ဗီဇာကင်းလွတ်ခွင့်မရှိတဲ့ နိုင်ငံတွေက လာတဲ့ ခရီးသွားတွေဟာ နယူးဇီလန် eTA လျှာက်လို့မရတာကြောင့် ဧည့်သည်ဗီဇာ လိုအပ်မှာဖြစ်ပါတယ်။
ခရီးသွားလာဖို့၊ စီးပွားရေးအရကုန်သွယ်မှုပြုလုပ်ဖို့ နယူးဇီလန်တွင် လစာမရတဲ့ ကာလတို အလုပ်လုပ်ဖို့၊ အပျော်တမ်းအားကစားကိစ္စ၊ ဆေးစစ်ခြင်း၊ ဆေးကုခြင်း စတဲ့ကိစ္စ အများစုမှာ ဧည့်သည်ဗီဇာနဲ့ နယူးဇီလန်နိုင်ငံမှာ (၃) လထက်မပိုဘဲ ခရီးသွားနိုင်မှာ ဖြစ်ပါတယ်။
ဒီနယူးဇီလန်ဧည့်သည်ဗီဇာဟာဆိုရင် (၃) လထက်ပိုပြီးတော့ သက်တမ်းတိုးလို့မရပါဘူး နော်။ ၉ နှစ်အောက်ကလေးတွေအပါအဝင် ကိုယ့်ရဲ့မိသားစုဝင်တွေကို ဗီဇာလျှောက်လွှာတွင် ထည့်သွင်းလျှောက်ထားနိုင်ပါတယ်။
ဒါပေမယ့် ဗီဇာရဖို့အတွက် ခရီးစဉ်ကုန်ကျစရိတ်အတွက် ငွေကြေးအလုံအလောက်ရှိ ကြောင်း အထောက်အထားကို ပေးဆောင်ရမှာဖြစ်ပါတယ်။ နယူးဇီလန်တွင်နေထိုင်စဉ် တစ်လလျှင် ဒေါ်လာ 1000 ကိုင်ဆောင်ထားရမှာ ဖြစ်ပါတယ်။ ထို့ကြောင့် ဘဏ်စာရင်းရှင်းတမ်း သို့မဟုတ် အကြွေးဝယ်ကတ်အသေးစိတ်အချက်အလက်များကို ရန်ပုံငွေအထောက်အထား အဖြစ် တင်ပြရမှာဖြစ်ပါတယ်။
ဒါ့အပြင် ဒီခရီးသွားဗီဇာကိုင်ဆောင်ထားသူများဟာ ခရီးသွားခြင်း သို့မဟုတ် စီးပွားရေး လုပ်ခြင်းအတွက်သာ ခရီးထွက်ခြင်းဖြစ်ကြောင်း ဖော်ပြထားတဲ့ စာရွက်စာတမ်းများကို တင်ပြရမှာဖြစ်ပါတယ်။
အပြန်လေယာဉ်လက်မှတ် သို့မဟုတ် ရှေ့ဆက်ခရီးသွားမဲ့ အသေးစိတ် အချက်အလက် များကို ဖော်ပြပေးရပါမယ်။
အကယ်၍ အဖွဲ့လိုက် ခရီးသွားမယ်ဆိုပါက New Zealand Group Visitor Visa ကို လျှောက်ထားနိုင်ပါတယ်။ ဒါပေမဲ့ တစ်စုတစ်ဝေးတည်း အတူအူရောက်ရှိပြီး အတူတူ ပြန်လည် ထွက်ခွာရမှာဖြစ်ပါတယ်။ New Zealand Group Visitor Visa လျှောက်တဲ့နေရာမှာ အဖွဲ့ကိုယ်စားပြုသူတစ်ဦးက အဖွဲ့လိုက်ဗီဇာလျှောက်လွှာကို ဖြည့်သွင်းရမှာဖြစ်ပြီး တော့ တစ်ဦးချင်းစီအလိုက် လျှောက်လွှာကို ထပ်မံဖြည့်သွင်းရမှာဖြစ်ပါတယ်။
