၂၀၂၄ မှာ ပညာသင်ဖို့ဘဲ ဖြစ်ဖြစ် အလုပ်သွားလုပ်ဖို့ဘဲ ဖြစ်ဖြစ် နိုင်ငံခြားသွားမယ်ဆိုရင် လေယာဉ်လက်မှတ် ဝယ်ဖို့ ဒီနည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင်
လေယာဥ်လက်မှတ်ကို စျေးသက်သာဖို့ အချက် (၅) ချက်ပေါ်မူတည်ပြီးဖြတ်ပါ
(1) လေကြောင်းလိုင်းတွေမှာ Low-Cost Airlines နဲ့ Service Airlines ဆိုပြီး ၂ မျိုးရှိကြပါတယ် Low-Cost Airlines တွေက လေယာဥ်ပေါ်မှာ ဘာမှမကျွေးဘူး စားချင်ဝယ်စားရတယ် ( ဥပမာ – Air Asia / Nok Air ……..)
Service Airlines တွေကတော့လေယာဥ်ပေါ်မှာ အစားအသောက်တွေကျွေးပါတယ် (ဥပမာ – MNA / MAI / Emirate / Qatar…….)
Low Cost လေကြောင်းလိုင်း တွေက Service လေကြောင်းလိုင်းတွေထက် ၃ ပုံပုံ ၁ ပုံ ဒါမှ မဟုတ် ထက်ဝက် နီးပါးစျေးသက်သာကြပါတယ် အဲ့တော့စျေးသက်သာချင်ရင် Low Cost လေကြောင်းလိုင်းတွေကိုရွေးစီးပါ
(2) လေယာဥ်လက်မှတ်ကို ကြိုဖြတ်ပါ သွားမည့်ရက်ရဲ့ ၁ ရက် ၂ရက်လောက်အလိုမှဖြတ်ရင် စျေးအမြင့်ဆုံးဖြစ်ပါလိမ့်မယ် တခါတလေ လက်မှတ်တောင်ရမှာမဟုတ်ပါဘူးဗျ ၂ပတ်ကျော် ၃ ပတ်ကျော် လောက် ကြိုဖြတ်မယ်ဆို စျေးသက်သာပါတယ် အဲ့တော့ စျေးသက်သာချင်ရင် ကြိုဖြတ်ပါ
(3) ခရီးသွားရာသီ ရှောင်သွားပါ / ခရီးသွားများတဲ့ရက် ရှောင်ပါ ခရီးသွားများတဲ့ ရက်တွေဆို စျေးကြီးတက်ပါတယ် အဲ့တော့ ခရီးသွားနည်းတဲ့လ ခရီးသွားနည်းတဲ့ ရက်တွေကို ရွေးသွားပါ
(4) စီးလို့ရမည့် class ရွေးချယ်ဝယ်ပါ
လေယာဥ်မှာ Economy class / Business class / First class ဆိုပြီးရှိပါတယ် Economy က ရိုးရိုးတန်းဖြစ်တဲ့အတွက် စျေးအသက်သာဆုံးဖြစ်ပါတယ် အဲ့တော့စျေးသက်သာချင်ရင် Economy class ကပဲစီးပါ
(5) လေယာဥ်ပေါ်မှာ မူတည်ပြီး စျေးကွာတက်ပါတယ် ပြည်တွင်းခရီးစဥ်ဆိုသိသာပါတယ်
ATR လေယာဥ်အသေးနဲ့ဆို လေယာဥ်လက်မှတ် စျေးအနည်းငယ်သက်သာတက်ပါတယ်
Boeing / Airbus / E-jet လေယာဥ်အကြီးတွေဆို စျေးအနည်းငယ် မြင့်တက်ပါတယ် အဲ့တော့ စျေးသက်သာချင်ရင် လေယာဥ်အသေးစီးပါ
ပျော်ရွှင်စွာ ခရီးတွေသွားနိုင်ကြပါစေ။
