မြန်မာနိုင်ငံက အထက်တန်းပညာရေး ပြီးမြောက်ထားတဲ့သူတွေ၊ တက္ကသိုလ်တက်နေရင်း ရပ်နားထားတဲ့သူတွေအတွက် Child’s Dream Foundation မှ ပေးအပ်တဲ့ ၁၀၀% ထောက်ပံ့ကြေး အစီအစဉ်နဲ့ ထိုင်းနိုင်ငံမှာ Bachelor Degree ရယူနိုင်မယ့် ပညာသင်ဆုအကြောင်း မျှဝေပေးချင်ပါတယ်။
ဒီပညာသင်ဆုမှာ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး တက္ကသိုလ် (၇) ခုနဲ့ အထူးပြု ဘာသာရပ် (၁၄) ခုကို ရွေးချယ်လျှောက်ထားနိုင်ပါတယ်။
ပေးအပ်တဲ့ အဖွဲ့အစည်း – Child’s Dream Foundation
တက်ရောက်ရမယ့်နိုင်ငံ – ထိုင်း
တက်ရောက်ရမယ့် ကာလ – (၄) နှစ်
ရရှိမယ့် ဘွဲ့အမျိုးအစား – Bachelor Degree
နောက်ဆုံးလျှောက်ထားရန်ရက် – ဖေဖော်ဝါရီ ၂၈၊ ၂၀၂၅ ခုနှစ်
ရွေးချယ်လျှောက်ထားနိုင်မယ့် တက္ကသိုလ်တွေနဲ့ ဘာသာရပ်တွေ
- Elementary Education – Asia-Pacific International University
- Media and Communication – Bangkok University
- Innovative Media Production – Bangkok University
- Economics – Chiang Mai University
- Environmental Science – Chiang Mai University
- Social Science – Chiang Mai University
- Software Engineering – King Mongkut’s Institute of Technology Ladkrabang
- Public Health – Mae Fah Luang University
- Environmental Health – Mae Fah Luang University
- International Relations and Development – Rangsit University
- Civil Engineering – Thammasat University
- Global Studies and Social Entrepreneurship – Thammasat University
- Mechanical Engineering – Thammasat University
- Social Policy and Development – Thammasat University
အကျိုးခံစားခွင့်
- Tuition and other fees (e.g. university fees, visa fees, graduation, health insurance etc.)
- Supplies (e.g. uniforms, books, stationary, computer grant)
- Living cost (e.g. rent, food,)
- Other / Emergency (case by case basis)
မှတ်ချက်။ ။ Bachelor (၄) နှစ်စာကိုပဲ ပညာသင်စရိတ် ထောက်ပံ့ပေးမှာ ဖြစ်တဲ့အတွက် Language preparation (သို့) University preparation courses တွေအတွက်တော့ ထောက်ပံ့ပေးမှာ မဟုတ်ပါဘူး။
ဘယ်လိုလူတွေ လျှောက်လို့ရလဲ?
- မြန်မာနိုင်ငံသားဖြစ်ပြီး ID Card နဲ့ Passport ရှိရပါမယ်။
- အသက် (၃၀) အောက် ငယ်သူ ဖြစ်ရပါမယ်။
- ငွေကြေးလိုအပ်ချက်ရှိကြောင်း ပြနိုင်ရပါမယ်။
- တခြား ပညာသင်ဆုတွေ ရရှိထားခြင်း မရှိသူ ဖြစ်ရပါမယ်။
- (၁၂) တန်း (သို့) နိုင်ငံတကာ အသိအမှတ်ပြု အထက်တန်းအောင်လက်မှတ် ရှိရပါမယ်။ (ဥပမာ – GED)
- အင်္ဂလိပ် (သို့) ထိုင်း ဘာသာစကား ကျွမ်းကျင်ရပါမယ်။
- ကိုယ်တက်ရောက်ချင်တဲ့ တက္ကသိုလ်ဝင်ခွင့်ကို အချိန်မီ လျှောက်ထားနိုင်ရပါမယ်။
ဘာစာရွက်စာတမ်းတွေ လိုအပ်လဲ?
- ပတ်စပို့အရွယ် ဓာတ်ပုံ
- မှတ်ပုံတင် (သို့) မွေးစာရင်း
- ပတ်စပို့ ပထမ စာမျက်နှာ (လျှောက်လွှာတင်ချိန်မှာ မရှိသေးလည်းရ)
- အိမ်အတွင်း၊ အပြင် ဓာတ်ပုံ (၃) ပုံ
- (၁၂) တန်းအောင်လက်မှတ်နဲ့ အမှတ်စာရင်း
- GED, TOEFL, IELTS အောင်လက်မှတ်များ (လျှောက်လွှာတင်ချိန်မှာ မရှိသေးလည်းရ)
- တက်ရောက်ဖူးတဲ့ တခြားသင်တန်းအောင်လက်မှတ်များ
- ထောက်ခံစာ (၂) ခု
- (၅) မိနစ်စာ ဗီဒီယို (၁) ပုဒ်
- စာလုံးရေ (၃,၀၀၀) ပါရမယ့် အက်ဆေး (၂) ပုဒ်
Video presentation
Please explain us
– about yourself and your family background and an explanation why you cannot pay for your university education yourself
– your previous education, in details of how you support yourself or who are the main supporters
– any works or volunteering experiences you have completed
– why you deserve this scholarship
Essay 1.
Please answer what motivates you to pursue your selected course on this application? How will you use your knowledge and experiences you gain in your chosen program to work towards positive changes in your country?
Essay 2.
Please describe the time when you demonstrated leadership and how you overcame the obstacles either through your family or your community?
ဒီပညာသင်ဆုကို နောက်ဆုံး လျှောက်ထားရမယ့်ရက်ကတော့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ (၂၈) ရက်နေ့ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် မတ်လမှာ ပထမအဆင့် ရွေးချယ်ခံရသူတွေကို အင်တာဗျူးအတွက် အကြောင်းကြားမှာဖြစ်ပြီး ဧပြီလမှာ အင်တာဗျူး ဖြေဆိုရမှာ ဖြစ်ပါတယ်။ နောက်ဆုံးအဆင့် ရွေးချယ်ခံရသူတွေကိုတော့ မေလမှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။
