ဘွဲ့မရသေးလည်း ပဲရစ်မြို့မှာ ကျောင်းတက်နိုင်မယ့်ပညာသင်ဆု

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရဲ့ ဂုဏ်သတင်းကျော်ဇောတဲ့ École Normale Supérieure (ENS) တက္ကသိုလ်မှာ နှစ်စဉ်နှစ်တိုင်း နိုင်ငံတကာကျောင်းသားတွေကို ပညာသင်ဆုပေးလျက်ရှိပါတယ်။ တက္ကသိုလ် တတိယနှစ် စတက်မယ့် ကျောင်းသား/သူတွေ၊ မာစတာတန်း စတက်မယ့် ကျောင်းသား/သူတွေအတွက် သိပ္ပံ၊ အနုပညာနဲ့ လူမှုဘာသာရပ်တွေကို လေ့လာနိုင်မယ့် ပညာသင်ဆု အစီအစဉ်ဖြစ်ပါတယ်။

ဒီပညာသင်ဆုရဲ့ ထူးခြားချက်က Bachelor နဲ့ Master ကို ပေါင်းစပ်သင်ကြားပေးတဲ့ ပရိုဂရမ်မျိုးဖြစ်တဲ့အတွက် ဘွဲ့မရသေးသူများလည်း လျှောက်ထားနိုင်ပြီး သင်တန်းပြီးဆုံးရင် မာစတာဘွဲ့ကိုပါ ရရှိမယ့် အခွင့်အရေး ဖြစ်ပါတယ်။

Host Country: France

University Name: École Normale Supérieure (ENS)

Degree Level: Bachelor + Master (Integrated Curriculum)

Deadline: 12 December 2024 (Paris time)

Duration – 3 years

ရွေးချယ်တက်ရောက်နိုင်မယ့် ဘာသာရပ်များ

Arts & Humanities

  • Anthropology
  • Archaeology
  • Classical Studies (Greek, Latin)
  • Film Studies
  • Theatre Studies
  • History of Art
  • Musicology
  • Cognitive Sciences
  • Economics
  • Political Studies
  • Geography
  • History
  • History and Philosophy of Law
  • History and Philosophy of Science
  • Linguistics (language sciences)
  • Literature
  • Philosophy
  • Sociology

Sciences

  • Biology
  • Chemistry
  • Earthscience
  • Computing science
  • Mathematics
  • Physics
  • Cognitive sciences

သင်ကြားမှုပြီးဆုံးရင် ကျောင်းသားတွေအတွက် ENS က ပေးအပ်မယ့် ဒီပလိုမာဘွဲ့နဲ့ ကိုယ်ရွေးချယ်ထားတဲ့ အထူးပြုဘာသာရပ်ရဲ့ မာစတာဘွဲ့ (၂) ခုစလုံး ရရှိမှာဖြစ်ပါတယ်။

အကျိုးခံစားခွင့် 

  • တစ်လကို ၁,၀၀၀ ယူရို
  • အဆောင်
  • ကျူရှင်စရိတ်

လျှောက်ထားနိုင်တဲ့ အရည်အချင်း သတ်မှတ်ချက်

  • ဒီဇင်ဘာ (၁) ရက်နေ့မှာ အသက် (၂၆) နှစ်ထက် မကျော်သူများ
  • ပြင်သစ်နိုင်ငံမှာ (၁၀) လထက် ပိုမနေဖူးသူများ
  • ပြင်သစ်စကားတတ်သူများ
  • ဒီပညာသင်ဆုကို ပထမဆုံး လျှောက်မယ့်သူများ
  • အနည်းဆုံး တက္ကသိုလ် ဒုတိယနှစ်အထိ တက်ရောက်အောင်မြင်ပြီးသူများ

လျှောက်ထားပုံအဆင့်ဆင့်

– အွန်လိုင်းလျှောက်လွှာ တင်ရပါမယ်။ >> https://candidatures.ens.psl.eu/SI24/

– လိုအပ်တဲ့ စာရွက်စာတမ်းတွေကို PDF ဖော်မတ်နဲ့ အပ်လုဒ်လုပ်ရမယ့် Dematec မှာ အကောင့်ဖွင့်ဖို့ အီးမေးလ်တစ်စောင် နှစ်ရက်အတွင်း ရပါမယ်။

– Dematec မှာ အချက်အလက်တွေ ဖြည့်စွက်ပြီးပြီဆိုရင် အကဲဖြတ်ရွေးချယ်မယ့်အဖွဲ့ထံကို တင်ပြရပါမယ်။

– ပထမအဆင့် ရွေးချယ်ခံရပါက ရေးဖြေစာမေးပွဲနဲ့ နှုတ်ဖြေစာမေးပွဲအတွက် ဖိတ်ကြားခံရမှာ ဖြစ်ပါတယ်။

– စာမေးပွဲမှာ ရရှိတဲ့ အမှတ်တွေကို စစ်ဆေးပြီး ပညာသင်ဆု ပေးအပ်မယ့် ကျောင်းသားတွေကို ဆုံးဖြစ်မှာဖြစ်ပါတယ်။

Arts & Humanities လျှောက်ထားသူတွေအတွက်

  • ဖောင်လျှောက်ထားမှု : October 17 to December 12, 2024 (23h59, Paris time)
  • ပထမအဆင့်ရွေးချယ်မှု : January 16, 2025
  • ရေးဖြေစာမေးပွဲ : Between February 3 and February 7, 2025
  • နှုတ်ဖြေစာမေးပွဲ : Between February 10 and February 14, 2025
  • နောက်ဆုံးအဆင့်ရွေးချယ်မှု : March 6, 2024

Sciences လျှောက်ထားသူတွေအတွက် 

  • ဖောင်လျှောက်ထားမှု : October 17 to December 12, 2024 (23h59, Paris time)
  • ပထမအဆင့်ရွေးချယ်မှု : January 27, 2025
  • နှုတ်ဖြေစာမေးပွဲ : Between March 4 and March 14, 2025
  • နောက်ဆုံးအဆင့်ရွေးချယ်မှု : March 20, 2025
© Copyright 2022 | Developed By Impulse International.