Thammasat University က ၂၀၂၅ ပညာသင်နှစ်မှာ နိုင်ငံတကာ ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသားတွေအတွက် စရိတ်ငြိမ်း ကျောင်းတက်နိုင်အောင် Thammasat International Student Recruitment Program (TISR) ကို စီစဉ်ပေးထားပါတယ်။
Host University – Thammasat University
Thammasat University ဆိုတာ နိုင်ငံတကာအဆင့်မီတဲ့ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်ပြီး Tha Prachan၊ Rangist၊ Lampang နဲ့ Pattaya တို့မှာ Campus (၄) ခု ရှိပါတယ်။ ဒီတက္ကသိုလ်မှာ စီးပွားရေး၊ အင်ဂျင်နီယာ၊ နည်းပညာ၊ နိုင်ငံရေး၊ ဥပဒေ၊ ဆေးပညာ၊ လူမှုဗေဒ၊ သတင်းပညာစတဲ့ ပညာရပ်တွေကို အထူးပြုသင်ကြားပေးနေတာ ဖြစ်ပါတယ်။
ရွေးချယ်လျှောက်ထားနိုင်တဲ့ ဘွဲ့ကြို၊ ဘွဲ့လွန် ပရိုဂရမ်များ
> https://oia.tu.ac.th/criteria-and-required-documents/
ပညာသင်ဆု (၂) မျိုး
TISR ပရိုဂရမ်မှာ ကျောင်းလခ ကင်းလွတ်ခွင့်အပြင် တစ်လကို ဘတ် (၈,၀၀၀) ရရှိမယ့် ပညာသင်ဆုနဲ့ ကျောင်းလခ ကင်းလွတ်ခွင့်သာ ရရှိမယ့် ပညာသင်ဆုဆိုပြီး အမျိုးအစား (၂) မျိုး ခွဲထားပါတယ်။
အွန်လိုင်းလျှောက်လွှာ
လျှောက်ထားရမယ့်ပုံစံကတော့ လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့အတူ အောက်ပါအွန်လိုင်းလျှောက်လွှာကို ဖြည့်စွက်ပြီး ၂၀၂၅ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပါတယ်။
> https://sa.tu.ac.th/oth/tu_oia_program/OIA_apply/
ပူးတွဲတင်ပြရမယ့် စာရွက်စာတမ်းများ
- ပတ်စ်ပို့
- အထက်တန်းအောင်လက်မှတ်
- အင်္ဂလိပ်ဘာသာစကားအရည်အချင်းစစ်စာမေးပွဲအမှတ်စာရင်း
- SAT အမှတ်စာရင်း
မှတ်ချက်။ ။ TOEFL၊ IELTS၊ SAT၊ GSAT တို့လို စာမေးပွဲတွေကို ဖြေဆိုထားခြင်း မရှိဘူးဆိုရင် TISR Test ကို မိမိလျှောက်မယ့်မေဂျာဌာနက လက်ခံရင် အစား ဖြေဆိုနိုင်ပါတယ်။ ဒါကြောင့် မေဂျာအလိုက် ဝင်ခွင့်လိုအပ်ချက်တွေကို သေချာဖတ်ကြည့်ဖို့ အထူး လိုအပ်ပါတယ်။
ဧပြီလကုန်မှာ ပထမအဆင့် ရွေးချယ်ခံရသူတွေကို သိရမှာဖြစ်ပြီး အင်တာဗျူးနဲ့ TISR Test အတွက် Information တွေကို မေလ ပထမအပတ်မှာ ကြေညာမှာ ဖြစ်ပါတယ်။ ပညာသင်ဆုအတွက် နောက်ဆုံးအဆင့် ရွေးချယ်ခံရသူတွေကို ၂၀၂၅ ခုနှစ် ဇွန်လ (၂) ရက်နေ့မှာ အသိပေးသွားမှာ ဖြစ်ပါတယ်။
ပညာသင်ဆုအကြောင်း အသေးစိတ်ဖတ်ရှုန် > https://oia.tu.ac.th/announcement/thammasat-university
Thammasat University > https://tu.ac.th/en
