သင်ယူလေ့လာမှုနည်းလမ်းများ

လေ့လာသင်ယူနည်းပုံစံများကို လေ့လာကြည့်တဲ့အခါပညာရှင်က အောက်ပါအတိုင်း ၇ မျိုးတွေ့ရှိထားပါတယ်။

(၁)မြင်တွေ့ခြင်း

ဆရာများကရုပ်ပုံကားချပ်များ၊ ဓာတ်ပုံများ၊နမူနာပစ္စည်းများပြသခြင်းဖြင့်သင် ကြားပို့ချပေးနိုင်ပါသည်။ တပည့်တွေက နှံ့နှံ့စပ်စပ်၊သေသေချာချာကြည့်ရှုလေ့လာကာ

အမြင်အာရုံကောင်း ကောင်းနှင့် အာရုံစူးစိုက်ပြီး မြင်ဆရာဆိုတဲ့စကားမြန်မာစကားပုံမှာရှိပါတယ်။ အတုမြင်အတတ်သင်ဆိုတာလည်း အဲဒီသဘောပါပဲ။ ဆရာ

ကလုပ်ပြသောအမူအရာကိုမြင်တွေ့ရခြင်းဖြင့် တပည့်ကမြင်တွေ့မှတ်သားပြီး လိုက်လုပ်ကြည့်ခြင်းဟာ လေ့လာ သင်ယူနည်းတစ်မျိုးပါပဲ။သူများလုပ်တာကြည့်ရုံနဲ့

လိုက်လုပ်တတ်သွားတဲ့ အရည်အချင်းကို ပြောခြင်းဖြစ်ပါ တယ်။ ဆရာကတမင်တကာသင်ပြသည်ဖြစ်စေမပြသည်ဖြစ်စေ ဘေးမှကြည့်တဲ့လူကမြင်ရုံနဲ့ လုပ်တတ်သွား ခြင်းဖြစ်ပါတယ်။

အထူးသဖြင့် ကခုန်ခြင်း။အမူအယာလုပ်၍ သရုပ်ဆောင်ခြင်းကဲ့သို့သော အတတ်ပညာများ ကို လေ့လာသင်ယူတဲ့အခါ အမြင်အာရုံနှင့်ပင်မှတ်သားလေ့လာပြီး

တတ်မြောက်သွားခြင်းဖြစ်ပါတယ်။ ကျောင်းသင်ခန်းစာမှာလည်း လေ့လာသင်ကြားနိုင်ကြပါတယ်။

လိုအပ်ရင်၊ နားမလည်ရင် ဆရာကိုမေးမြန်းပြီးလိုက်နာမှတ်သားနိုင်ပါတယ်။ တစ်ကြိမ်ပြရုံနှင့် မလုံ လောက်ရင် အကြိမ်ကြိမ်၊ အထပ်ထပ်ပြသခြင်း၊ကြည့်ရှုခြင်းဖြင့် ပညာရပ်တစ်ခုခုကို

တက်မြောက် သွားသည် အထိသင်ယူနိုင်ပါတယ်။

(၂)အကြားအာရုံသင်ယူခြင်း

ဒါလည်းမြန်မာစကားပုံမှာရှိတဲ့ “ကြားဆရာ”ဆိုတဲ့ စကားအတိုင်းပါပဲ။ သူတစ်ပါးပြောဆိုသွားတာကိုသီချင်းများကို ဆရာထံမှတပည့်သားမြေး

အစဉ်အဆက်လက်ဆင့်ကမ်းသင်ကြားခဲ့ကြပုံမှာ နားအကြားအာရုံဖြင့် မှတ်သားလေ့လာသင်ယူတတ်မြောက်ခဲ့ကြခြင်း ဖြစ်ပါတယ်။

သီချင်းတစ်ပုဒ်ကို တေးသွား(Melody) ဘယ်လိုတိုင်ပင်မျိုးနဲ့   သီဆုိသြား တယ္ဆုိတာကို    ဂီတ သင်္ကေတတွေမပေါ်ခင်တုန်းကနားထဲမှာ ကြားယောင်နေအောင် မှတ်သားလေ့လာပြီး

သင်ယူခဲ့ကြ ရတာ ဖြစ်ပါတယ်။ ယခုလည်း သီချင်းတစ်ပုဒ်ကိုနားထောင်လိုက်ရင်အချို့တော်တဲ့ ပါရမီထူးချွန်တဲ့သူများဆိုရင် တစ်ခေါက်တည်းနားထောင်ရုံဖြင့်

စာသားရောတေးသွားပါအလွတ်ရသွားတယ်။ အများစုအတွက်ကတော့ ထပ်ကာထပ်ကာနားထောင်ခြင်းဖြင့် မှတ်သားသင်ယူနိုင်ပါတယ်။ယနေ့ခေတ်လို သိပ္ပံနည်းပညာဆန်း

သစ်လာတဲ့အချိန်မှာ မိုက်ခရိုဖုန်း၊ အသံဖမ်းစက်၊ ဗီဒီယိုစသည်တွေကိုဖွင့်ပြီးနားထောင်နိုင်ပါတယ်။ သင်ပေးတဲ့ ရာခဏခဏဆိုပြစရာမလိုဘဲ

အသံဖမ်းထားတာကိုပြန်ဖွင့်ပြီးနားထောင်ခြင်းဖြင့် အကြားအာရုံကို အသုံးချကာ လေ့လာသင်ယူခြင်း ဖြစ်ပါတယ်။

January 1, 2024
© Copyright 2022 | Developed By Impulse International.