တကယ်တော့ Scholarship လျှောက်တယ်ဆိုတာ Risk ယူရဲမှ ရမှာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမှလည်းရပါတယ်။
ပညာသင်ဆုပေးတဲ့သူတွေက ဒေါ်လာ သောင်းနဲ့ချီကို သူတို့ယုံကြည်တဲ့သူ တကယ်စိတ်အားထက်သန်တဲ့သူကိုပဲ ပေးတာပါ။
အဲ့လိုပဲ သူဘယ်လောက်ကြိုးစားထားလဲ။ သူကဘာတွေပြန်လုပ်ပေးနိုင်တဲ့သူလဲ အပေါ်မှာကြည့်ပြီးလည်း ပေးတာရှိပါတယ်။
ထိုင်းတို့ မလေးရှားတို့ ဖိလစ်ပိုင်တို့က ပညာသင်ဆုတွေက Risk အများကြီးယူစရာမလိုသလို ပညာသင်ဆုအတွက်သူတို့ပေးတဲ့ စရိတ်ကလည်း အများကြီးမဟုတ်ပါဘူး။
အနောက်နိုင်ငံကပညာသင်ဆုတွေကတော့ အဲ့လိုမဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးက ကိုယ်လိုသူလိုနိုင်ငံတွေက လူတွေသောင်းနဲ့ချီစုပြုံတိုးဝှေ့နဲ့နေရာမှာ ပညာသင်ဆုတစ်နေရာစာရဖို့ မလွယ်ပါဘူး။ ဘက်စုံကိုကြည့်ရွေးကြပါတယ်။
မြန်မာတွေကမညံ့ပါဘူး။ တစ်ဦးကောင်းတွေ အများကြီးရှိပါတယ်။ အရေးကြီးတာ အခွင့်အလမ်းတွေက လက်တကမ်းမှာရှိနေတာ ကိုယ်တိုင်သိနေဖို့ပဲ။ လေ့လာနေဖို့ပါပဲ။
ဒီနှစ်ပိုင်းမှာပါပဲ။ မမျှော်လင့်ဘဲ Oxford ကကျောင်းဝင်ခွင့် တာဝန်ခံတစ်ယောက်နဲ့ စကားပြောခွင့်ရခဲ့တယ်။ သူပြောပုံအရဆို မြန်မာနိုင်ငံကထူးချွန်ကျောင်းသားတွေအတွက် သူတို့ဆီမှာနေရာတွေရှိပြီးသားပဲ။ ဒီကလျှောက်ဖို့ပဲ လိုတာ။ များများသာလျှောက်ပါလည်း သူကပြောတယ်။
