စီးပွားရေးအသစ် စွန့်ဦးတီထွင်နည်းလမ်း (၁၀) ချက် New Business Entrepreneurship (10-Ways)

အနာဂတ်စီးပွားရေးကို လေ့လာနေသူတွေ၊ စီးပွားရေးလုပ်ငန်းအသစ် တိုးချဲ့ချင်သူတွေ၊ စီးပွားရေး စွန့်ဦးတီထွင်သူတွေ၊ စီးပွားအောင်မြင်ချင်သူတွေ အားလုံးအတွက် ရည်ရွယ်ပြီး (လုပ်ငန်းစတင်မှု၊ ငွေကြေးရှာဖွေမှု၊ လုပ်ငန်းတိုးတက်မှုအဆင့်) စီးပွားရေး အောင်မြင်မှုအတွက် နည်လမ်းကောင်း (၁၀) ချက်အား အကြံပြုတင်ပြထားပါတယ်။

(၁) Market Trend – R&D (ဈေးကွက်ရဲ့ဦးတည်မှု၊ ဈေးကွက်လေ့လာမှုရှိခြင်း)

လက်ရှိရနိုင်တဲ့ တနိုင်ငံလုံးမှာရှိတဲ့ ဈေးကွက်အခွင့်အလမ်း၊ အနာဂတ်အလားအလာ၊ လက်ရှိပြိုင်ဘက်အနေအထားတွေ၊ ဝယ်သူစားသုံးသူတို့ရဲ့ အလေ့အထ အခြေအနေစတဲ့ အချက်များကိုလေ့လာသင့်ပါတယ်။ ဈေးကွက်ရဲ့သဘောဟာ တိုးတက်မှုရှိပြီးသော တခြားမြို့၊ တခြားနိုင်ငံတို့ရဲ့ မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းလာမှု သဘောရှိတဲ့အလျှောက် ယခုဈေးကွက်နဲ့ တခြားဈေးကွက်တွေကို နှိုင်းယှဉ်လေ့လာထားသင့်ပါတယ်။

(၂) Business Plan (စီးပွားရေး အစီအစဉ်များ ရေရှည်ရေးဆွဲပြင်ဆင်ခြင်း)

လေ့လာဆန်းစစ်တဲ့ ဈေးကွက်အခြေအနေအပေါ် မူတည်ပြီး သင့်လျှော်တဲ့ Business Plan တွေကို ကြိုတင်ပြင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ စီးပွားရေး Plan ဆိုတာ လုပ်ငန်းရဲ့ ဦးဆောင်မှုတခုဖြစ်သလို၊ လုပ်ငန်းရဲ့ ဒီဇိုင်းပုံစံပဲဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ၃ နှစ်ခန့် – နှစ်အလိုက် ဆောင်ရွက်ရမဲ့ လုပ်ဆောင်မှုတွေ၊ ပြီးစီးရမဲ့ အချိန်ရာထားချက်တွေ၊ ရည်မှန်းချက်တွေကို ပြင်ဆင်ရေးဆွဲထားသင့်ပါတယ်။

(၃) Investment Decision (ရင်းနှီးမြုပ်နှံမှု ဆုံဖြတ်ချက်ချခြင်း)

အနည်းငယ် ရင်းနှီးမြုပ်မှုမှသည် ဖြည်းဖြည်းချင်းရင်းနှီးမြုပ်နှံမှုသို့ စီးပွားရေးစတင်ဖို့အကြံပေးပါရစေ၊ (အရှုံးဖြစ်ခဲ့ရင်သော်မှ ထပ်မံရင်းနှီးနိုင်ပါတယ်)။ ဈေးကွက်သို့ ဦးစွာစမ်းသပ်မှုရှိပါ၊ သေချာတဲ့ ရင်းနှီးမြုပ်နှံမှုပြုပါ၊ ပြီးမှ ရေရှည်အကျိုးအမြတ်ကို ဖန်တီးဖို့ပါ။ ရင်းနှီးမြုပ်နှံမှုဟာ အဓိကကြည့်ရမဲ့ (၃) ချက်က Risk ဘယ်လောက်စွန့်စားမလဲ၊ Cost ဘယ်လောက်ကုန်ကျမလဲ၊ Benefit ဘယ်လောက်အကျိုးရှိမလဲ၊ ချင့်ချိန်ပြီး ဆုံးဖြတ်နိုင်တယ်။

(၄) Financial Model (ရင်းနှီးမြုပ်နှံှံးတက်မှု ငွေကြေးရှာဖွေနည်း)

ယနေ့ခေတ် စီးပွားရေးအတွက် ငွေကြေးရနိုင်တဲ့ နည်းလမ်းတွေကတော့ မိတ်ဆွေသူငယ်ချင်း နှင့် ပေါင်းစပ်ပြီးဖြစ်စေ၊ ဘဏ်-လုပ်ငန်းအာမခံထားခြင်းဖြစ်စေ၊ ဖက်စပ်လုပ်ငန်းများစတင်မှုဖြစ်စေ၊ နိုင်ငံတကာလုပ်ငန်းများနှင့်ချိတ်ဆက်ပြီးဖြစ်စေ ရင်းနှီးမြုပ်နှံမှု ငွေကြေးများကို ရှာဖွေနိုင်ပါတယ်။ စီးပွားရေးအကျိုးအမြတ် မြန်ဆန်ဖို့အတွက် ဖောက်သည်ဆီမှဖြစ်စေ၊ ရှယ်ယာအကျိုးအမြတ် ရောင်းမှုဖြစ်စေ၊ ရင်းနှီးမြုပ်နှံသူများ ရှာဖွေခြင်းဖြစ်စေ လုပ်ငန်းတိုးတက်အောင်မြင်နိုင်ပါတယ်။

(၅) JIT Management (လိုအပ်တော့မှ အချိန်ကိုက်ပုံစံဖြင့် စီးပွားရေးစီမံခြင်း)

စွန့်ဦးတီထွင်မှုအတွက် အရင်းအနှီးနည်းနည်းဖြင့် ကုန်ကျစရိတ်အသက်သာဆုံးစနစ်ကတော့ Just In Time (JIT) ပုံစံဖြင့် စတင်ခြင်းဖြစ်ပါတယ်။ မိတ်ဆွေ၊ လုပ်ကိုင်ဖက်၊ တခြားသော ရုံးခန်းဌားတာမျိုးတွေ၊ Online မှ စမ်းသပ်ပြီး ဈေးကွက်စတာမျိုး၊ လုပ်ငန်းမိတ်ဖက်လုပ်တာမျိုးတွေ ဦးစွာလုပ်နိုင်တယ်၊ လုပ်ငန်းအောင်မြင်လာတော့မှ ဝန်ထမ်းထပ်ချဲ့တာမျိုး၊ ဈေးကွက်ချဲထွင်တာမျိုးတွေကို ပြုလုပ်နိုင်ပြီး ကုန်ကျစရိတ်သက်သာစွာစတင်နိုင်ပါတယ်။

(၆) HR Management & Leadership (ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုနဲ့ ဦးဆောင်ခြင်း)

လုပ်ငန်းရဲ့ မဟာဗျူဟာ ဝန်ထမ်းတွေရဲ့ လုပ်နိုင်ဖန်တီးအားဖြင့် လုပ်ငန်း ရည်ရွယ်ချက်သို့ ရောက်ရှိအောင်မြင်ခြင်းပါပဲ။ လိုအပ်တဲ့ Man လူအင်အားစု၊ Money ဝင်ကြေးအင်အားစု၊ Material ပစ္စည်းကိရိယာအင်အားစုတွေကို စုပေါင်းပြီး လုပ်ငန်းကို စီမံဖန်တီးခြင်းပါပဲ။ တူညီတဲ့ ဈေးကွက်မှာ မတူညီမှုတွေ အောင်မြင်မှုတွေ ဖန်တီးပေးတာ လုပ်ငန်းရဲ့ အတွင်းပိုင်းမဟာဗျူဟာ (3-M) ပုံဖော်မှု အားသာချက်ဖြစ်ပါတယ်။ တိုးတက်ဖန်တီးမှုအားတွေဟာ ဒီအရာတွေပေါ်မှာ မူတည်နေပါတယ်။

(၇) Standard Operation Procedure – SOP (လုပ်ငန်းနည်းစနစ် ပုံဖော်လည်ပတ်ခြင်း)

လုပ်ငန်းလုပ်ရတာ လွယ်ကူစေဖို့၊ စနစ်ကျတဲ့ လုပ်ငန်းလည်ပတ်မှု၊ ပုံစံမပြောင်းတဲ့ လုပ်ငန်းအရည်အသွေးဖြစ်ဖို့ဆိုရင် ကိုယ်တိုင်လုပ်ရတာမျိုးအဆင်ပြေနိုင်ပေမဲ့၊ အများနဲ့ တခြားနဲ့ တွဲလုပ်လာတဲ့အခါ (SOP) တွေနဲ့ စီမံဖို့လိုအပ်လာတယ်။ လုပ်ငန်းဘယ်လို လည်ပတ်ရမလဲဆိုတာ လမ်းညွှန်ထားခြင်း၊ ပုံစံဆွဲထားခြင်း၊ စနစ်တွေကြားခံထားခြင်းဖြင့် လုပ်ငန်းကို စနစ်တကျဦးဆောင်နိုင်လျှင် လုပ်ငန်းဟာ နည်းစနစ်တကျတိုးတက်နိုင်ပါတယ်။

(၈) Partnership & Corporate (ပေါင်းသင်းဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း)

Business is Relationship ဖြစ်လာပါပြီ၊ ထုတ်ကုန်ရောင်းချတာထက်၊ ယုံကြည်မှု ရင်းနှီးမှုဖြင့် လုပ်ငန်းချိတ်ဆက်ရောင်းချနိုင်ဖို့ လိုအပ်လိမ့်မယ်။ လုပ်ငန်း အောင်မြင်ဖို့ဆိုရာမှာ Partnership တွေများစွာ တည်ဆောက်ထားဖို့လိုအပ်လိမ့်မယ်၊ သင်မသိတဲ့ မကျွမ်းကျင်တဲ့ ဈေးကွက်ကို သင်သိတဲ့မိတ်ဆွေက ကူညီပေးနိုင်လိမ့်မယ်။ စီးပွားရေး ယုံကြည်မှုနဲ့အတူ ရေရှည်ဆက်ဆံပြီး Corporate ပူးပေါင်းဆောင်ရွက်နိုင်ခြင်းဖြင့် လုပ်ငန်းအခွင့်အလမ်းများ ပိုမိုတိုးတက်နိုင်ပါတယ်။

(၉) Customer Focus (ဖောက်သည်အခြေပြု စီးပွားရေးပုံစံဖော်ဆောင်ခြင်း)

ယနေ့ခေတ်ပြိုင်ဖြစ်တာကြောင့် ဖောက်သည်အခြေပြုတဲ့ စီးပွားရေးပုံစံ၊ ဖောက်သည်လိုအပ်မှုကို ဖန်တီးပေးနိုင်တဲ့ ဈေးကွက်ဖော်ဆောင်မှုဖြစ်ဖို့ လိုအပ်လာပါတယ်။ ပြောင်းလဲတိုးတက်လာတဲ့ လူမှုဝန်းကျင်ရဲ့ ဖောက်သည်လိုအပ်မှုတိုင်းဟာ စီးပွားရေးဖြစ်ပါတယ်။ မိမိလုပ်ငန်းကို ချိတ်ဆက်ဖြန့်ဖြူးသူ Distributor တွေ၊ Client အမြဲဖောက်သည်တွေ၊ Customer ဖောက်သည်တွေကို များသထက်များဖို့သာ ဈေးကွက်ထိုးဖောက်လျှင် More Customer = More Business ဖြင့် လုပ်ငန်းတိုးတက်မှုဖြစ်လာနိုင်ပါတယ်။

(၁၀) Innovation & Marketing (ဆန်းသစ်ပုံဖော်မှုနဲ့ ဈေးကွက်ဖော်ဆောင်ခြင်း)

လုပ်ငန်းကို အများနဲ့မတူ ဆန်းစစ်မှုဟာ အရေးကြီးသလို၊ ရောက်လိုတဲ့ ဈေးကွက်သို့ ရောက်နိုင်အောင် Marketing လုပ်ဖို့ဟာ အဓိကဖြစ်ပါတယ်။ လုပ်ငန်းစတဲ့အခါ အချိန်တိုလုပ်ငန်း ကျယ်ပြန့်ဖို့ အတွက် Co-Marketing တခြားနဲ့ ချိတ်ဆက်တဲ့ပုံစံတွေ၊ Social Media ရဲ့ ဖြန့်ကျက်မှုအားနဲ့ လုပ်ငန်းကို လူအများများသိအောင် လုပ်နိုင်ဖို့ဟာလည်း အရေးကြီးလှပါတယ်။ လုပ်ငန်းကို လူအများများသိလေလေ ဈေးကွက်အခွင့်အရေးက များများရလေပါပဲ။

Ownership (သို့) Share အစုစပ် + ဈေးကွက် Partnership လုပ်ငန်းမျိုးတွေလည်း စွန့်ဦးတီထွင် လုပ်ကိုင်နိုင်တယ်။

ဈေးကွက်ဖြန့်ကျက်မှုမြန်ဆန်တဲ့ E-Commerce (အင်တာနက်) Online Shopping တွေ လုပ်ကိုင်နိုင်ပါတယ်။

Social Need is Business Opportunity

လူမှုဝန်းကျင်ရဲ့ လိုအပ်ချက်အားလုံးဟာ စီးပွားရေးအတွက် ဖန်တီးဖို့ အခွင့်အလမ်းဖြစ်ပါတယ်။
လူအများလိုအပ်နေတဲ့ အခက်အခဲတိုင်းဟာ စီးပွားရေးဦးဆောင်မှု အခွင့်အရေးဖြစ်ပါစေ။
အနာဂတ်မှာ အောင်မြင်တဲ့ စီးပွားရေးခေါင်းဆောင်များအတွက် အတွေ့အကြုံကောင်းတချို့ မျှဝေပေးလျှက် အကြံညာဏ်တချို့ရနိုင်ပါစေ။

© Copyright 2022 | Developed By Impulse International.