နိုင်ငံခြားပညာတော်သင်ဆု ရယူလိုသူများအတွက် လမ်းညွှန်သင်ကြားပြသပေးမယ့် Program

နိုင်ငံခြားမှာ ပညာတော်သင်ဆု ၁၀၀ ရာခိုင်နှုန်း အပြည့်အဝရယူလိုသူများ၊ ၈၅ ရာခိုင်နှုန်း ရယူလိုသူများ နှင့် ၅၀ ရာခိုင်နှုန်းရယူလိုသူများ၊ ပညာတော်သင်ဆု လျှောက်ချင်ပြီး နိုင်ငံခြားမှာ ကျောင်းတက်ချင်တယ် ဘယ်ကစရမှန်းမသိ၊ ဘယ်လို လိုအပ်ချက်တွေ ရှိမှန်းမသိ၊ ဘယ်လိုပြင်ဆင်ရမှန်းမသိ ဖြစ်နေသူများအတွက်  The Pre-Collegiate Program of Yangon ရဲ့ ၁၆ လတာကြာမြင့်မယ့် ပရိုဂရမ်တစ်ခုအကြောင်း မိတ်ဆက်ပေးချင်ပါတယ်။

The Pre-Collegiate Program of Yangon?

အရင်ဆုံး Pre-Collegiate Program of Yangon ဆိုတာဘာလဲ ပြောပြပေးချင်ပါတယ်။ Pre-Collegiate Program of Yangon ဆိုတာကတော့ ၂၀၀၃ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ်ဝင်တန်း (သို့မဟုတ်) ဖြေဆိုအောင်မြင်ပြီးထားသော အသက် ၁၅ နှစ်မှ ၂၁ နှစ်အတွင်းရှိ ကျောင်းသူကျောင်းသူများကို နိုင်ငံတကာမှာ ပညာသင်ခွင့်ရရှိအောင် ပေါင်းကူးဆောင်ရွက်ပေးနေတဲ့ Non-Profit စာသင်ကျောင်းတစ်ခုပဲဖြစ်ပါတယ်။

ဒီပရိုဂရမ်မှာ ပါဝင်လိုတဲ့ ကျောင်းသား/သူများအနေနဲ့ မိမိရဲ့ မိသားစုဝင်ငွေပေါ်မူတည်ပြီး ကျောင်းလခပေးသွင်းရတာမျိုးတော့ ရှိပါတယ်။ တက်ရောက်ရမည့် ကာလမှာ ၁၆ လ ကြာမြင့်မည်ဖြစ်ပြီးတက်ရောက်နေစဥ် ကာလအတွင်း နိုင်ငံခြား တက္ကသိုလ်ဝင်ခွင့်တွေကို ရရှိဖို့အတွက် လမ်းညွှန်ဆောင်ရွက်ပေးသွားပါတယ်။

ပညာတော်သင်ဆု အနေနဲ့ တချို့ကျောင်းသားများက ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ရရှိပြီး တစ်ချို့ကျောင်းသားများမှာမူ ၈၅ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်း ရရှိကြတာမျိုးလည်းရှိပါတယ်။

ဘယ်လိုကျောင်းသားမျိုးတွေက The Pre-Collegiate Program of Yangon ကို Join သင့်လဲ

  • အင်္ဂလိပ်စာလေ့လာရတာကြိုက်နှစ်သက်ပြီး ဘာသာဗေဒကျွမ်းကျင်မှုအဆင့်တွင် အနည်းဆုံး Intermediate Level ရှိထားသူ

  • စာဖတ်အားကောင်းသူ

  • စာရေးစာဖတ် နှစ်သက်သူ

  • Discussion-based နဲ့ Student Centered Learning ကို ကြိုက်နှစ်သက်သူ

ပညာအရည်အချင်း အနေနဲ့က တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်ပြီးရင် တက်ရောက်လို့ရပါတယ်။ အကယ်၍ သင်က တက္ကသိုလ်ဝင်တန်း မအောင်ထားဘူးဆိုရင်တော့ IGCSE (သို့မဟုတ်) GED အောင်လက်မှတ်တစ်ခုခု ရှိထားရပါမယ်။

ပရိုဂရမ်မှာဘယ်ဘာသာရပ်တွေသင်ကြားရမှာလဲ

  • Environmental Studies

  • Psychology

  • Gender Studies

  • College Counseling

  • History

  • Civic Engagement

  • International Relations

  • Weekly Guest Speaker Session

  • Service Learning

  • ဆရာ/ဆရာမများ ရရှိနိုင်မှုအပေါ်မူတည်ပြီး သင်ကြားရမည့် ဘာသာရပ်များ နှစ်အလိုက်ကွဲပြားမှု ရှိနိုင်ပါတယ်။ သင်ကြားပေးတဲ့ အတန်းအားလုံးကိုတော့ တက်ရောက်ရန် လိုအပ်ပါတယ်။

ပရိုဂရမ်ကနေ ဘယ်လိုအကျိုးကျေးဇူးတွေရရှိမှာလဲ

  • ကမ္ဘာ့တက္ကသိုလ်အသီးသီးမှာ သင်ကြားတဲ့ဘာသာရပ်တွေ၊ သင်ကြားမှုပုံစံတွေနဲ့ အကျွမ်းတဝင်ဖြစ်လာစေခြင်း

  • Discussion-based Learning ဖြစ်တဲ့အတွက် ပြောရဲဆိုရဲဖြစ်လာစေခြင်း

  • အမှတ်ပေးစည်းမျဥ်းတွေနဲ့ အမှတ်ကောင်းဖို့ရန်လုပ်ရမည့်နည်းလမ်းတွေကို ထဲထဲဝင်ဝင်နားလည်လာခြင်း

  • ဘယ်အချိန်မှာ ဘယ်စာမေးပွဲဖြေရမယ်၊ဘယ်အချိန်မှာ ကျောင်းလျှောက်ပြီး ပညာသင်ဆုအတွက်ဘာတွေလိုအပ်တယ်၊ဖောင်တွေဘယ်လိုတင်ရမယ်ဆိုတာ သိရှိနားလည်သဘောပေါက်နိုင်ခြင်း

  • ဘယ်တက္ကသိုလ် ကတော့ ဘယ်အလောက်အထိ ပညာသင်ဆုရနိုင်တယ်ဆိုတဲ့လမ်းညွှန်ချက်များကို သိရှိနိုင်ခြင်း

  • အတွေ့အကြုံရှိ၊ College Data နဲ့ Network ကျယ်ကျယ်ပြန့်ပြန့်ရှိတဲ့ နိုင်ငံရပ်ခြားမှ ဆရာဆရာမများနဲ့ သင်ကြားရခြင်း

အသက်ကန့်သတ်ချက်ကတော့ ၁၅ နှစ်မှ ၂၁ နှစ်အတွင်းဖြစ်ပါတယ်။ The Pre-Collegiate Program of Yangon ကို Join ချင်တယ်ဆိုရင်တော့ ဝင်ခွင့်စာမေးပွဲဖြေဆိုရန် လိုအပ်ပါတယ်။

English Reading and Critical Thinking အရည်အသွေး နဲ့ Maths Level ကိုစစ်ဆေးမယ့် အချိန် ၂ နာရီခွဲခန့်ကြာတဲ့ ဝင်ခွင့်စာမေးပွဲကို ဖြေဆိုရမှာပါ။ စာမေးပွဲကို Online မှတစ်ဆင့်ဖြေဆိုရမှာပါ။

စာမေးပွဲဖြေဆိုရန်အတွက် လျှောက်လွှာတွေကို စတင်လက်ခံနေပြီပဲဖြစ်ပြီး အောက်ဖော်ပြပါ လင့်ခ်မှတစ်ဆင့် လျှောက်လွှာတင်လို့ရပါတယ်။

https://forms.gle/fbbx2nukDdmtmGSJ6

Deadline ကတော့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ (စနေနေ့) ညနေ ၅ ငါးနာရီပါ။

ဘယ်နိုင်ငံ နဲ့ ဘယ်တက္ကသိုလ်တွေမှာ ပညာသင်လို့ရမှာလဲ

 The Pre-Collegiate Program of Yangon ကို ၁၆ လကြာ တက်ရောက်ပြီးပြီဆိုရင်တော့ မေရိကန်၊ ဂျာမနီ၊ ဟောင်ကောင်၊ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်၊ အိန္ဒိယ အစရှိသည့်နိုင်ငံများမှာ ပညာဆက်လက်သင်ယူလို့ရမှာပါ။

ဒါပေမယ့် ယခုပရိုဂရမ်မှာ ချိတ်ဆက်ထားတဲ့ ကျောင်းများကိုသာ ပို့ဆောင်ပေးတဲ့ ပရိုဂရမ်တစ်ခု မဟုတ်တဲ့အတွက် အခါအားလျော်စွာ ကျောင်းသူ ကျောင်းသားတို့မှာ အသစ်အသစ်သော တက္ကသိုလ်များဆီသို့လည်း လျှောက်လွှာတင်နိုင်ပါတယ်။

အောက်မှာ ဖော်ပြထားတဲ့ ကျောင်းတွေကတော့ The Pre-Collegiate Program of Yangon မှ ကျောင်းသူကျောင်းသား များတက်ရောက်နေဆဲ သို့မဟုတ် တက်ရောက်ခဲ့သော တက္ကသိုလ်များပဲ ဖြစ်ပါတယ်။

  • Ashoka University

  • College of Atlantic

  • Gettysburg College

  • Middlebury College

  • Skidmore College

  • Asian University for Women

  • College of St. Elizabeth

  • Georgetown University

  • Morehouse College

  • Smith College

  • Bard College at Simon’s Rock

  • College of St. Scholastica

  • Green Mountain College

  • Mt. Allison University

  • St. John’s College

  • Bard College

  • College of Wooster

  • Grinnell College

  • Northwestern University

  • St. Olaf College

  • Bates College

  • Cottey College

  • Hampden-Sydney College

  • Oberlin College

  • Stetson University

  • Beloit College

  • Concord University

  • ICLA – International College of Liberal Arts

  • Occidental College

  • Swarthmore College

  • Berea College

  • Concordia College

  • Illinois Wesleyan University

  • Randolph College

  • Trinity College

  • Bowdoin College

  • Cornell College

  • Institut d’Etudes Politiques

  • (Sciences Po)

  • Randolph-Macon College

  • Tufts University

  • Bryn Mawr College

  • Davidson College

  • International Christian University

  • Reed College

  • Union College

  • Bucknell University

  • Denison University

  • Jacobs University

  • Roanoke College

  • University of Evansville

  • Carleton College

  • Dickinson College

  • Kenyon College

  • Sarah Lawrence College

  • University of Maine, Farmington

  • Chadron State College

  • Dominican University

  • King Mongkut’s University

  • of Technology Thonburi

  • Scripps College

  • University of Malmo

  • Chatham College

  • Duke Kunshan University

  • Lakeland College

  • Sewanee, College

  • of the South

  • University of Western

  • Sydney

  • City University of

  • Hong Kong

  • Eartham College

  • Lawrence University

  • Shenandoah University

  • Vassar College

  • Colby College

  • European College of

  • Liberal Arts

  • Lehigh University

  • Silliman University

  • Whitman College

  • Colby Sawyer College

  • Furman University

  • McDaniel College

  • Singapore Management

  • University

  • William Penn University

 The Pre-Collegiate Program of Yangon ကိုတက်ရောက်ဖို့ ကုန်ကျစရိတ်ဘယ်လောက်ရှိလဲ

ကုန်ကျစရိတ်က (၂) ပိုင်းရှိပါတယ်။ The Pre-Collegiate Program of Yangon မှာ ၁၆ လတာတက်ရောက်ရန်အတွက် ကုန်ကျစရိတ် နဲ့ ၄ နှစ်တာ တက္ကသိုလ်အတွက်ကုန်ကျစရိတ်တို့ပဲဖြစ်ပါတယ်။

The Pre-Collegiate Program of Yangon ရဲ့ ၁၆ လတာကုန်ကျစရိတ်မှာ အမေရိကန်‌‌‌ဒေါ်လာ ၁၀၆၀၀ ဖြစ်ပါတယ်။ ၄င်းကုန်ကျစရိတ်အတွက် Need-blind Scholarship ပေးပါတယ်။ လျှောက်ထားလိုသူများအနေနဲ့ ဝင်ငွေအချက်အလက်နှင့် သက်ဆိုင်သော စာရွက်စာတမ်းများကိုတင်ပြရန် လိုအပ်ပါတယ်။

The Pre-Collegiate Program of Yangon တက်ရောက်အောင်မြင်ပြီး နိုင်ငံခြားတွင် တက္ကသိုလ်တက်ရောက်ရန်အတွက် ကုန်ကျစရိတ်မှာမူ မိမိရွေးချယ်တဲ့ နိုင်ငံအလိုက် ကွဲပြားမည်ဖြစ်ပြီး ပညာသင်ဆု အပြည့်အဝရရှိခြင်း/မရရှိခြင်းက မိမိရဲ့ The Pre-Collegiate Program of Yangon မှာ ရရှိခဲ့တဲ့ GPA ရလဒ်များ နဲ့ ဆရာဆရာမများရဲ့  ထောက်ခံချက်များပေါ်တွင် မူတည်မှာပဲဖြစ်ပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ပညာတော်သင်ဆု အနေနဲ့ တချို့ကျောင်းသားများက ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ရရှိပြီး တစ်ချို့ကျောင်းသားများမှာမူ ၈၅ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်း ရရှိကြတာမျိုးလည်းရှိပါတယ်။

ယခုပရိုဂရမ်မှာ The Pre-Collegiate Program of Yangon ရဲ့ ၂၁ ကြိမ်မြောက် ကျောင်းသား/သူ ခေါ်ယူခြင်းဖြစ်ပြီး တစ်နှစ်ကို အယောက် ၂၀ ပဲခေါ်ယူတာဖြစ်ပါတယ်။

March 19, 2024
© Copyright 2022 | Developed By Impulse International.