ထိရောက်သည့် စာဖတ်နည်းဗျူဟာ (100%)

စာဖတ်သည့်အချိန် ၇၀% – Professional နဲ့သက်ဆိုင်သောစာအုပ်များဖတ်ချိန်
စာဖတ်သူရဲ့ စာဖတ်ချိန် (၇၀ % ) အချိန်တွေဟာ အလုပ် ၊ စီးပွားရေး စသော Professional နဲ့သက်ဆိုင်သောစာအုပ်များကိုဖတ်ရူသင့်ပါတယ်။ ဒီလိုရရှိတဲ့အချိန်မှာ ကိုယ့်ရဲ့နယ်ပယ်နဲ့သက်ဆိုင်တဲ့ ဗဟုသုတတွေ ၊ ရှာဖွေမှုအသစ်တွေ ၊ လေ့လာသင်ယူမှုအသစ်တွေကိုလေ့လာဖို့လိုအပ်ပါတယ်။ ဒါမှသာ ကိုယ့်ရဲ့ဘဝတိုးတက်မှုအတွက်ထိရောက်မှုရှိနိုင်စေမှာဖြစ်ပါတယ်။
စာဖတ်သည့်အချိန် ၁၀% – လောကကြီးအကြောင်းနဲ့ပတ်သက်သောစာအုပ်များ
စာဖတ်သူရဲ့ စာဖတ်ချိန်ထဲက ၁၀ % အချိန်တွေကိုတော့ နိုင်ငံရေး ၊စီးပွားရေး ၊ နည်းပညာနဲ့ပတ်သက်တဲ့ သတင်းအကြောင်းရာတွေကိုလေ့လာဖတ်ရူသင့်ပါတယ်။ အကြမ်းဖျဉ်းနားလည်ထားဖို့ကြိုးစားသင့်ပါတယ်။ ဒါမှသာ ခေတ်နဲ့အညီ ကိုယ်ကိုယ်တိုင် ပြောင်းလဲပြုပြင်နေထိုင်နိုင်မှာဖြစ်ပြီး ၊ ကိုယ့်ဘ၀အပေါ် ထိရောက်မှုရှိသော အကျိုးသက်ရောက်မှုရှိသောပညာရပ်များ ၊ အကြောင်းရာများကိုလည်း နားလည်မှုရှိအောင် ၊ ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲဆိုတာ နားလည်နိုင်အောင် ကြိုးစားပြီးတော့ ဖတ်သင့်ပါသည်။
စာဖတ်သည့်အချိန် ၁၀% – နှလုံးသားရသဆိုင်ရာစာအုပ်များဖတ်ချိန်
နောက်ထပ်စာဖတ်သည့်အချိန် ၁၀% ကိုတော့ စာဖတ်သူရဲ့စိတ်နှလုံးသားအာဟာရဖြစ်စေယ့် ကဗျာ ၊ ၀တျထု စတဲ့ ရသစာအုပ်တွေကိုဖတ်ရူလေ့လာသင့်ပါတယ်။ စိတ်ပင်ပန်းနွမ်းနယ်သောအချိန်များ ၊ ဘာမှလုပ်ချိန်မရှိတော့လောက်အောင် စိတ်ဓာတ်ကျနေတဲ့အချိန်တွေ ဒီလိုအချိန်တွေမျိုးမှာ ဝတ္ထုစာအုပ်ကောင်းကောင်းလေးတစ်အုပ်ကိုဖတ်ရူလိုက်ပါ။ စာအုပ်ထဲက ဘဝတွေအကြောင်းကိုပိုမိုနားလည်လာစေပြီး ကိုယ့်ဘဝအတွက် စိတ်အာဟာရခွန်အားတွေကိုရရှိစေမှာဖြစ်သလို ၊ ကိုယ့်ဘဝအားနည်းချက်မှန်သမျှကို တိုးတက်စေဖို့လုပ်စရာများ စာဖတ်ခြင်းကနေ သိစေပြီး ကိုယ်လိုချင်သည့်အရာများကိုလုပ်ဆောင်နိုင်ဖို့အတွက် စိတ်နေစိတ်ထားတွေကို ပြောင်းလဲတိုးတက်စေပါတယ်။
စာဖတ်သည့်အချိန် ၅% – စဉ်းစားသုံးသပ်ချိန်
စာဖတ်သူတိုင်းမဖြစ်မနေစာဖတ်ချိန်တိုင်းလုပ်ဆောင်သင့်သည့် အချက်တစ်ချက်ကတော့ ပြန်လည်စဉ်းစားသုံးသပ်ဖို့လိုအပ်ပါတယ်။ ဘယ်လိုစာအုပ်မျိုးကိုဘဲဖတ်ဖတ် စာဖတ်သူရဲ့ဘဝတိုးတက်ပြောင်းလဲဖို့အတွက်ကတော့ ဖတ်သမျှစာတိုင်းကို ပြန်လည်စဉ်းစားသုံးသပ်ဖို့လိုအပ်ပါတယ်။ ဗဟုသုတတိုင်းက သိဖို့ကောင်းပေမယ့် ၊ လိုအပ်မနေပါဘူး။ ဒါကြောင့် စာဖတ်ပြီးတဲ့အချိန်မှာ ကိုယ့်အတွက် ဘယ်အရာတွေကကိုက်ညီလဲ ၊ ဘယ်အရာတွေကအသုံးမဝင်ဖူးလဲ ၊ ဘယ်အရာတွေကို ပြန်အသုံးချမလဲဆိုတာကို ကိုယ်တိုင်ပြန်လည်သုံးသပ်ဖို့လိုအပ်ပါတယ်။
စာဖတ်သည့်ချိန် ၅% – မှတ်သားချိန်
စာဖတ်ချိန် ၅ % ကိုတော့ ကိုယ်ဖတ်ခဲ့တဲ့စာအုပ်တွေ ၊ ဗဟုသုတတွေကို ပြန်လည်မှတ်သားသင့်ပါတယ်။ မှတ်စုစာအုပ် ၊ Diary ၊ Journal စာအုပ်တွေထားရှိပြီး ဘယ်နေ့ဘယ်အချိန် ဘယ်စာအုပ်ဖတ်ဖြစ်သလဲဆိုတာကစလို့ ၊ စာအုပ်ဖတ်ပြီး ကိုယ့်ရဲ့ထင်မြင်သုံးသပ်ချက်တွေ ၊ ကြိုက်တဲ့အချက်တွေ ၊ မှတ်သားသင့်တဲ့အရာတွေကို မှတ်သားသင့်ပါတယ်။ ဒါမှသာ ကိုယ်ဘယ်အရာတွေကိုလေ့လာပြီးခဲ့သလဲ ၊ ဘယ်လိုစာအုပ်တွေကိုကြိုက်နှစ်သက်စေခဲ့သလဲစတဲ့ ဒီစာဖတ်ချိန် ၅ % ကိုအသုံးချပြီး ကိုယ့်ကိုယ်ကိုယ်လည်း ပိုမိုသိရှိစေမှာဖြစ်ပါတယ်။
ဒီအချက်တွေကတော့ ယနေ့ခေတ်မှာ စာဖတ်ခြင်းကို အကျိုးရှိရှိထိရောက်ချင်တဲ့သူတွေအနေနဲ့ စာဖတ်ချိန် ၁၀၀% ပေါ်မူတည်ပြီး ဖတ်ရူသင့်တဲ့ စာဖတ်နည်းဗျူဟာ တွေဖြစ်ပါတယ်။ ( မှတ်ချက် ။ ဒီနည်းလမ်းတွေဟာ Readers တစ်ဦးတစ်ယောက်ချင်းစီရဲ့ Reading Style ပေါ်မှာမူတည်ထားခြင်းမဟုတ်ပါ။ Reader Type အလိုက်ကွဲပြားခြားနားမှုရှိနိုင်ပါသည်။ )
March 3, 2025
© Copyright 2022 | Developed By Impulse International.