ထိုင်းနိုင်ငံရဲ့ နံပါတ် (၁) တက္ကသိုလ်မှာ ပညာသင်ခွင့်ရမယ့် Full Scholarship

မြန်မာနိုင်ငံမှာ ၁၂ တန်းပညာရေး ပြီးဆုံးပြီး ထိုင်းနိုင်ငံမှာ ကျောင်းဆက်တက်ချင်သူတွေအတွက် Chulalongkorn University မှ Bachelor of Engineering ဘွဲ့အတွက် ပေးအပ်ချီးမြှင့်မယ့် ISE Scholarship အကြောင်းကို မျှဝေပေးချင်ပါတယ်။

Chulalongkorn University ဆိုတာ ထိုင်းနိုင်ငံရဲ့ Top (1) တက္ကသိုလ်ဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံတွေရဲ့ အကောင်းဆုံးတက္ကသိုလ် သတ်မှတ်ချက်မှာ Top (10) စာရင်းဝင်တဲ့ ကျောင်းဖြစ်ပါတယ်။ ဒါကြောင့် Chulalongkorn University ရဲ့ Engineering ဌာနမှာ Full Scholarship နဲ့ ကျောင်းတက်ခွင့်ရမယ့် ISE Scholarship ကို လုံး၀ လက်လွှတ်မခံဘဲ Try ကြည့်ကြဖို့ အကြံပြုပါတယ်။

Scholarship Name – ISE (International School of Engineering)

Scholarship Types – Full Scholarship, Tuition Scholarship

Host University – Chulalongkorn University

Level – Bachelor Degree

Duration – 4 years

Deadline – May 10, 2024

ISE မှာ လျှောက်ထားနိုင်တဲ့ Programs (၅) ခု 

  • Nano Engineering (Nano-Bio)
  • Automatic Design and Manufacturing, and Electric Vehicle Engineering (ADME-V)
  • Information and Communication Engineering (ICE)
  • Aerospace Engineering (Aero)
  • Robotics and Artificial Intelligence Engineering (Robotics AI)

Full Scholarship မှာ ပါဝင်မယ့် အကျိုးခံစားခွင့်

  • Tuition Fees
  • Program Fees
  • Round trip ticket
  • Monthly stipend
  • Accommodation
  • Health Insurance

Tuition Scholarship မှာ ပါဝင်မယ့် အကျိုးခံစားခွင့်

  • Tuition Fees
  • Health Insurance

 ISE Scholarship ကို လျှောက်ထားနိုင်သူများ

  • ထိုင်းနိုင်ငံသား မဖြစ်ရပါ။
  • ၂၅ နှစ်အောက်ငယ်ရပါမယ်။
  • ၁၂ တန်းပညာရေးအောင်မြင်ထားသူဖြစ်ရပါမယ်။
  • ကျန်မာရေးကောင်းရပါမယ်။
  • အောက်ပါလင့်ခ်မှာ သတ်မှတ်ထားတဲ့ အမှတ်တွေကို ပြည့်မီသူဖြစ်ရပါမယ်။

>> http://www.ise.eng.chula.ac.th/document/Admission/AY2024/Admission_Criteria_2024_Non-Thai.pdf?fbclid=IwAR1XKRsusq2pPDmp4ZpO1SrB6pz9UhVM7ba-Wity8q63Z3gVQo2pzO4oL-I

ဖောင်ဖြည့်ရမယ့်လင့်ခ် >> https://admission.ise.eng.chula.ac.th/Inter/?fbclid=IwAR0Il-gVm-QeMlI7jCyxt-2jwccWIsw2tM6r4gy7hGbBJUHfXpCmIiSFQtM

လျှောက်လွှာကို ၂၀၂၄ ခုနှစ် မေလ (၁၀) ရက်နေ့ နောက်ဆုံးထားပြီး ဖြည့်ရမှာပါ။ မေလ (၁၇) ရက်နေ့မှာ အင်တာဗျူးအတွက် ကျောင်းသား/သူတွေကို ရွေးချယ်မှာဖြစ်ပြီး အင်တာဗျုးအောင်တဲ့သူတွေကိုတော့ မေလ (၃၀) ရက်နေ့မှာ ကြေညာပေးသွားမှာပါ။

Scholarship အကြောင်း အသေးစိတ်ဖတ်ရှုရန်

>> http://www.ise.eng.chula.ac.th/news/detail?id=1661&fbclid=IwAR1ubBBAbIZTcrmHEvH-NJfu06o26g9ijAPOls-XxT9md7cStAcfVnYcea0

Related Article : ထိုင်းနိုင်ငံ Suranaree University of Technology မှ ချီးမြှင့်ပေးတဲ့ Royal Scholarship

>> https://www.edge.com.mm/article/-fully-funded-scholarship-65f3d55252782.html

April 7, 2024
© Copyright 2022 | Developed By Impulse International.