ဘွဲ့ရအပြင် ဘွဲ့ကြိုတွေပါ လျှောက်ထားနိုင်တဲ့ ဂျပန်နိုင်ငံက အလုပ်သင်အခွင့်အရေး

ဒီနေ့မှာတော့ ဘွဲ့မရသေးတဲ့သူတွေရော ဘွဲ့ရပြီးတဲ့သူတွေပါ စရိတ်ငြိမ်း လျှောက်ထားနိုင်တဲ့ ဂျပန်နိုင်ငံက NIG-Intern ပရိုဂရမ်အကြောင်း မျှဝေပေးချင်ပါတယ်။ NIG-Intern ဆိုတာ National Institute of Genetics (NIG) နှင့် Department of Genetics, SOKENDAI တို့မှ ကမ်းလှမ်းထားတဲ့ သုတေသန အလုပ်သင် အစီအစဥ် ဖြစ်ပါတယ်။

မျိုးရိုးဗီဇနဲ့ သက်ရှိသိပ္ပံဘာသာရပ်တွေမှာ သုတေသန အတွေ့အကြုံကောင်းကောင်းကို ရယူလိုသူတွေ လျှောက်ထားသင့်တဲ့ ပရိုဂရမ်ပါ။ မိမိလေ့လာလိုတဲ့ ပညာရပ်အလိုက် သုတေသန အလုပ်သင်ဆင်းရမယ့် Host laboratories တွေကို အောက်ပါအတိုင်း ရွေးချယ်နိုင်ပါတယ်။

လေ့လာနိုင်မယ့် ပညာရပ်များ

  • Bioinformatics
  • Biophysics and Structural Biology
  • Cell Biology
  • Developmental Biology
  • Evolutionary and Quantitative Biology
  • Genome Biology
  • Molecular Biology and Biochemistry
  • Neurobiology
  • Plant Biology

Host laboratories စာရင်း

>> https://www.nig.ac.jp/jimu/soken/intern/2025/hostlabs.html

ပရိုဂရမ်မှာ ပါဝင်မယ့် ဆောင်ရွက်မှုများ

  • Scientific Research (သိပ္ပံသုတေသန)
  • Scientific Communication (သိပ္ပံသတင်းအချက်အလက်များ မျှဝေမှု)
  • Lab Visits (ဓာတ်ခွဲခန်းများသို့ သွားရောက်လေ့လာခြင်း)
  • Presentation on Experience (အတွေ့အကြုံ မျှဝေတင်ဆက်မှု) တို့ အဓိက ပါဝင်မှာ ဖြစ်ပါတယ်။

ပရိုဂရမ်ကြာချိန်

အလုပ်သင်ကာလကတော့ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၃) ရက်မှ ဇူလိုင်လ (၂၄) ရက်နေ့ထိ ဖြစ်ပါတယ်။

ရရှိမယ့် အကျိုးခံစားခွင့်များ

  • Round-trip Air Ticket
  • Transportation
  • Accommodation
  • Travel Insurance
  • Completed Certificate

ဖော်ပြပါစရိတ်များမှလွဲ၍ တခြားတကိုယ်ရည် အသုံးစရိတ်တွေကိုတော့ လျှောက်ထားသူဘက်မှ ကိုယ်တိုင် ကျခံရပါမယ်။
ဘယ်သူတွေ လျှောက်ထားလို့ရလဲ?

  • Life Science ဘာသာရပ်ကို စိတ်ပါဝင်စားသူ
  • တက္ကသိုလ်တက်ရောက်နေဆဲဆို Pre Final Year တက်ရောက်နေသူ (ဥပမာ – လေးနှစ်ဘွဲ့ကြိုပရိုဂရမ်မှာ တတိယနှစ် တက်ရောက်နေသူ၊ ငါးနှစ်ဘွဲ့ကြိုပရိုဂရမ်မှာ စတုတ္ထနှစ် တက်ရောက်နေသူ)
  • ဘွဲ့ရရှိပြီးသူ

မှတ်ချက် – Pre Final Year မဟုတ်တဲ့ ကျောင်းသားတွေနဲ့ PhD တက်ရောက်နေတဲ့ ကျောင်းသားတွေကို ဒီပရိုဂရမ်အတွက် ရွေးချယ်မှာ မဟုတ်ပါ။

ဘယ်လိုလျှောက်ထားရမလဲ?

အွန်လိုင်းလျှောက်လွှာကနေတဆင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ (၆) ရက်နေ့မှ စပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ (၆) ရက်နေ့အထိ လျှောက်ထားနိုင်ပါတယ်။

Online Application >> ဖောင်စဖွင့်ရင် လင့်ခ်ထည့်ပေးပါမယ်။

ဘာစာရွက်စာတမ်းတွေ ပြင်ဆင်ထားရမလဲ?

  • Letter of Motivation/Self advertisement (500 English words)
  • Curriculum Vitae (In English)
  • Academic Transcripts (In English)
  • Two recommendation letters (From Teachers)
© Copyright 2022 | Developed By Impulse International.