Dusit Thani College ဆိုတာ နိုင်ငံတကာမှာ အဆင့်မြင့်ကြယ်ငါးပွင့်ဟိုတယ်နဲ့ ဗီလာပေါင်း (၃၀၀) နီးပါး ဖွင့်လှစ်ထားတဲ့ ထိုင်းနိုင်ငံရဲ့ အအောင်မြင်ဆုံးဟိုတယ်လုပ်ငန်း Dusit Thani Group ကတည်ထောင်ထားတဲ့ Private College တစ်ခုပဲ ဖြစ်ပါတယ်။
အခု ၂၀၂၆ ပညာသင်နှစ်မှာ Dusit Thani College ကနေ “ASEAN and Asia-Pacific Development Scholarship” ဆိုပြီး Hospitality Management နဲ့ Culinary Arts ဘွဲ့ကြိုသင်တန်းနှစ်ခုအတွက် ပညာသင်ဆုပေးအပ်သွားမှာပါ။
တက်ရောက်ရမယ့်တက္ကသိုလ်
- Dusit Thani College
ရွေးနိုင်တဲ့ပရိုဂရမ် (၂) ခု
- B.B.A Program in Hospitality Management
- B.B.A Program in Culinary Arts
ပညာသင်ဆုကာလ
- (၄) နှစ် (Semester ၈ ခု)
ပညာသင်ဆု (၂) မျိုး
- Full Tuition Fees
- 50% Tuition Fees
ဘယ်သူတွေလျှောက်ထားလို့ရလဲ?
- မြန်မာနိုင်ငံသားဖြစ်ရပါမယ်။
- (၁၂) တန်းအောင်လက်မှတ် (သို့) GED အောင်လက်မှတ် ရှိရပါမယ်။
- ကျောင်းလခအပြည့်အ၀ကင်းလွတ်ခွင့် ပညာသင်ဆုအတွက် GPA (3) နဲ့အထက် (သို့) GED အမှတ် လေးဘာသာပေါင်း (650) ရှိရပါမယ်။
- ကျောင်းလခတစ်ဝက်ကင်းလွတ်ခွင့် ပညာသင်ဆုအတွက် GPA (2.75) နဲ့အထက် (သို့) GED အမှတ် လေးဘာသာပေါင်း (613) ရှိရပါမယ်။
- ပြစ်မှုကင်းရှင်းပြီး မူးယစ်ဆေးသုံးစွဲဖူးသူမဖြစ်ရပါ။
- ကောလိပ်က စစ်ဆေးမယ့် အင်္ဂလိပ်ဘာသာစကားအရည်အချင်းစစ် စာမေးပွဲ ရလဒ် ရှိရပါမယ်။
လိုအပ်တဲ့စာရွက်စာတမ်းများ
- မေဂျာဝင်ခွင့်လျှောက်လွှာ (https://dtc.ac.th/en/courses/international-program/apply)
- ပညာသင်ဆုလျှောက်လွှာ (ဒေါင်းလုတ်လုပ်ပြီး marketing@dtc.ac.th ကို ပေးပို့ရပါမယ်) (https://dtc.ac.th/en/current-students/scholarship/)
- (၁) လက်မပတ်လည် ဓာတ်ပုံ (၁) ပုံ
- ပတ်စ်ပို့
- အထက်တန်းအောင်လက်မှတ် (၂) စောင်
- ပြစ်မှုကင်ရှင်းကြောင်းထောက်ခံစာ
- တခြားအောင်မြင်မှုစာရွက်စာတမ်းများ
နောက်ဆုံးလျှောက်ထားရမယ့်ရက်
- အောက်တိုဘာ (၃)၊ ၂၀၂၅ ခုနှစ်
အသေးစိတ်ဖတ်ရှုရန်
