တောင်ကိုရီးယားနိုင်ငံရဲ့ GIST Scholarship 2022

တောင်ကိုရီးယားနိုင်ငံမှာ Fully Funded အနေနဲ့ ပညာသင်ခွင့် ရရှိနိုင်မယ့် GIST Scholarship 2022 ပဲဖြစ်ပါတယ်…ခင်ဗျာ။ ( “GIST” ရဲ့အရှည်ခေါက် ကတော့ “Gwangju Institute of Science and Technology”ပါ။)

GIST ဆိုတာ ကင်ချီမြေ၊ အနောက်တောင်ဘက်မှာရှိတဲ့ “Gwangju” မြို့လေးရဲ့ Uni တစ်ခု။ Research အပြင် Development အပိုင်းတွေနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားရဲ့ အကောင်းဆုံးအနေနဲ့ ချီးကျူးခံထားရသလို QS Ranking အရ “the Second Top-Class University” ဆိုတော့ ပညာသင်သွားဖို့အတွက် လက်မလွှတ်သင့်တဲ့ Golden Chance တစ်ခုပဲဖြစ်ပါတယ်။

အခုပြောပြပေးမယ့် GIST ရဲ့စကော်လာ ဟာဆိုရင်လည်း နိုင်ငံတကာမှာရှိကြတဲ့ တောင်ကိုရီးယားရဲ့ ထိပ်သီး တက္ကသိုလ်တစ်ခုခုမှာ Undergraduate အနေနဲ့တက်ရောက်ပညာသင်ယူလိုသူ လူငယ်တွေ အတွက် ရည်ရွယ်ပြီး ပေးအပ်နေတာပါ။

ဒီလိုရည်ရွယ်ချက်နဲ့ပဲ တက်ရောက်မယ့် ကျောင်းသား/သူတွေအနေနဲ့ သင်ယူမှုအပိုင်းမှာကော လက်တွေ့နဲ့ ကွင်းဆင်းလေ့လာမှု အပိုင်းတွေမှာပါ အတူတကွပူးပေါင်းလုပ်ဆောင်နိုင်ဖို့အတွက် ဒီ Program ရဲ့ Research/Projects တွေကို အကောင်းဆုံး ပြင်ဆင်ပေးထားပါတယ်။

ဒါဆို ဒီ စကော်လာနဲ့ ပတ်သက်ပြီး အချက်လက် အချို့ ကိုဖော်ပြပေးလိုက်ပါတယ်…

  • Level: Undergraduate Program
  • Program Duration: 4 Years (8 Semesters)
    Benefits တွေအနေနဲ့…
  • Full Tution Fees
  • Settlement Subsidy (w200,000)
  • One-way Flight

နောက် Semesterတွေမှာ CGPA 4.5ထဲက အနည်းဆုံး 3.0ရရင်တော့ International Allowance တစ်လကို w130,000ကို ထပ်မံချီးမြှင့်မှာဖြစ်ပါတယ်။

Good Behaviour ရှိတဲ့ ကျောင်းသားတွေက 11 Credit hrs ရရှိမှာဖြစ်ပြီး Probation လုံးဝမရှိတဲ့ကျောင်းသားတွေက လစဉ်နေထိုင်စရိတ် w130,000နဲ့ စားစရိတ် w270,000ကိုရရှိမှာဖြစ်ပါတယ်။

Monthly Insurance အပြင် Good Housing Facility တွေကိုလည်း ကျောင်းကနေ Provide လုပ်ပေးသွားမှာပါ။
Admission အတွက် Application Fee ကိုလည်းပေးဆောင်စရာမလိုတဲ့ အကြောင်းဖော်ပြထားပါသေးတယ်။

လျှောက်ထားမယ့် Applicants တွေအနေနဲ့…

  • International Studentဖြစ်ရပါမယ်။
  • High School Diploma ပြီးဆုံးကြောင်း ပြနိုင်ရပါမယ်။
  • English ကျွမ်းကျင်မှု ရှိဖို့ အပြင် Korea နိုင်ငံမှာ ရှိတဲ့ မည့်သည့် Institute, Elementary, Middle or High Schoolမှာမှ Enroll မလုပ်ဖူးသူဖြစ်ဖို့ လိုအပ်ပါတယ် ခင်ဗျာ…
  • လျှောက်ထားတဲ့အခါ လိုအပ်မယ့် Documents တွေကတော့…
  • GIST Scholarship Application Form 2022
  • Recommendation Letter
  • High School Profile
  • High School Transcript
  • Certification of expected graduation or High School Diploma
  • English Proficiency Test Certificate
  • Scanned Copy or Passport
  • Parent-child relationship Document
  • Statement of Finances

Online Application Process ဖြစ်တာမို့ Sign up ပြီး Record ထားရပါမယ်။ Recommendation letter ကိုတော့ Recommender ကနေပဲ ပို့ပေးပြီး Submit လုပ်ရမှာပါ။ Recommender အနေနဲ့လည်း Application System မှာ Account တစ်ခုဖွင့်ရပါမယ်။ မဖြစ်မနေပါရမယ့် Documents တွေကို Application မှာသတိရှိရှိနဲ့ဖြည့်ပေးဖို့ လိုအပ်ပါတယ်။

Application Deadline ကတော့ February 15th, 2022 ဖြစ်တာကြောင့် အချိန်မီလျှောက်ထားနိုင်အောင် မျှဝေပေးလိုက်ပါတယ်။

Official Link မှာလည်း Application Formအတွက်ပါ ထပ်ပြီးအသေးစိတ်ဝင်ကြည့်ပီး လေ့လာနိုင်ပါတယ်နော်။
Official Link: https://www.gist.ac.kr/iuadm/html/sub04/0401.html?mode=V…

© Copyright 2022 | Developed By Impulse International.