နိုင်ငံခြားမှာ ကျောင်းသွားတက်မယ်ဆိုရင် ရွေးချယ်သင့်တဲ့တက္ကသိုလ် (၁၀) ခု

၂၀၂၃ ခုနှစ်အတွက် The Times Higher Education (THE) က နိုင်ငံပေါင်း (၁၀၄) နိုင်ငံမှ အကောင်းဆုံးတက္ကသိုလ် (၁,၈၀၀) ခန့်ကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒီတက္ကသိုလ်တွေထဲကမှ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ တက္ကသိုလ် (၁၀) ခုကို ထုတ်နှုတ် ဖော်ပြပေးသွားပါမယ်။

နာမည်ကြီး တက္ကသိုလ်တွေချည်းပဲမို့ နိုင်ငံခြားကို ကျောင်းသွားတက်ဖို့ စဉ်းစားနေတဲ့သူတွေ၊ ဘယ်နိုင်ငံက ဘယ်ကျောင်းတက်ရင် ကောင်းမလဲ လိုက်လေ့လာနေတဲ့ သူတွေအနေနဲ့ ပိုက်ဆံလည်း တတ်နိုင်တယ်ဆိုရင် ဒီကျောင်းတွေမှာ သွားတက်ကြည့်ဖို့ အကြံပြုချင်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းထဲမှာ ပါဝင်တဲ့ ကျောင်း (၁,၇၉၉) ခုကိုလည်း အောက်မှာ ဖော်ပြပေးထားပါတယ်။

ထုံးစံအတိုင်း တက္ကသိုလ် (၁၀) ခုစလုံးက အမေရိကနဲ့ ဗြိတိန် နိုင်ငံတွေကချည်းပဲ ဖြစ်ပါတယ်။ ကျောင်းတစ်ခုချင်းစီအကြောင်းနဲ့ ပြည်ပနိုင်ငံတွေက လက်ခံတဲ့ ကျောင်းသားရာခိုင်နှုန်းတွေကို အောက်မှာ ဖတ်ရှု လေ့လာနိုင်ပါတယ်။

၁။ University of Oxford

နာမည်ကြီး အောက်စ်စဖို့တက္ကသိုလ်ဟာ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းထဲမှာ ပထမနေရာကို ရယူထားပါတယ်။ ဗြိတိန်က အင်္ဂလန်နိုင်ငံ၊ အောက်စဖို့မှာ တည်ရှိပြီး ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း (၁၄၀) ကျော်လောက်က ကျောင်းသားတွေ လာရောက် ပညာသင်ယူပါတယ်။

နှစ်စဉ် ကျောင်းသား (၂၀,၀၀၀) ကျော်ခန့် ရှိပြီး ပြည်ပနိုင်ငံတွေက ကျောင်းသားတွေကို (၄၂) ရာခိုင်နှုန်းထိ လက်ခံ သင်ကြားပေးပါတယ်။ ကျောင်းသားဟောင်း (၂၅၀,၀၀၀) ကျော် ရှိပြီး အများစုက လူသိများ၊ အောင်မြင်၊ ကျော်ကြားကြသူတွေ ဖြစ်ပါတယ်။

၂။ Harvard University

အမေရိကရဲ့ ရှေးအကျဆုံး တက္ကသိုလ်တစ်ခုဖြစ်တဲ့ ဟားဗက်တက္ကသိုလ်က ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းထဲမှာ ဒုတိယနေရာ ရောက်နေပေမယ့် အမေရိကား တက္ကသိုလ်တွေထဲမှာတော့ ထိပ်ဆုံးနေရာကို ရရှိထားပါတယ်။ Cambridge, Massachusetts မှာ တည်ရှိပါတယ်။

နှစ်စဉ် ကျောင်းသား (၂၀,၀၀၀) ကျော်ကို ပညာသင်ကြားပေးပြီး ပြည်ပနိုင်ငံတွေက ကျောင်းသား (၂၅) ရာခိုင်နှုန်းလောက်ကိုပဲ လက်ခံပါတယ်။ ကျောင်းသားဟောင်း (၃၂၃,၀၀၀) ဦး ရှိပြီး ဒီကျောင်းက ထွက်တဲ့သူတွေဟာ အောင်မြင် ကျော်ကြားသူ များပါတယ်။

၃။ University of Cambridge

နှစ်ပေါင်း (၈၀၀) ကျော် သက်တမ်းရှိပြီဖြစ်တဲ့ ကမ်းဘရစ်တက္ကသိုလ်ကတော့ ဗြိတိန်က အင်္ဂလန်နိုင်ငံ၊ ကမ်းဘရစ်မှာ တည်ရှိပြီး ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းထဲမှာ တတိယနေရာကို ရယူထားပါတယ်။

အင်္ဂလန်အပြင် ကမ္ဘာ့နိုင်ငံအနှံ့အပြားက ကျောင်းသားပေါင်း (၁၈,၀၀၀) လောက် နှစ်စဉ် လာရောက် တက်ရောက်ကြပြီး နိုင်ငံပေါင်း (၁၂၀) ကျော်က ကျောင်းသား (၃၉) ရာခိုင်နှုန်းကို လက်ခံ သင်ကြားပေးပါတယ်။ ထူးချွန် အောင်မြင်သူတွေ များစွာ ထွက်ရှိတဲ့ ကျောင်းလည်း ဖြစ်ပါတယ်။

၄။ Stanford University

စတန်းဖို့ဒ် တက္ကသိုလ်ဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာ တည်ရှိပြီး ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းရဲ့ စတုတ္တယမြောက် နေရာမှာ ရပ်တည်နေပါတယ်။ နှစ်စဉ် ကျောင်းသားပေါင်း (၁၆,၀၀၀) ကို ပညာ သင်ကြားပေးနေပြီး ပြည်ပနိုင်ငံတွေက ကျောင်းသား (၂၄) ရာခိုင်နှုန်းကို လက်ခံ သင်ကြားပါတယ်။ လူတော်လူကောင်းတွေ ထွက်ရှိပြီး ချမ်းသာကြွယ်ဝကြသူတွေလည်း များပါတယ်။

၅။ Massachusetts Institute of Technology

နည်းပညာတက္ကသိုလ်တစ်ခု ဖြစ်တဲ့ MIT ဟာလည်း အမေရိကန်ပြည်ထောင်စု Cambridge, Massachusetts မှာ တည်ရှိပြီး ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းမှာ ပဉ္စမနေရာကို ရယူထားပါတယ်။ နှစ်စဉ် ကျောင်းသားပေါင်း (၁၁,၀၀၀) ကျော်ကို မွေးထုတ်ပေးနေပြီး ပြည်ပနိုင်ငံတွေက ကျောင်းသား (၃၃) ရာခိုင်နှုန်းလောက်ထိ ပညာသင်ကြားပေးပါတယ်။

၆။ California Institute of Technology

နောက်ထပ် နည်းပညာတက္ကသိုလ် တစ်ခုဖြစ်တဲ့ CIT ဟာလည်း California, Pasadena မှာ တည်ရှိပြီး ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းမှာ နံပါတ် (၆) နေရာ ရရှိထားပါတယ်။ ကျောင်းသား (၂,၂၀၀) ကျော်လောက်ပဲ ရှိပေမယ့် အဲဒီထဲက (၃၄) ရာခိုင်နှုန်းကို ပြည်ပနိုင်ငံက တက်ရောက်လိုသူတွေအတွက် လက်ခံ သင်ကြားပေးနေတာ ဖြစ်ပါတယ်။

၇။ Princeton University 

အမေရိကန် New Jersey မှာ တည်ရှိတဲ့ ပရင့်စ်တွန်တက္ကသိုလ်မှာလည်း နှစ်စဉ် ကျောင်းသား (၈,၂၀၀) လောက်ပဲ လက်ခံ သင်ကြားပေးပါတယ်။ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းရဲ့ နံပါတ် (၇) နေရာမှာ ရပ်တည်နေပြီး စုစုပေါင်း ကျောင်းသားရဲ့ (၂၃) ရာခိုင်နှုန်းလောက်ကိုပဲ ပြင်ပကျောင်းသားတွေအတွက် ထား သင်ကြားပါတယ်။

၈။ University of California, Berkeley 

ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းရဲ့ နံပါတ် (၈) နေရာမှာ ရပ်တည်နေတာကတော့ Berkeley မှာ ရှိတဲ့ ကယ်လီးဖိုးနီးယားတက္ကသိုလ်ပဲ ဖြစ်ပါတယ်။ နှစ်စဉ် ကျောင်းသားစုစုပေါင်း (၄၀,၀၀၀) ကျော်ထိ လာရောက် ပညာသင်ယူကြပြီး ကမ္ဘာတစ်ဝှမ်းက ကျောင်းသား (၂၄) ရာခိုင်နှုန်းလောက်ကို လက်ခံ သင်ကြားပေးနေပါတယ်။

၉။ Yale University

ဒီတက္ကသိုလ်ဟာဆိုရင်လည်း အမေရိကန် New Haven, Connecticut မှာ ရှိပြီး ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းမှာ နံပါတ် (၉) နေရာကနေ ပါဝင်နေပါတယ်။ နှစ်စဉ် ကျောင်းသား (၁၃,၀၀၀) ကျော် လာရောက် ပညာသင်ယူကြပြီး ပြည်ပနိုင်ငံတွေက ကျောင်းသား (၂၁) ရာခိုင်နှုန်းကို လက်ခံ ပညာသင်ကြားပေးနေတာ ဖြစ်ပါတယ်။

၁၀။ Imperial College London 

ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် (၁၀) ရဲ့ နောက်ဆုံးတစ်ခုကတော့ လန်ဒန်မြို့လယ်မှာ တည်ရှိတဲ့ Imperial College ဖြစ်ပြီး သိပ္ပံ၊ အင်ဂျင်နီယား၊ ဆေးဝါးနဲ့ စီးပွားရေးဆိုင်ရာ ဘာသာရပ်တွေကို သင်ကြားပေးပါတယ်။ ကမ္ဘာ့နိုင်ငံ အနှံ့အပြားက ကျောင်းသားဦးရေ (၁၈,၀၀၀) လောက် လာရောက် ပညာသင်ယူကြပြီး ပြည်ပနိုင်ငံတွေက ကျောင်းသား (၆၁) ရာခိုင်နှုန်းထိ လက်ခံပေးတဲ့ ကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။

၁၀။ Imperial College London 

ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် (၁၀) ရဲ့ နောက်ဆုံးတစ်ခုကတော့ လန်ဒန်မြို့လယ်မှာ တည်ရှိတဲ့ Imperial College ဖြစ်ပြီး သိပ္ပံ၊ အင်ဂျင်နီယား၊ ဆေးဝါးနဲ့ စီးပွားရေးဆိုင်ရာ ဘာသာရပ်တွေကို သင်ကြားပေးပါတယ်။ ကမ္ဘာ့နိုင်ငံ အနှံ့အပြားက ကျောင်းသားဦးရေ (၁၈,၀၀၀) လောက် လာရောက် ပညာသင်ယူကြပြီး ပြည်ပနိုင်ငံတွေက ကျောင်းသား (၆၁) ရာခိုင်နှုန်းထိ လက်ခံပေးတဲ့ ကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။

November 12, 2023
© Copyright 2022 | Developed By Impulse International.