စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း (School of Industrial Training and Education – SITE) တွင် ကာလတို စက်မှုနည်းပညာသင်တန်းများအား ဒီဇင်ဘာလတွင် ဖွင့်လှစ်မည်ဖြစ်သဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ လျှောက်ထားနိုင်သည်။
ဖွင့်လှစ်သင်ကြားမည့်သင်တန်းများ
(က) Certificate in Woodworking Technology (သစ်အချောထည်နှင့် ပရိဘောဂထုတ်လုပ်ခြင်း နည်းပညာသင်တန်း)
(ခ) Certificate in Basic Industrial Technologies (စက်ရုံလုပ်ငန်းပိုင်းဆိုင်ရာ နည်းပညာ အခြေခံသင်တန်း)
(ဂ) Advanced Certificate in Industrial Automation (အလိုလျောက် စက်ပစ္စည်းယန္တရားဆိုင်ရာ နည်းပညာသင်တန်း)
Wood Working သင်တန်းတွင် –
- Material
- Tools & Machine
- Technical Drawing
- Workshop တို့ကို သင်ကြားရမည်။
Basic Industrial Technologies သင်တန်းတွင် –
- Electrical and Electronics
- Pneumatic and Hydraulics
- Machinery and Plant Equipment
- Microcontroller Basics တို့ကို သင်ကြားရမည်။
Advanced Industrial Automation သင်တန်းတွင် –
- Programmable Logic Controller
- Process Control and Process Automation
- Factory Automation
- Industrial IoT Technology တို့ကို သင်ကြားရမည်။
သင်တန်းများကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး (၄) လကြာ တက်ရောက်ရပါမည်။ သင်တန်းပြီးဆုံးပါက အသိအမှတ်ပြုအောင်လက်မှတ် (Certificate) ကို ရရှိမည်ဖြစ်သည်။
သင်တန်းကို စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း (SITE)၊ အမှတ် (၁၂၃)၊ နတ်မောက်လမ်း၊ ဗိုလ်ချို (၂) ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် တက်ရောက်ရပါမည်။
- အမှတ်စဉ် (က) သင်တန်းအတွက် လျှောက်ထားသူသည် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးသူများ၊ ITC သင်တန်းအောင်မြင်ပြီးသူများ၊ G.T.H.S (BT, MT) နှင့် A.G.T.I (Civil) သင်တန်း အောင်မြင်ပြီးသူများ လျှောက်ထားနိုင်သည်။
- အမှတ်စဉ် (ခ) သင်တန်းအတွက် လျှောက်ထားသူသည် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင် ပြီးသူများ၊ ITC သင်တန်းအောင်မြင်ပြီးသူများ၊ G.T.H.S (EcT, ET, IT, MT, AMT) နှင့် A.G.T.I (EC, EP, Mech, IE) သင်တန်းတက်ရောက် အောင်မြင်ပြီးသူများ လျှောက်ထားနိုင်သည်။
- အမှတ်စဉ် (ဂ) သင်တန်းအတွက် လျှောက်ထားသူသည် SITE မှ ဖွင့်လှစ်ခဲ့သော Certificate in Basic Industrial Technologies သင်တန်းအောင်မြင်ပြီးသူများ၊ A.G.T.I (EC, EP, Mech, IE) သင်တန်း တက်ရောက် အောင်မြင်ပြီးသူများနှင့် B.Tech / B.E (EC, EP, Mech, MC) ဘွဲ့ရပြီးသူများ လျှောက်ထားနိုင်သည်။
သင်တန်းအားလုံးအတွက် လျှောက်ထားသူများသည် နည်းပညာနှင့် သက်မွေးလုပ်ငန်းသဘောအရ လိုက်လျောညီထွေဖြစ်ရမယ့်အပြင် ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး လက်တွေ့လုပ်ငန်းနှင့် စက်ရုံ/ကုမ္ပဏီများတွင် ကွင်းဆင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။
လျှောက်ထားသူများသည် လျှောက်လွှာပုံစံအား www.site.edu.mm တွင် ဒေါင်းလုတ်ရယူ၍ ဖြစ်စေ၊ ရုံးဖွင့်ရက်များတွင် နံနက် (၉) နာရီမှ ညနေ (၄) နာရီအတွင်း ကျောင်းတွင် လူကိုယ်တိုင် ထုတ်ယူ၍ဖြစ်စေ ဒီဇင်ဘာလ (၅) ရက်နေ့ နောက်ဆုံးထား လျှောက်ထားရပါမည်။
လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများကို ပူးတွဲတင်ပြရမည် –
- (၆)လအတွင်း ရိုက်ကူးထားသော ဓာတ်ပုံ (၃) ပုံ
- သက်ဆိုင်ရာအောင်လက်မှတ် မူရင်း/မိတ္တူ
- အမှတ်စာရင်း မူရင်း/မိတ္တူ
- ကျန်းမာကြောင်းထောက်ခံချက်မူရင်း
- နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မရှိပါက ရပ်ကွက်နှင့် ရဲစခန်းထောက်ခံစာ)
