ဂျပန်မှာစရိတ်ငြိမ်းတက်ရောက်နိုင်မယ့်ခေါင်းဆောင်မှုဖွံ့ဖြိုးရေးပရိုဂရမ်

လူငယ်ခေါင်းဆောင်တစ်ဦးအဖြစ် တိုးတက်ချင်သူတွေ၊ ပူးပေါင်းလုပ်ဆောင်နိုင်မှုတန်ဖိုးကို နားလည်သူတွေ၊ ဒေသတွင်းပြသနာတွေကို သိရှိပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးဆောင်လိုသူတွေ တက်ရောက်သင့်တဲ့ Leadership Development Program 2026 အကြောင်း ပြောပြပေးသွားပါမယ်။

IATSS Forum (Leadership Development Program in Japan) ဆိုတာ မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ်တို့မှ မတူညီတဲ့ လုပ်ငန်းနယ်ပယ်အသီးသီးက ကျွမ်းကျင်ပညာရှင်တွေ၊ ခေါင်းဆောင်တွေ ဂျပန်မှာ တွေ့ဆုံဆွေးနွေးရင်း ခေါင်းဆောင်စွမ်းရည်ကို မြှင့်တင်နိုင်မယ့် လေ့ကျင့်ရေးပရိုဂရမ်တစ်ခုဖြစ်ပါတယ်။

ဘယ်သူတွေလျှောက်ထားလို့ရလဲ?

  • မြန်မာနိုင်ငံသားဖြစ်ရပါမယ်။
  • (၃၅) နှစ်ထက်ကြီးသူ မဖြစ်ရပါ။
  • လုပ်သက်အတွေ့အကြုံ အနည်းဆုံး (၂) နှစ် ရှိရပါမယ်။
  • အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု ရှိရပါမယ်။

ဘယ်လို သင်ယူမှုလုပ်ငန်းစဉ်တွေ ပါဝင်မလဲ?

  • Lectures
  • Skill Workshops
  • Group Discussions
  • Seminars
  • Field Study

ကြာချိန်

69th IATSS Forum : *May – July, 2026 (8 weeks)

70th IATSS Forum : *September – November, 2026 (8 weeks)

လိုအပ်တဲ့စာရွက်စာတမ်းများ

  • Application Form
  • Basic Question Form
  • Essay
  • Recommendation Form
  • Certificate of English Proficiency

>> https://www.iatssforum.jp/english/applications/download.html

လျှောက်ထားရမယ့်ပုံစံ

Online Application မှာ ကိုယ်ရေးအချက်အလက်တွေ သေချာဖြည့်ပြီး အပေါ်မှာ ဖော်ပြထားတဲ့ စာရွက်စာတမ်းတွေကို ပူးတွဲတင်ပြရပါမယ်။

နောက်ဆုံးလျှောက်ထားရမယ့်ရက်

၂၀၂၅ ခုနှစ် စက်တင်ဘာ (၃၀) ရက်

အကျိုးခံစားခွင့်

  • အသွားအပြန်လေယာဉ်စရိတ်
  • နေစားစရိတ်
  • သင်တန်းကြေးအခမဲ့
  • ခေါင်းဆာင်စွမ်းရည်တိုးတက်မှု
  • နိုင်ငံတကာက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံသိရှိနိုင်ခွင့်
  • ဂျပန်အတွေ့အကြုံကို ရရှိခြင်း
June 27, 2025
© Copyright 2022 | Developed By Impulse International.