ဂျပန်နိုင်ငံကို ငွေကုန်ကြေးကျမရှိဘဲ Research အတွေ့အကြုံရဖို့ သွားချင်တဲ့သူတွေအတွက် လာမယ့် ဇွန်လ (၁) ရက်နေ့မှ လျှောက်လွှာစဖွင့်မယ့် Fully Funded Research Fellowship Program တစ်ခုအကြောင်း မျှဝေပေးချင်ပါတယ်။
ဒီ Program လေးကတော့ Matsumae International Foundation က လုပ်ဆောင်တဲ့ Research Fellowship ဖြစ်ပါတယ်။ ထောက်ပံ့ကြေးတွေ ရရှိမယ့်အပြင် နိုင်ငံတကာက Professor တွေ၊ Mentor တွေရဲ့ လမ်းညွှန်ပေးမှုကြောင့် Research နဲ့ ပတ်သက်တဲ့ အတွေ့အကြုံကောင်းတွေကိုလည်း ရယူနိုင်ပါတယ်။
Host Institution
မိမိနှစ်သက်ရာ ဂျပန်နိုင်ငံက တက္ကသိုလ်တွေ၊ သုတေသနအဖွဲ့စည်းတွေ၊ ပုဂ္ဂလိကလုပ်ငန်းတွေမှာ လျှောက်ထားနိုင်ပါတယ်။
Program အတွက် အရည်အချင်းသတ်မှတ်ချက်
- ဂျပန်နိုင်ငံသား မဖြစ်ရပါ။
- ဂျပန်နိုင်ငံမှာ နေထိုင်ဖူးသူ (သို့) နေထိုင်နေသူ မဖြစ်ရပါ။
- ကိုယ်လျှောက်ထားတဲ့ Host Institution ကနေ လက်ခံစာ ရရှိထားရပါမယ်။
- Ph.D ဘွဲ့ ရရှိထားရပါမယ်။
- (၄၅) နှစ် (သို့) (၄၅) နှစ်အောက်ငယ်သူ ဖြစ်ရပါမယ်။
- အင်္ဂလိပ် (သို့) ဂျပန်စကား တတ်ရပါမယ်။
- ပရိုဂရမ်ပြီးရင် အမိမြေကို ပြန်ပြီး ပြန်လည်အကျိုးပြုနိုင်သူ ဖြစ်ရပါမယ်။
Research Fields
အတိအကျ မကန့်သတ်ထားပေမဲ့ Natural science၊ Engineering နဲ့ Medicine ပိုင်းကို လျှောက်ရင် အခွင့်အရေး ပိုရနိုင်ပါတယ်။
ပရိုဂရမ်ကာလ
၂၀၂၆ ခုနှစ်၊ ဇွန်လမှ ၂၀၂၇ ခုနှစ် မတ်လအတွင်းက (၆) လ သက်တမ်းရှိ သုတေသနပရိုဂရမ် ဖြစ်ရပါမယ်။ (ဥပမာ – ၂၀၂၆ ခုနှစ် စက်တင်ဘာမှ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီအထိ)
ထောက်ပံ့ကြေး
- လစဉ်ကြေး JPY 220,000
- အခြေချစရိတ် JPY 120,000
- လေယာဉ်အသွား/အပြန်စရိတ်
- ကျန်းမာရေးအာမခံကြေး
- လေ့လာရေးခရီးစရိတ်
လိုအပ်တဲ့ စာရွက်စာတမ်းများ
- Application Form
- Reason for Application
- Research Plan
- CV and List of Publications
- Recommendation Letter
- PH.D Certificate
- Letter from Host Profrssor
လျှောက်ထားရမယ့်ပုံစံ
အခုတည်းက ဂျပန်နိုင်ငံက နှစ်သက်ရာ Host Institution တစ်ခု ရွေးပြီး လျှောက်ထားရပါမယ်။ MIF ဘက်က လျှောက်လွှာကိုတော့ ဂျပန်စံတော်ချိန်အရ ၂၀၂၅ ခုနှစ် ဇွန် (၁) ရက်နေ့ကနေစပြီး (၃၀) ရက်နေ့အထိ လျှောက်လို့ရပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို application@mif-japan.org ကို အီးမေးလ်ပေးပို့ တင်ပြရပါမယ်။
ရွေးချယ်မယ့်ပုံစံ
MIF က ရွေးချယ်ခံရတဲ့ ကျောင်းသားတွေကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလနောက်ပိုင်းမှာ ဝက်ဘ်ဆိုက်ဒ်ကတဆင့် ကြေညာပေးသွားမှာ ဖြစ်ပြီး Grant Letter ပေးပို့ပေးမှာ ဖြစ်ပါတယ်။
အသေးစိတ်ဖတ်ရှုရန်
>> https://www.mif-japan.org/en/fellowship/announcement/
