မိမိနဲ့ကိုက်ညီတဲ့ Career ကိုရှာတွေ့ပီလား

မှန်ကန်တဲ့ Career လမ်းကြောင်းပေါ် ရောက်နေရဲ့လားဆိုပြီး ကိုယ့်ကိုယ်ကိုမေးခွန်းထုတ်နေပြီလား?

ယနေ့ခေတ်လို ရွေးချယ်စရာအလုပ်အကိုင် တွေ တောင်လိုယာလို‌ပုံနေပေမယ့် ကိုယ်နဲ့အကိုက်ညီဆုံး Career ကို ရှာတွေ့ဖို့က အနည်းငယ်အခက်တွေ့နိုင်ပါတယ်။

စိတ်အားထက်သန်မှုရှိတဲ့ပညာရပ်နဲ့ အလုပ်အကိုင်ကို အစောပိုင်းကတည်းက တွေ့ရှိထားသူအဖို့ သိပ်ပြဿနာမရှိပေမယ့် မိမိနဲ့အမှန်တကယ် ကိုက်ညီသွားမယ့်အလုပ်ကို ရှာဖွေနေတဲ့သူတွေအတွက် ‌နည်းလမ်းကောင်းလေးတွေ ပြောပြပေးချင်ပါတယ်။

ကိုယ့်ကိုပျော်ရွှင်စေတဲ့အလုပ်တွေကို စာရင်းပြုစုပါ။

တနေ့တာချင်းစီတိုင်းမှာ ဘယ်အလုပ်တွေလုပ်ရတာ စိတ်ပျော်စေခဲ့လဲ၊ အားလပ်တဲ့အချိန်မှာ ဘာတွေအဓိကလုပ်ဖြစ်လဲဆိုတာတွေ ချမှတ်ထားပါ။ စိတ်ထဲထူးထူးခြားခြားဖြစ်သွားခဲ့တဲ့ Moment တွေ၊ ဈာန်၀င်ပြီးလုပ်ခဲ့တဲ့အရာလေးတွေကို Memo Recalling လုပ်ကြည့်ပါ။

ဒီနေရာမှာ Job Title တွေကိုချရေးမယ့်အစား စိတ်၀င်စားတဲ့အရာ၊ ဝါသနာ၊ အခြားသော ကျွမ်းကျင်တဲ့ Skill တွေကိုပဲဆွဲထုတ်သင့်တယ်။ အားလုံးကို ချရေးပြီးတာနဲ့ စိတ်အကျေနပ်ဆုံးဖြစ်တဲ့အလုပ်ကနေ စိတ်၀င်စားမှုအနည်းဆုံးဆိုပြီး List ချရေးခြင်းဖြင့် ကိုယ်နဲ့ အနီးစပ်ဆုံး ကိုက်ညီတဲ့ Career ကိုသိနိုငိပါတယ်။

မလုပ်ဖူးသေးတဲ့အရာတွေ စမ်းလုပ်ကြည့်ပါ။

အကယ်၍ အရင့်အရင်တုန်းကလုပ်ခဲ့တဲ့ အတွေ့အကြုံတွေထဲကမှ ကိုက်ညီတဲ့အလုပ်ကို မတွေ့သေးရင် အခြား‌သော ဌာနကအလုပ်တွေ‌လေ့လာကြည့်တာမျိုး၊ အလုပ်သင်၊ Training လိုမျိုး ယာယီအလုပ်လေးတွေ စမ်းလုပ်ကြည့်သင့်ပါတယ်။
လူတွေနဲ့ပြောဆိုဆက်ဆံရတာကြိုက်လို့ အရောင်းဌာနမှာအလုပ်ကိုရွေးခဲ့‌ ပေမယ့် အမှန်တကယ် အလုပ်လုပ်ရတာပျော်စေတာက Event Planning လုပ်ရတာ၊ Marketing Strategy ရေးဆွဲရတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါ‌သေးတယ်။

Career Test စစ်ကြည့်ပါ။

အလုပ်အကိုင်နဲ့ပတ်သတ်ပြီး လမ်းပျောက်နေတယ်ဆိုရင် မိမိကိုယ်ကို Self Reflection လုပ်လို့ရမယ့် အလွယ်ကူဆုံးနည်းလမ်းက Career Assessment Test တွေ စစ်ကြည့်တာပါပဲ။ မသိစိတ်က ငုပ်လျိုးနေတဲ့ အမူအကျင့်တွေ၊ စိတ်၀င်စားတဲ့အရာတွေကို ပြန်လည်ဆင်ခြင်နိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းပါပဲ။

မိမိနဲ့ကိုက်ညီတဲ့ အကောင်းဆုံး Career ကိုရှာတွေ့နိုင်ကြပါစေ။

February 23, 2022
© Copyright 2022 | Developed By Impulse International.