မိမိကမည်သည်ကိုဆက်လက်သင်ယူရလိုသည်ကို နားလည်သိရှိကြသည်။ အာကာသယဉ်မှူးတစ်ဦးဖြစ်လာရန်မှာ စိတ်ကူးယဉ်ဆန်လှသည့်အတွက် ကျွန်တော်အာကာသယဉ်မှူးဖြစ်ချင်ပါသည်ဟု အမြဲပြောလေ့ရှိသူများထဲတွင်ပင် အမှန်တကယ် အာကာသယဉ်မှူးဖြစ်လာသူသည် မရှိသလောက်နည်းပါသည်။
လူတစ်ယောက်က ကိုယ်ကြီးလာရင်ဘာဖြစ်ချင်လဲဆိုတာကို ဆုံးဖြတ်ရတာအင်မတန်ခက်ခဲပါတယ်။ ဒါပေမယ့် သြစတြေးလျမှာ ရေပန်းစားတဲ့ဒီဂရီပရိုဂရမ်တချို့က သင့်ကိုလှုံ့ဆော်ပေးနိုင်ပါတယ်။ သင့်အနေဖြင့် ယင်းပရိုဂရမ်များထဲမှတစ်ခုအတွက် စာရင်းသွင်းရန်မလိုပါ။ သို့သော်ဖြစ်လေ့ရှိသည် အတိုင်း၊ အကြောင်းအရာတစ်ခုမှ အကျိုးဖြစ်လာစေသည်အတိုင်း၊ ဤသည်တို့ကို လေ့လာခြင်းဖြင့် သင်၏ဦးနှောက်ကိုပွင့်လင်းစေနိုင်ပြီး မိမိအတွက်ကမ္ဘာကြီးသည်တံခါးဖွင့်ပေးထားကြောင်း သိမြင်လာလိမ့်မည်။
သြစတြေးလျတွင် ကျောင်းပေါင်း ၁၂၀၀ ကျော်ရှိပြီး သင်တန်းပေါင်း ၂၂၀၀၀ ကျော်ထဲမှ ရွေးချယ် သင်ယူနိုင်ခွင့်ကို နိုင်ငံတကာကျောင်းသားများအတွက် ကမ်းလှမ်းပေးထားပါသည်။ မူလတန်းပညာ ရေး (Primary School)မှစ၍ အထက်တန်းပညာရေး (Secondary School) အသက်မွေးဝမ်းကျောင်း ပညာရေးနှင့် သင်တန်းများ (Vocational Education & Training) (VET)၊ အင်္ဂလိပ်ဘာသာသင် တန်းများနှင့် အဆင့်မြင့်ပညာရေး (Universities များပါဝင်သည်) စသည်ဖြင့် ပညာရေး level အား လုံးကို သင်ယူနိုင်ပါသည်။ သင် မည်သည့်ဘာသာရပ်ကို သင်ယူသည်ဖြစ်စေ၊ မည်မျှကြာကြာ သင်ယူနေသည်ဖြစ်စေ နိုင်ငံတကာကျောင်းသားများအတွက် သြစတြေးလျနိုင်ငံ၏ ဥပဒေမှ အရည်အသွေးမြင့်ပညာရေးနှင့် ကျောင်းသားတို့၏လုံခြုံမှုအတွက် ထောက်ပံ့ပေးထားပါသည်။
၂၀၁၄ ခုနှစ်က သြစတြေးလျတွင် လူကြိုက်များသောသင်တန်းများ
Bachelor of Education (Primary)
Bachelor of Education (Early Childhood)
Bachelor of Behavioural Studies (Psychology)
Bachelor of Arts
Bachelor of Business
Bachelor of Accounting
Bachelor of Arts (Fine Art and Visual Culture)
Bachelor of Criminology and Criminal Justice
Bachelor of Communication
Bachelor of Arts (Librarianship and Corporate Information Management)
Source: Open Universities Australia
သြစတြေးလျရှိ နိုင်ငံတကာကျောင်းသားများအကြား ရေပန်းစားသည့်ဘာသာရပ်နှင့် သင်တန်းများ ဖြစ်ပါတယ်။
