ဒီဆောင်းပါးကတော့ နိုင်ငံခြားမှာကျောင်းတက်ချင်တယ်။ ဒါပေမယ့် ဘယ်ကနေစရမှန်း ဘာလုပ်ရမှန်း မသိတဲ့ ဆယ်တန်းဖြေထားတဲ့ ညီလေး ညီမလေးအတွက် ရည်ရွယ်ပါတယ်။
ဆယ်တန်းမှာ အမှတ်နည်းလို့ (သို့) မြန်မာနိုင်ငံမှာ ကိုယ်တက်ချင်တဲ့ တက္ကသိုလ် သတ်မှတ်ထားတဲ့ အမှတ်မမီလို့ မတက်နိုင်ဘူးဆိုရင် စိတ်ဓာတ်ကျနေလို့ ဘာမှမထူးပါဘူး။ သေသေချာချာ ကြိုးစားပြင်ဆင်မယ်ဆိုရင် ပညာသင်ဆုတွေနဲ့ နိုင်ငံခြားမှာ ကျောင်းတက်လို့ရပါတယ်။
နိုင်ငံခြားကတက္ကသိုလ်တွေမှာ ပညာသင်ဆုနဲ့ တက်ချင်တယ်ဆိုရင် ပြင်ဆင်ထားရမယ့်အချက် ၈ ချက် ကို သည်ဆောင်းပါးကနေ မျှဝေပေးလိုက်ပါတယ်နော်။
(၁) လိုအပ်တဲ့ စာရွက်စာတမ်း (Document) တွေကြိုစုထားပါ။
ကျောင်းလျှောက်မယ်ဆိုရင် နိုတြီ ပြန်ထားတဲ့ ဆယ်တန်းအောင်လက်မှတ်နဲ့ ဆယ်တန်း အမှတ်မဖြစ်မနေ လိုပါတယ်။ ဆယ်တန်းအမှတ်နဲ့ အောင်လက်မှတ်တွေကိုိုတြီပြန်ပြီး ကြိုစုထားပါ။ (နိုတြီဆိုတာကတော့ မြန်မာလိုရေးထားတဲ့ စာရွက်စာတမ်းတွေကို အင်္ဂလိပ်လို ဘာသာပြန်တာပါ၊ လူတိုင်း ပြန်ပေးလို့မရပါဘူး။ အစိုးရ အသိအမှတ်ပြု ရှေ့နေကြီးတွေပဲ နိုတြီပြန်ပေးနိုင်ပါတယ်)
(၂) IELTS အတွက်ပြင်ဆင်ပါ။
ဘွဲ့ကြို (Undergraduate Program) လျှောက်မယ်ဆိုရင်တော့ IELTS မဖြစ်မနေလိုပါတယ်။
(၃) Recommendation Letter
Recommendation Letter ဆိုတာကတော့ ကျောင်းက ဆရာ၊ဆရာမ (သို့) ကိုယ် Volunteer လုပ်တဲ့ အဖွဲ့အစည်းတစ်ခုက တာဝန်ရှိသူတစ်ယောက်ယောက်က ကိုယ်သည် အလုပ်ကြိုးစားသူဖြစ်ကြောင်း၊ လိမ္မာကြောင်း စတာတွေကို ထောက်ခံပေးတဲ့ စာဖြစ်ပါတယ်။ ထောက်ခံစာပေါ့နော်။ Recommendation Letter က ကျောင်းသားတွေ မရေးရပါဘူး။ ကိုယ့်ဆရာ၊ဆရာမ တစ်ယောက်ယောက် (သို့) အလုပ်က တာဝန်ရှိတဲ့ တစ်ယောက်ယောက်က ထောက်ခံပြီး Sign ထိုးပေးဖို့လည်းပါတယ်။ အင်္ဂလိပ်လို ရေးဖို့တော့ လိုပါတယ်။
(၄) SAT
SAT ဆိုတာကတော့ ကျောင်းဝင်ခွင့်အတွက် လိုအပ်တဲ့ စာမေးပွဲတစ်ခု ဖြစ်ပါတယ်။ ကိုယ်လျှောက်တဲ့နိုင်ငံ၊ ကိုယ်ရွေးချယ်တဲ့ မေဂျာနဲ့ တက္ကသိုလ်ပေါ်မူတည်ပြီး SAT လိုအပ်ပါလိမ့်မယ်။ အာဆီယံနိုင်ငံက တက္ကသိုလ်တော်တော်များများကိုလျှောက်မယ်ဆိုရင်တော့ SAT မလိုပါဘူး။ အမေရိက၊ ယူကေတို့ဘက် တက္ကသိုလ်လျှောက်မယ်ဆိုရင်တော့ လိုပါလိမ့်မယ်။ သတင်းကောင်းတစ်ခုကတော့ Covid-19 Pandemic ကြောင့် SAT စာမေးပွဲတွေ Cancel လိုက်ရတာကြောင့် 2021 အတွက် အမေရိက ကတက္ကသိုလ်တော်တော်များများကို လျှောက်မယ်ဆိုရင် SAT မလိုတော့ပါဘူး။
(၅) Extracurricular Activities (ကျောင်းပြင်ပလှုပ်ရှားမှု)
Scholarship လျှောက်မယ်ဆိုရင် Extracurricular Activities မဖြစ်မနေ ရှိရပါမယ်။ ကျောင်းပြင်ပလှုပ်ရှားမှုဆိုတာကတော့ ပရဟိတအလုပ် ၊ အားကစား (သို့) အနုပညာ စတာတွေထဲက အနည်းဆုံး တစ်ခုခုရှိထားဖို့လိုပါတယ်။ ဥပမာ – ဆယ်တန်းြေဖပြီး မိဘမဲ့ကျောင်းတွေမှာ စာသင်ပေးတာတို့ (သို့) ကုသိုလ်ဖြစ်ဆေးခန်းတွေမှာ Volunteer အနေနဲ့ သွားကူညီပေးတာတို့ စတာတွေ လုပ်နိုင်ပါတယ်။ ခုနောက်ပိုင်း အွန်လိုင်းကနေ လုပ်လို့ရတဲ့ Volunteer Program တွေ အများကြီးရှိပါတယ်။ ကိုယ်က Scholarship လျှောက်မယ်ဆိုရင်တော့ မဖြစ်မနေ လုပ်ထားဖို့လိုပါလိမ့်မယ်။
(၆) Choosing Major
ကျောင်းလျှောက်တော့မယ်ဆိုရင် ကိုယ်က ဘယ်မေဂျာကို တက်ချက်လဲဆိုတာ ကွင်းကွင်းကွက်ကွက် သိဖို့လိုပါတယ်။ ဘာမေဂျာတွေရှိလဲဆိုတာ Goggle ကနေ သေသေချာချာ Research လုပ်ပြီး လေ့လာဖို့လိုပါတယ်။ ကိုယ်ဘယ်မေဂျာကိုစိတ်ဝင်စားလဲ မသိသရွေ့ မရေရာသရွေ့ Scholarship ရနိုင်မှာ မဟုတ်ပါဘူး။
(၇) Application Essay
ကျောင်းနဲ့ Scholarship လျှောက်တဲ့အခါမှာ သူတို့က အထက်တန်းအမှတ်များတာနည်းတာကိုပဲ ကြည့်ပြီး ရွေးချယ်တာမဟုတ်ပါဘူး။ကိုယ့်ရဲ့ Personal Essay ကိုတော်တော် ကြည့်ပါတယ်။ Personal Essay တွေက အရေးကြီးဆုံးအပိုင်းပါပဲ။ ကိုယ်ရေးတဲ့ Essay ပေါ်မူတည်ပြီး သည်ကျောင်းသားကို ကျောင်းဝင်ခွင့် နဲ့ စကောလားရှစ် ပေးမပေး ဆုံးဖြတ်မှာဖြစ်ပါတယ်။ Application Essay တွေမှာ မေးလေ့ရှိတဲ့မေးခွန်းတွေကတော့ ကိုယ်က ဘာလို့သည်မေဂျာကိုစိတ်ဝင်စားလဲ၊ ကျောင်းပြီးသွားရင် သည်ဘွဲ့နဲ့ဘာလုပ်ဖို့ စဉ်းစားထားလဲ၊ ကိုယ့်ရဲ့ အားသာချက် နဲ့ အားနည်းချက်ကဘာလဲ စတာတွေကို မေးလေ့ရှိပါတယ်။ ဒါတွေဖြေနိုင်ဖို့က ကိုယ်ရွေးချယ်တဲ့ မေဂျာကို တကယ်စိတ်ဝင်စားပြီး တကယ်စိတ်အားထက်သန်မှ ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။
(၈) အင်တာဗျူး
Application အဆင့်အောင်မြင်ပြီဆိုရင်တော့ အင်တာဗျူးဖြေရမှာပါ။ အင်တာဗျူးမှာ ကိုယ်ရေးတဲ့ Personal Essay ကနေ မရှင်းတဲ့အချက်တွေ ပိုမိုသိချင်တဲ့အကြောင်းအရာတွေကို မေးပါတယ်။ အင်တာဗျူးအဆင့်ထိရွေးချယ်ခံရပြီဆိုရင်တော့ စကောလားရှစ်ရဖို့ % များတာမို့ အင်တာဗျူးမဖြေခင် သေသေချာချာ လေ့ကျင့်ဖို့လိုပါလိမ့်မယ်။
အင်တာဗျူးအောင်ပြီဆိုရင်တော့ Scholarship ရပါပြီ
အားလုံးကံကောင်းကြပါစေ
