ပညာရေးဆိုင်ရာတွင် အမြင့်ဆုံးဖြစ်သည့် ဒေါက်တာဘွဲ့၃မျိုးရှိပါတယ်။
၁။ သင်ကြားသုတေတနပြုမှုဆိုင်ရာဒေါက်တာဘွဲ့ (Academic Doctorate)
၂။ လက်တွေ့ကျင့်သုံးခြင်းဆိုင်ရာဒေါက်တာဘွဲ့ (Professional Doctorate)
၃။ ဂုဏ်ပြုချီးမြောက်ခြင်းဆိုင်ရာဒေါက်တာဘွဲ့ (Honorary Doctorate)
၁။ သင်ကြားသုတေတနပြုမှုဆိုင်ရာဒေါက်တာဘွဲ့ (Academic Doctorate)
နံပါတ်၁ဒေါက်တာဘွဲ့အမျိုးအစားမှာ Ph.D. ဖြစ်ပါတယ်။ မည်သည့်ဘာသာရပ် ဆိုင်ရာနယ်ပယ်ဖြစ်ဖြစ် သင်ကြားရေးနှင့်သုတေတနလုပ်ငန်းများကို အားသာသူများ ယူကြသော ဘွဲ့ဖြစ်ပါသည်။ ဘွဲ့အမည်မှာလည်း Ph.D. တစ်ခုတည်းသာလျှင်ဖြစ်ပါတယ်။ အထူးပြုနယ်ပယ် ကို အောက်ပါအတိုင်းဖော်ပြရေးသားကြပါတယ်။
Ph.D. in Medicine
Ph.D. (Management)
ရယူရန်အခက်ခဲဆုံးဘွဲ့ဖြစ်ပါတယ်။ Ph.D. ရရန်အတွက် စာမေးပွဲဖြေခြင်း၊ သုတေတန စာတမ်းတင်သွင်းခြင်း၊ တင်သွင်းထားသောစာတမ်းအပေါ် ပညာရှင်များ၏ စစ်ဆေးမေးမြန်း ချက်များကို ကောင်းစွာဖြေကြားနိုင်ခြင်းတို့ လိုအပ်ပါတယ်။ သုတေတနစာတမ်းကို စာလုံးရေ ၄သောင်းမှ ၈သောင်းအထိ ပြုလုပ်တင်သွင်းရပါတယ်။ သဘောတရား Theory ကိုးကားကူးယူမှု အား အများဆုံး ၁၅% မှ၂၀% အထိသာခွင့်ပြုကြပါတယ်။ မေးခွန်းလွှာပြုစုပြီးကွင်းဆင်းကာ ကိုယ်တိုင်အချက်အလက်များ ကောက်ယူခြင်း၊ လူတွေ့မေးမြန်းခြင်းများ ပြုလုပ်ကြရပါတယ်။
ပြည့်စုံခိုင်မာသော သုတေတနစာတမ်းကိုတင်သွင်းဖြေဆိုနိုင်မှသာ ရသောဘွဲ့ဖြစ်သော ကြောင့် တကယ့် Ph.D. မှန်ပါက သူအထူးပြုသော ဘာသာရပ်နယ်ပယ်တွင် အထူးကျွမ်းကျင် ပိုင်နိုင်သော ချန်ပီယံများဖြစ်ကြပါတယ်။
၂။ လက်တွေ့ကျင့်သုံးခြင်းဆိုင်ရာဒေါက်တာဘွဲ့ (Professional Doctorate)
နံပါတ်၂ ဒေါက်တာဘွဲ့အမျိုးအစားမှာ ဘွဲ့ပေါင်းများစွာရှိပါသည်။ ဥပမာ
Doctor of Medicine
Doctor of Engineering
Doctor of Laws
Doctor of Business Administration
Doctor of Management
စသဖြင့်သက်ဆိုင်ရာဘာသာရပ်နယ်ပယ်အလိုက် ဘွဲ့အခေါ်အဝေါ်အမျိုးမျိုးရှိကြပါတယ်။ Ph.D. ထက် သုတေတနစာတမ်းပြုလုပ်ရာတွင် ပိုမိုပေါ့ပါးပါတယ်။ အများအားဖြင့်စာလုံးရေ ၃သောင်းမှ ၅ သောင်း၀န်းကျင်သာ ပြုလုပ်ရလေ့ရှိပါတယ်။ အဓိကရည်ရွယ်ချက်မှာ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်များတွင် အကောင်းဆုံးလုပ်ဆောင်နိုင်ရန် ရည်ရွယ်ပြီး လေ့ကျင့်သင်ကြား ပေးသော ဘွဲ့အမျိုးအစားဖြစ်ပါတယ်။ သဘောတရား Theory များတွင် နံပါတ်၂ဘွဲ့သမားများမှာ နံပါတ်၁ဘွဲ့သမားများလောက် မကျွမ်းကျင်ကြပါ။ ထို့အတူ နံပါတ် ၁ ဘွဲ့သမားများမှာ လက်တွေ့ လုပ်ဆောင်သောအပိုင်းများတွင် နံပါတ် ၂ ဘွဲ့သမားများ လောက်မကျွမ်းကျင်ကြပါ။ မိမိ၏ ရည်ရွယ်ချက်ပေါ်မူတည်ပြီး ယူရသောဘွဲ့အမျိုးအစားများမတူကြပါ။
၃။ ဂုဏ်ပြုချီးမြောက်ခြင်းဆိုင်ရာဒေါက်တာဘွဲ့ (Honorary Doctorate)
ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ရရှိရန် ကျောင်းဘွဲ့များမလိုအပ်ပါ။ ပေးသောတက္ကသိုလ်က အပေး ခံရသူ၏လုပ်ဆောင်ချက်များကို နှစ်သက်ချီးကျူးကြောင်းပြသည့်အနေဖြင့် ဆုအဖြစ်သာ ပေးအပ်ခြင်းဖြစ်ပါတယ်။ CV တွင်ဖော်ပြပါကလည်း ပညာရေးဘွဲ့ ခေါင်းစဉ်အောက်တွင် မဖော်ပြရပါ။ ဆုအနေဖြင့်သာသီးခြားဖော်ပြရပါတယ်။ ဂုဏ်ထူးဆောင်ဘွဲ့ရသူများမှလည်း မိမိ၏ အမည်ရှေ့တွင် ဒေါက်တာတပ်လေ့မရှိပါ။ တခြားသူများမှလည်း ဘွဲ့ရသူများအား ဘွဲ့ပေးသော အခမ်းအနားတွင်သာ ဒေါက်တာဟု ဂုဏ်ပြုခေါ်ဝေါ်ကြပြီး အခမ်းအနားပြီးနောက်ပိုင်းတွင် ဒေါက်တာဟုဆက်လက်ခေါ်ဝေါ်ကြခြင်းမရှိပါ။ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့များသည် တက္ကသိုလ်များ၏ အခွင့်အာဏာအရ ပေးအပ်သည့်ဆုသာလျှင်ဖြစ်ပါတယ်။ ဘယ်လိုသူမျိုးကို ဘယ်လိုသတ်မှတ်ချက်များဖြင့်ပေးတယ် ဆိုတာကလည်း တက္ကသိုလ်များ၏ လုပ်ပိုင်ခွင့်သာ ဖြစ်ပါတယ်။
