စီးပွားရေးဗီဇာအကြောင်း

စီးပွားရေးဗီဇာလျှှောက်ထားသူများအားလုံးသည် (Subclass 132 ဗီဇာ လျှောက်ထားသူများမှလွှဲ၍) မိမိတို့၏ စီးပွားရေးလုပ်ငန်းများအားတည်ဆောက်ရန် (သို့မဟုတ်) ဝယ်ယူရန် (သို့မဟုတ်) ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရန်ရည်စူး၍ Australia နိုင်ငံသို့ လာရောက်လိုသော သူများသည် ယာယီစီးပွားရေးဗီဇာအား လျှောက်ထားသင့်ပေသည်။ ထိုယာယီစီးပွားရေးဗီဇာ အားကိုင်ဆောင်ထားသောသူများသည် ၎င်းတို့ရည်စူးထားသော စီးပွားရေးလုပ်ငန်းများ နှင့် ရင်းနှီးမြုပ်နှံမှုများ အား Australia တွင်အောင်မြင်စွာ တည်ဆောက်ပြီးသည့်နောက်တွင် အခြား လိုအပ်သော အရာများအား ထပ်မံလုပ်ဆောင်ရန်နှင့် Australia တွင် အတည်တကျနေ ထိုင်နိုင်သော ကာလ အပိုင်းအခြားတစ်ခုအားရရှိရန် အမြဲတမ်းစီးပွားရေးဗီဇာ (permanent business visa ) အားလျှောက်ထားနိုင်မည်ဖြစ်သည်။

ထိုကဲ့သို့ ယာယီစီးပွားရေးဗီဇာမှ အမြဲတမ်းစီးပွားရေးဗီဇာအဖြစ်သို့ ပြောင်းလဲရန်မတူညီသော လမ်းကြောင်းသုံးမျိုးရှိပါသည်။

ပထမလမ်းကြောင်းမှာ Australia နိုင်ငံတွင် အသစ်တည်ဆောက်လျက်ရှိသော (သို့မဟုတ်) မူလတည်ရှိသော စီးပွားရေးလုပ်ငန်းများအား စီမံခန့်ခွဲအုပ်ချုပ် လိုသောသူများအတွက် စီးပွားရေး တီထွင်ဆန်းသစ်သော လမ်းကြောင်းဖြစ်သည်။

ဒုတိယလမ်းကြောင်းမှာ Australia နိုင်ငံ၏ ပြည်နယ်အချို့တွင် ရင်းနှီးမြုပ်နှံရန် လိုသော သူများ (သို့မဟုတ်) မိမိ၏ မူလစီးပွါးရေးလုပ်ငန်းများ ပြည့်စုံအောင်မြင်ပြီးသည့်နောက်တွင် Australia နိုင်ငံ၌် နေရာတစ်ခုရရှိရန် နှင့် စီးပွါးရေးနှင့်ရင်းနှီးမြုပ်နှံမှုအား လုပ်ဆောင်လိုသော သူများအား ရည်စူး၍ ရင်းနှီးမြုပ်နှံသူများ လမ်းကြောင်းဖြစ်သည်။
တတိယလမ်းကြောင်းမှာ Australia နိုင်ငံတွင် အနည်းဆုံး AUD 5 million ရင်းနှီးမြုပ်နှံရန် ဆန္ဒရှိသောသူများ နှင့် မိမိ၏ မူလစီးပွါးရေးလုပ်ငန်းများ ပြည့်စုံအောင်မြင်ပြီးသည့်နောက်တွင် Australia နိုင်ငံ၌ စီးပွါးရေးနှင့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ လုပ်ဆောင်လိုသောသူများအား ရည်စူး၍ အရေးပါသောရင်းနှီးမြုပ်နှံသူများဟူသော လမ်းကြောင်းများဖြစ်သည်။

စီးပွားရေးတီထွင်ဆန်းသစ်ခြင်းလမ်းကြောင်း

ယာယီစီးပွားရေးဗီဇာလျှောက်ထားသူများသည် အောက်တွင်ဖော်ပြထားသော လိုအပ်ချက်များနှင့် ပြည့်စုံရလိမ့်မည်။
• အသက် (၅၅) နှစ်အောက် (ပြည်နယ်အစိုးရ၏ ထောက်ပံ့ငွေရရှိရန် ဆန္ဒရှိသော လျှောက် ထားသူဖြစ်လျှင် သက်ညှာခွင့်ရမည်)
• Point test တွင် အနည်းဆုံး 65 point ရှိရမည်။
• မိမိ၏ ပိုင်ဆိုင်မှုများသည် နှစ်နှစ်အတွင်း Australia သို့ပြောင်းရွှေ့နိုင်သော AUD 800,000
• ထက်ပို၍ ရှိရမည်။
• ကုမ္ပဏီပိုင်ရှင်၏ ပိုင်ဆိုင်မှုများသည် ဘဏ္ဍာရေးနှစ်လေးနှစ်တွင် အနည်ဆုံးနှစ်နှစ်မျှ AUD 500,000 ကျော်ရှိရမည်။

သင်အားဗီဇာ လျှောက်ထားရန် မခေါ်မီချက်ချင်း (အကယ်၍လျှောက်ထားသူသည် ပြည်နယ်တစ်ခု ထက်ပို၍ဝင်ခွင့်ရရှိခဲ့လျှင် ဝင်ခွင့်ပေးသည့်ပြည်နယ်အားလုံးကိုဖော်ပြရမည်)

အကယ်၍ လျှောက်ထားသူသည် ယာယီဗီဇာကိုင်ထားစဉ်အတွင်း Australia ရှိ စီးပွားရေးလုပ်ငန်း များ စိတ်ကျေနပ်ဖွယ် ကောင်းသော အခြေအနေသို့ရောက်ရှိရန်
တည်ဆောက်နိုင်ခဲ့ပါက နှစ်အနည်းငယ် ကြာသောအချိန်တွင် အမြဲတမ်းဗီဇာလျှောက်ရန် ဖြစ်နိုင်ပါလိမ့်မည်။

ရင်းနှီးမြုပ်နှံသူများ လမ်းကြောင်း

လျှောက်ထားသူသည် Australia တွင် ရင်းနှီးမြုပ်နှံရန် အချိန်ကာလ(၄) နှစ်မျှရရှိခဲ့လျှင် အမြဲတမ်း ဗီဇာလျှောက်ထားရန် ဖြစ်နိုင်ပါလိမ့်မည်။

• အသက် (၅၅) နှစ်အောက် (ပြည်နယ်အစိုးရ၏ ထောက်ပံ့ငွေရရှိရန် ဆန္ဒရှိသော လျှောက်ထားသူ ဖြစ်လျှင် သက်ညာခွင့်ရမည်)
• Point test တွင် အနည်းဆုံး 65 point ရှိရမည်။
• လျှောက်ထားသူ (လျှောက်ထားသူနှင့် လက်တွဲလုပ်ကိုင်သူ) ၏ပိုင်ဆိုင်မှုသည် လွန်ခဲ့သော နှစ်နှစ်တွင် AUD 2.25 M ထက်ပို၍ ရှိရမည်။
• လျှောက်ထားသူသည် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွင် အနည်းဆုံး (၃) မျှ အတွေ့အကြုံရှိရမည်။
• မိမိရည်မှန်းထားသော နေရာတွင် 1.5m ရင်းနှီးမြုပ်နှံရမည်။ (ဗီဇာလျှောက်ထားခြင်း၏ နောက် ဆုံးအဆင့်အနေဖြင့်)

အရေးကြီးရင်းနှီးမြုပ်နှံသူများ လမ်းကြောင်း

ဗီဇာလျှောက်ထားသူများသည် တီထွင်ဆန်းသစ်မှုရမှတ်စမ်းသပ်မှုကို ဖြေဆိုရန်မလိုအပ်ပါ။ အသက် အရွယ်ကန့်သတ်ထားခြင်းလည်းမရှိပါ။ Australia တွင် အမြဲတမ်းနေထိုင်နိုင်သူဗီဇာလျှောက် ထားရန် သင်သည်တီထွင်ဆန်းသစ်မှုနှင့် ရင်းနှီးမြုပ်နှံမှုဗီဇာ (Subclass 188) အားအနည်းဆုံး လေးနှစ်ကျော်မျှကိုင်ဆောင်ထားသူဖြစ်ပြီး သြစတြေးလျတွင်ရက်ပေါင်း (၁၆၀) ခန့် နေထိုင်သူ ဖြစ်ရမည်ဖြစ်သည်။
ဗီဇာလျှောက်ထားသူများသည် အောက်တွင်ဖော်ပြထားသော အချက်များနှင့်ပြည့်စုံရမည်။

• စီးပွားရေးနယ်ပယ်တွင် အမှန်တကယ်စိတ်ပါဝင်စားခြင်းရှိရမည်။
• တစ်ပြည်နယ် (သို့မဟုတ်) မိမိရွေးချယ်ထားသော နယ်မြေအစိုးရထံမှ တရားဝင် စီးပွါးရေးပြု လုပ်ခွင့်အား ရရှိရမည်။
• မိမိရင်းနှီးမြုပ်နှံရမည်ဖြစ်သော လုပ်ငန်းတွင် အနည်းဆုံး AUD 5 million အားရင်းနှီးမြုပ်နှံရ မည်ဖြစ်သည်။

June 2, 2024
© Copyright 2022 | Developed By Impulse International.