား

ဥရောပ နိုင်ငံတိုင်းမှာ သူ့နိုင်ငံ သူ့ဘာသာစကားနဲ့ Undergraduate studies (Bachelor) ကို သူ့တက္ကသိုလ်မှာ တက်မယ်ဆိုရင် အလကား တက်လို့ရပါတယ်။ ချက်နိုင်ငံလဲ ဒီလိုပါပဲ။ ချက်နိုင်ငံမှာ ချက်ဘာသာစကားနဲ့ Bachelor degree တက်မယ်ဆိုရင် ကျောင်းလခ တစ်ပြားမှ ပေးစရာ မလိုပါဘူး။ ဒါဟာ ဆေးကျောင်းလဲ ပါပါတယ်။

နောက်ပြီး Postgraduate studies (Masters) တက်မယ်ဆိုရင် English ဘာသာနဲ့တောင် အလကား တက်လို့ရပါတယ်။
ဒီအထက်ပါ အကြောင်းကို မြန်မာကျောင်းသား တော်တော်များများ မသိကြပါဘူး။

Government to Government (G to G) scholarship နဲ့ တက်တဲ့ ကျောင်းသားတွေကတော့ Undergraduate ကို ချက်ဘာသာနဲ့ တက်ကြရပြီး scholarship က နေစရိတ်နဲ့ စားစရိတ် ကာမိအောင် ပေးထားပါတယ်။

နောက်ပြီး အထက်ပါ scholarship ကျောင်းသားများဟာ ချက်ဘာသာစကား လေ့လာသင်ယူဘို့ Preparatory course ၈လ တက်ရပါတယ်။ အဲဒီ့ course ရဲ့ ကုန်ကျစရိတ်ကလဲ scholarship ထဲမှာ ပါပါတယ်။

တစ်ကယ်လို့ စာဖတ်သူက scholarship မရှိဘဲ ချက်နိုင်ငံမှာ ချက်ဘာသာ စကားနဲ့ ကျောင်းတက်မယ် ဆိုရင်တော့ Preparatory Course ကို ကိုယ့်ပိုက်ဆံနဲ့ကိုယ် ပေးပြီးတက်ရပါမယ်။

ပြီးတာနဲ့ ဒီက ကိုယ်တက်ချင်တဲ့ တက္ကသိုလ်တွေရဲ့ Entrance Exams တွေ ဖြေရပါမယ်။ ကျောင်းဝင်ခွင့် အောင်ပြီဆိုရင် ကျောင်းလခ မပေးရဘဲ ကျောင်းတက်ခွင့်ရပြီး နေစရိတ်စားစရိတ်သာ ကုန်ကျပါမယ်။

Part-time အလုပ်လုပ်ပြီး ပိုက်ဆံကို ချွေချွေတာတာ သုံးမယ်ဆိုရင် အထက်ပါ စရိတ်များ ကာမိတဲ့ အထိ ဝင်ငွေရှာလို့ရပါတယ်။ ဒါပေမယ့် Part-time အလုပ် တော်တော် များများရဲ့ လိုအပ်ချက်က ချက်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောနိုင်မယ်ဆိုတာ ဖြစ်ပါတယ်။

အချို့ English ဘာသာနဲ့ Part-time လုပ်လို့ရတဲ့ အလုပ်တွေလဲ ရှိပါတယ်။ ဒါပေမယ့် ဆေးကျောင်းတက်ပြီး Part-time လုပ်ဖို့က လုံးဝ မဖြစ်နိုင်သလို  recommend မလုပ်ပါဘူး။

ဥရောပလို နေရာမှာမှ ချက်နိုင်ငံက တက္ကသိုလ်ကျောင်းတွေဟာ နိုင်ငံတကာ အဆင့်အတန်းမှီပြီး စျေးသက်သက်သာသာနဲ့ တက်လို့ ရပါတယ်ဆိုတဲ့ အကြောင်း ဝေမျှပေးလိုက်ပါတယ်နော် အဆင်ပြေကြပါစေ။

February 27, 2022
© Copyright 2022 | Developed By Impulse International.