မြန်မာကျောင်းသားတွေအတွက် Prospect Burma ပညာသင်ဆုလျှောက်လွှာ စဖွင့်ပါပြီ

မြန်မာနိုင်ငံရဲ့ နာမည်အကြီးဆုံး Prospect Burma ပညာသင်ဆုကို စတင် လျှောက်ထားလို့ရနေပြီဆိုတာ သင်သိပါသလား? Prospect Burma ဆိုတာ ဘွဲ့ကြို၊ မဟာဘွဲ့နဲ့ ပါရဂူဘွဲ့ လျှောက်ထားလိုသူများကို ပညာသင်စရိတ် အပြည့်အ၀ ထောက်ပံ့ပေးသွားမယ့် အဖွဲ့အစည်း ဖြစ်ပါတယ်။

ရွေးချယ်လျှောက်ထားနိုင်တဲ့ တက္ကသိုလ်များ

Prospect Burma ပညာသင်ဆု လျှောက်မယ်ဆိုရင် အရင်ဆုံး တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရပါမယ်။ တက္ကသိုလ်ကတော့ မိမိနှစ်သက်ရာ နိုင်ငံက ဘယ်တက္ကသိုလ်မှာမဆို လျှောက်ထားလို့ ရပါတယ်။

ဒါပေမဲ့ ကျောင်းဘက်က ကျူရှင်ခ မလျှော့ပေးရင် ဘွဲ့ကြိုတွေအတွက် North America ၊ Europe ၊ Australasia ၊ Japan နဲ့ South Korea စတဲ့ စရိတ်ကြီးတဲ့ နိုင်ငံတွေမှာတော့ လျှောက်ထားခွင့် မရှိပါဘူး။

Prospect Burma နဲ့ ပါတနာ လုပ်ထားတဲ့ တက္ကသိုလ် (၁၀) ခုမှာ လျှောက်ထားမယ်ဆိုရင်တော့ ကျောင်းဘက်က ကျူရှင်ခ ကင်းလွတ်ခွင့် (သို့) ကျူရှင်ခ လျှော့ပေါ့ပေးတဲ့ အခွင့်အရေးကို ရရှိမှာ ဖြစ်ပါတယ်။

ပါတနာ တက္ကသိုလ်တွေကို ကြည့်ရန် >> choosing-where-you-study/

ပညာသင်ဆု အကျိုးခံစားခွင့်

– Tuition Fees

– Academic Materials

– Living costs (နေစရိတ်+စားစရိတ်)

– Travel Fees

ပညာသင်ဆုကို Fully-funded နဲ့ Partially-funded ဆိုပြီး နှစ်မျိုးနှစ်စား ပေးပါတယ်။

ဘယ်လိုလူတွေ လျှောက်ထားလို့ရလဲ? 

– မြန်မာနိုင်ငံသား ဖြစ်ရပါမယ်။

– ပြည်ပတက္ကသိုလ် တစ်ခုခုမှာ ဝင်ခွင့် လျှောက်ထားသူ ဖြစ်ရပါမယ်။

– ငွေကြေးအခက်အခဲရှိတဲ့ မိသားစုမှ မွေးဖွားလာသူ ဖြစ်ရပါမယ်။

– မြန်မာနိုင်ငံကို ပြန်လည်အကျိုးပြုမယ့် ရည်မှန်းချက်ကြီး ရှိရပါမယ်။

ဘာစာရွက်စာတမ်းတွေ လိုအပ်လဲ?

– တက္ကသိုလ်ဝင်ခွင့် ရရှိကြောင်း စာရွက် (ဝင်ခွင့်မရသေးရင် လျှောက်ထားဆဲဖြစ်ကြောင်း ထောက်ခံချက်)

– ထောက်ခံစာ (၂) စောင်

– အထက်တန်းအောင်လက်မှတ်နဲ့ အမှတ်စာရင်း

–  TOEFL ၊ IELTS (သို့) အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု ရလဒ်

– ပတ်စ်ပို့

– ငွေကြေးအချက်အလက်

– အက်ဆေး (၂) ပုဒ်

လျှောက်ထားရမယ့်ပုံစံ


ပညာသင်ဆုအတွက် အင်တာဗျူးအဆင့် ရွေးချယ်ခံရသူတွေကို ၂၀၂၅ ခုနှစ်၊ မေလနဲ့ ဇွန်လတို့မှာ အသိပေး ကြေညာသွားမှာဖြစ်ပါတယ်။

>> https://prospectburma.my.site.com/onlineapplications/s/

December 6, 2024
© Copyright 2022 | Developed By Impulse International.