စီးပွားရေးနယ်ပယ်ကို လေ့လာတော့မယ်ဆိုရင် အရင် Traditional Theory တွေ၊ သင်ရိုးအဟောင်းတွေ မဟုတ်ဘဲ တကယ့်လက်တွေ့မှာ အသုံးချနေကြတဲ့ ဘာသာရပ်တွေ၊ နည်းဗျူဟာတွေအကြောင်း လေ့လာဖို့ လိုပါတယ်။
ဒီနေ့မှာ လူငယ်တွေ သင်ယူထားသင့်တဲ့ စီးပွားရေးဘာသာရပ် (၆) ခုအကြောင်း ပြောပြပေးသွားမှာဖြစ်ပါတယ်။
၁။ Managing Agile Organizations and People
စိန်ခေါ်မှုတွေ များပြားပြီး အပြောင်းအလဲမြန်တဲ့ စျေးကွက်မှာ အောင်မြင်ဖို့ဆိုရင် စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ လျင်မြန်စွာနဲ့ Grow ဖြစ်ဖို့ လိုအပ်ပါတယ်။ s
မသေချာမရေရာတဲ့ အနာဂတ်အတွက် ဘယ်လိုပုံစံစီစဉ်ပြီး ကြိုတင် Plan ချမလဲ၊ လုပ်ငန်းမှာရှိတဲ့ အရင်းအမြစ်တွေကို ဘယ်လိုထိထိရောက်ရောက်အသုံးချမလဲ စတာတွေအပြင် ကိုယ့်လုပ်ငန်း ရေရှည်ရပ်တည်နိုင်ပြီး အောင်မြင်မှုရဖို့ လူတွေကို စီမံခန့်ခွဲနိုင်ဖို့ လိုပါတယ်။ ဒါကြောင့် ဒီဘာသာရပ်က စီးပွားရေးကို စိတ်၀င်စားသူတွေ လေ့လာသင့်တဲ့ ဘာသာရပ်ဖြစ်ပါတယ်။
၂။ Innovation and Business Performance
ဆန်းသစ်တီထွင်မှု Innovation ဆိုတာ မတူညီတဲ့ ကုန်ပစ္စည်း နဲ့ ဝန်ဆောင်မှုတွေကို ဖန်တီးပြီး ကိုယ့်လုပ်ငန်းရဲ့ စျေးကွက်ထဲက အခြေအနေကို အပြောင်းအလဲဖြစ်စေနိုင်မယ့် အဓိကအချက်ပါ။
စီးပွားရေးလုပ်ငန်းတစ်ခု အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ တီထွင်ဆန်းသစ်မှု ဆိုတဲ့ Innovation ဟာ အရေးကြီးပါတယ်။ ဒါ့အပြင် လုပ်ငန်းရဲ့ Business Performance အားကောင်းလာဖို့ရာ မှန်ကန်တဲ့ တိုင်းတာမှု၊ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့လိုပါတယ်။
၃။ Managing Stakeholder Relationships
စီးပွားရေးလုပ်ငန်းတစ်ခုမှာ Stakeholder တွေရဲ့အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။
ဒါကြောင့် မတူညီတဲ့ Stakeholder တွေဖြစ်တဲ့ Government, Employees, Customers တွေနဲ့ ဆက်သွယ်ရတဲ့အခါ မလိုလားအပ်တဲ့ အခြေအနေတွေမဖြစ်ရအောင် Stakeholder တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ထားဖို့လိုပါတယ်။
Relationship ကောင်းတစ်ခုဖန်တီးဖို့ရာ နည်းစနစ်တွေ ချမှတ်ပြီး နှစ်ဦးနှစ်ဖက်အကျိုးရှိမယ့် နည်းလမ်းတွေ ဖန်တီးရပါတယ်။ ဒါကြောင့် Stakeholder Relationship ကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ဖို့လည်း အရေးကြီးပါတယ်။
၄။ International Business Economics and Markets
ဖွံ့ဖြိုးပြီးသားနိုင်ငံတွေရဲ့ ဈေးကွက် စီးပွားရေးစနစ်ကို လေ့လာထားတဲ့အခါ လုပ်ငန်းတစ်ခုက အခြားလုပ်ငန်းတွေထက် ရေရှည်မှာ ရပ်တည်နိုင်ဖို့ အခွင့်အလမ်းသာပါတယ်။
အစဉ်အမြဲပြောင်းလဲနေတဲ့ နိုင်ငံတကာစီးပွားရေးစျေးကွက်မှာလည်း သူ့သီအိုရီနဲ့ သူရှိပြီးသားပါ။ ကိုယ့်လုပ်ငန်းတိုးတက်နေဖို့အတွက် နိုင်ငံတကာက ကုမ္ပဏီတွေရဲ့ လုပ်ငန်းလည်ပတ်ပုံ၊ စျေးကွက်အခြေအနေတွေ သိထားဖို့လည်း အရေးကြီးပါတယ်။
၅။ Effective Financial Management
ကုမ္ပဏီတစ်ခုကို စီမံခန့်ခွဲနိုင်ဖို့ဆိုရင် Financial Resource တွေကိုပါ Manage လုပ်ရပါတယ်။ Financial အပိုင်းကို ပိုင်ပိုင်နိုင်နိုင် တာဝန်ယူဖို့ အရေးကြီးတဲ့ သီအိုရီဆိုင်ရာ အသိပညာနဲ့ ကျွမ်းကျင်မှုတွေရှိဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် လုပ်ငန်းရဲ့ လည်ပတ်ပုံအလိုက် Financial Risk အသီးသီးကို ကြိုတင်မှန်းဆတတ်ဖို့၊ ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေ စဉ်းစားတတ်ဖို့ လိုအပ်ပါတယ်။ သင့်တင့်လျောက်ပတ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နိုင်မယ့် နည်းစနစ်တွေလည်း သိထားရပါတယ်။
၆။ Analytical Decision-Making
လုပ်ငန်းတစ်ခုမှာ ပြဿနာတွေပေါ်ပေါက်တဲ့အခါ နည်းဗျူဟာ ကျကျနဲ့ သုံးသပ်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို အချိန်ကိုက် ချမှတ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုး ဖြစ်ပေါ်လာတဲ့ အခြေအနေတစ်ခုအပေါ် သေချာခွဲခြားစိတ်ဖြာပြီး မှန်ကန်စွာသုံးသပ်နိုင်ဖို့ရာ Analytical Decision-Making ဘာသာရပ်ကို သင်ယူသင့်ပါတယ်။
