နိုင်ငံတကာအသိအမှတ်ပြု အထက်တန်းအောင်လက်မှတ် GED၊ IGCSE တို့ မဖြေရသေးပေမဲ့ ပြည်ပမှာ ကျောင်းတက်ချင်တယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ နာမည်ကြီး တက္ကသိုလ်တစ်ခုဖြစ်တဲ့ King Mongkut’s University of Technology မှာ အင်ဂျင်နီယာ ဘာသာရပ် (၆) ခုအတွက် ပညာသင်ဆု ပေးအပ်နေတာမို့ လျှောက်ကြည့်ကြဖို့ အကြံပြုပါတယ်။
Related Article : မြန်မာကျောင်းသားတွေအတွက် အခွင့်အရေးများတဲ့ ပညာသင်ဆု (၇) ခု
>> https://www.edge.com.mm/article/scholarships-for-myanmar.html?
တက်ရောက်ရမယ့်တက္ကသိုလ်
- King Mongkut’s University of Technology North Bangkok
ရွေးချယ်နိုင်တဲ့ အင်ဂျင်နီယာ ဘာသာရပ်များ
- Electrical Engineering
- Robotic Engineering
- Aerospace Engineering
- Mechanical Engineering for Design and Innovation
- Materials Engineering and Design
ရရှိမယ့်ဘွဲ့
- Bachelor of Engineering (B.Eng.)
အကျိုးခံစားခွင့်
- ပညာသင်စရိတ်ကင်းလွတ်ခွင့်
သွားလာရေးစရိတ်၊ နေထိုင်စရိတ်၊ အသုံးစရိတ်တို့ကို ကိုယ်တိုင်ကျခံရမှာဖြစ်ပြီး ကျူရှင်စရိတ်ကိုတော့ ကျောင်းဘက်က ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။
အရည်အချင်းသတ်မှတ်ချက်
အောက်ဖော်ပြပါ အထက်တန်း စာမေးပွဲတစ်ခုခုကို အောင်မြင်ပြီး သတ်မှတ်ထားတဲ့ အနိမ့်ဆုံး အမှတ်တွေကို ပြည့်မီသူဖြစ်ရပါမယ်။
- SAT – စုစုပေါင်းအမှတ် 1200
- GSAT – စုစုပေါင်းအမှတ် 1200
- A Level – သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒမှာ Grade B
- IB – သင်္ချာနှင့် ရူပဗေဒပါအဝင် အနည်းဆုံး ဘာသာရပ် (၅) ခုမှာ Grade 4
- GCSE (A) Level – သင်္ချာနှင့် ရူပဗေဒပါအဝင် အနည်းဆုံး ဘာသာရပ် (၅) ခုမှာ Grade C
- GED – ဘာသာရပ်တိုင်း 145 မှတ်၊ သင်္ချာနှင့် သိပ္ပံမှာ 165 မှတ်နှင့်အထက်
- Myanmar Matriculation Examination – ရူပဗေဒ၊ ဓာတုဗေဒ၊ အင်္ဂလိပ်နှင့် သင်္ချာတို့မှာ 75 မှတ်၊ မြန်မာနှင့် ဇီ၀ဗေဒမှာ အမှတ် 70၊ အနည်းဆုံး ဂုဏ်ထူး (၃) ဘာသာ ပါရပါမယ်။
အောက်ပြပါ အင်္ဂလိပ်ဘာသာစကား အရည်အချင်းစစ် စာမေးပွဲတစ်ခုခုတွင် ဖြေဆိုထားပြီး သတ်မှတ်ထားတဲ့ အနိမ့်ဆုံး အမှတ်တွေကို ပြည့်မီသူဖြစ်ရပါမယ်။
- TOEFL (PBT/ITP) – 520 or IBT 65
- TOEIC – 700
- IELTS – 6.0
- K-STEP (KMUTNB) – 75
- Duolingo – 100
- CEFR – B2
လိုအပ်တဲ့ စာရွက်စာတမ်းများ
- လျှောက်လွှာဖောင် ( https://drive.google.com/file )
- အထက်တန်းအောင်လက်မှတ်နှင့် အမှတ်စာရင်း
- အင်္ဂလိပ်အရည်အချင်းစစ် စာမေးပွဲ ရလဒ်
- ကျောင်းတက်နေဆဲဆို မိမိတက်နေတဲ့ ကျောင်းမှ ထောက်ခံစာ
- Recommendation Letter
- Cover letter
- မှတ်ပုံတင်
- ပတ်စ်ပို့
- အိမ်ထောင်စုစာရင်း
လျှောက်ထားရမယ့်ပုံစံ
အောက်က လင့်ခ်မှာ အချက်အလက်တွေ၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို အပြည့်အစုံ ဖြည့်စွက် တင်ပြရမှာဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့ နောက်ဆုံထား လျှောက်ထားရမှာပါ။ ဇန်နဝါရီလ (၁၆) ရက်နေ့မှာ ပထမအဆင့် ရွေးချယ်ခံရသူများကို အင်တာဗျူးအတွက် ခေါ်ယူသွားမှာဖြစ်ပြီး ဇန်နဝါရီလ (၂၂) ရက်နေ့မှာ ပညာသင်ဆု ရရှိသူတွေကို အသိပေး ကြေညာပေးသွားမှာဖြစ်ပါတယ်။
လျှောက်ရမယ့်လင့်ခ် >> https://www.eng.kmutnb
အခုချိန်လျှောက်ဖို့ အဆင်သင့် မဖြစ်သေးတဲ့သူတွေအတွက် ဒုတိယအကြိမ် အခွင့်အရေး ထပ်ရှိပါတယ်။ လျှောက်လွှာဖောင်ကတော့ ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့ကနေစပြီး မေလ (၁) ရက်နေ့အထိ ဖွင့်ပေးမှာဖြစ်ပါတယ်။
အသေးစိတ် ဖတ်ရှုရန် >> https://www.eng.kmutnb
==========================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။
