ဆရာ/ဆရာမတွေအတွက် AI အသုံးပြုနည်း အခမဲ့သင်တန်း

American Center Yangon ကနေ တစ်ရက်တာ ဖွင့်လှစ်ပေးသွားမယ့် “AI for Teachers” အခမဲ့သင်တန်းအကြောင်းကို မျှဝေပေးသွားပါမယ်။

ဆရာ/ဆရာမတို့ရဲ့ Professional Life မှာ AI ကို ထိရောက်စွာ အသုံးချပြီး ကျောင်းသား၊ကျောင်းသူတွေအတွက် ခေတ်မီအဆင့်မြင့်တဲ့ သင်ကြားရေးနည်းလမ်းတွေကို ဖော်ဆောင်နိုင်ဖို့အတွက် တက်ရောက်သင့်တဲ့ သင်တန်းတစ်ခု ဖြစ်ပါတယ်။

ဒီသင်တန်းကို American Center Yangon မှာ ဖွင့်လှစ်သင်ကြားသွားမှာဖြစ်ပြီး လာမယ့် မတ်လ (၁၄) ရက်၊ စနေနေ့ နေ့ခင်း (၂) နာရီကနေ (၄) နာရီခွဲအထိ အချိန်ပေး တက်ရောက်ရမှာဖြစ်ပါတယ်။

ဒီသင်တန်းတက်ပြီး ဘာတွေ သိသွားမလဲ? AI နည်းပညာတွေကို အသုံးပြုပြီး –

  • သင်ခန်းစာပြင်ဆင်ခြင်း
  • မေးခွန်းလွှာ ထုတ်ခြင်း၊
  • အတန်းတွင်းဆောင်ရွက်ချက်တွေနဲ့ စစ်ဆေးအကဲဖြတ်မှုတွေ ဖန်တီးခြင်း၊
  • ပုံမှန်လုပ်ဆောင်နေကျ တာဝန်တွေကို AI ဖြင့် အချိန်တိုအတွင်း ဆောင်ရွက်ခြင်း၊
  • နေ့စဉ်လူမှုဘဝတွင် AI ကို လက်တွေ့ကျကျ ပေါင်းစပ်အသုံးပြုနိုင်မယ့် နည်းလမ်း စတဲ့ အကြောင်းအရာတွေကို လေ့လာခွင့်ရမှာဖြစ်ပြီး မိမိသင်ကြားရေးစွမ်းရည်ကို အဆင့်မြှင်တင်နိုင်မှာ ဖြစ်ပါတယ်။

တက်ရောက်နိုင်သူအရေအတွက်ကို ကန့်သတ်ထားတာဖြစ်တာကြောင့် သင်တန်းကို စိတ်ဝင်စားရင် အောက်ကလင့်ခ်မှာ မြန်မြန်စာရင်းပေးသွင်းဖို့တော့ လိုပါမယ်။

https://docs.google.com/forms

ဆရာ၊ဆရာမတွေအနေနဲ့ သင်တန်းတက်တဲ့အခါမှာ လက်တွေ့လုပ်ဆောင်နိုင်ဖို့ မိမိတို့ရဲ့ ကိုယ်ပိုင် Laptop တွေကို ယူဆောင်သွားဖို့ လိုအပ်ပြီး Laptop မပါရှိသူတွေအတွက်တော့ Chromebook အနည်းငယ် စီစဉ်ပေးထားမှာဖြစ်ပါတယ်။

© Copyright 2022 | Developed By Impulse International.