နောက် ၁၈ လအတွင်း AI Chatbot တွေက ကလေးတွေကို စာရေးစာဖတ်တတ်အောင် ကူညီပေးသွားမယ်ဆိုတဲ့ ဘီလ်ကိတ်

“AI Chatbot က လူတွေလုပ်နိုင်သလိုမျိုး ကျူတာကောင်းတစ်ယောက်အဖြစ် လုပ်နိုင်စွမ်းရှိမှာပါ”လို့ ကမ္ဘာ့ချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းဝင် Microsoft တွဲဖက်တည်ထောင်သူ ဘီလ်ကိတ်က ASU+GSV Summit မှာ ပြောသွားခဲ့ပါတယ်။

ဘီလ်ကိတ်က AI Chatbot တွေကို မယုံနိုင်လောက်အောင် စိတ်ဝင်စားနေပြီး AI ဟာ အရင်က မလုပ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ကျောင်းသား/သူတွေကို စာရေးစာဖတ်နိုင်စွမ်းရှိအောင် မကြာခင် ကူညီသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ “ယနေ့ခေတ် Chatbot တွေက စာရေးစာဖတ်တဲ့နေရာမှာ မယုံနိုင်လောက်အောင် ကျွမ်းကျင်ပါတယ်။ အစမှာတော့ သူတို့တွေ စာရေးစာဖတ်တတ်အောင် ဘယ်လိုကူညီသွားမလဲဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တအံ့တဩဖြစ်ကြရမှာပါ”လို့ ဘီလ်ကိတ်က ပြောပါတယ်။

စာရေးတတ်ဖို့ သင်ကြားတာက ကွန်ပျူတာတစ်လုံးအတွက် ခက်ခဲတဲ့အလုပ်ဆိုတာ သက်သေပြထားပြီးကြောင်း၊ ဒါပေမဲ့ အခုဆိုရင် AI Chatbot က လူသားလို ဘာသာစကားပြောင်းလဲမှုကို မှတ်သားပြီး ပြန်လည်ဖန်တီးနိုင်စွမ်းရှိကြောင်း ပြောပါတယ်။

နောက် ၁၈ လအတွင်းမှာ Al တွေက ဆရာ/ဆရာမတွေရဲ့လက်ထောက်တွေအနေနဲ့ ရောက်ရှိလာမှာဖြစ်ပြီး စာရေးတာနဲ့ပတ်သက်ပြီး အကြံပြုချက်ပေးသွားမှာဖြစ်တယ်။ AI Chatbot တွေကို ပိုမိုဈေးသက်သာပြီး အသုံးပြုနိုင်မှာဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

November 7, 2023
© Copyright 2022 | Developed By Impulse International.