ဟန်းဂုမြေမှာ ဘွဲ့လွန်တက်ရောက်ချင်တဲ့သူတွေအတွက် ပညာသင်ဆု

ဒီတစ်ပတ်မှာတော့ နိုင်ငံခြားမှာ ဘွဲ့လွန်တက်ချင်တဲ့ ကိုကို၊ မမတွေအတွက် Korea နိုင်ငံက UNIST Scholarship အကြောင်း မျှဝေပေးချင်ပါတယ်။ Korean နိုင်ငံရှိ Ulsan မြို့က UNIST (Ulsan National Institute of Science & Technology) အစိုးရကျောင်းမှာ ၂၀၂၄ စာသင်နှစ်အတွက် ဒုတိယအကြိမ် ဝင်ခွင့်လျှောက်လွှာတွေကို မတ်လ ၂၀ ရက်နေ့မှာ စတင်ဖွင့်လှစ်ဖို့ ရှိပါတယ်။ ဒီကျောင်းမှာ Master နဲ့ Doctor Program အတွက် ဝင်ခွင့်လျှောက်ပြီး အောင်ရင် Fully-funded Scholarship ချီးမြှင့်ခံရမှာပါ။

Scholarship အကြောင်း အသေးစိတ်မပြောခင်မှာ UNIST က ဘယ်လိုကျောင်းမျိုးလဲဆိုတာ မျှဝေပေးချင်ပါတယ်။ UNIST က ကမ္ဘာ့အကောင်းဆုံး ကိုရီးယားတက္ကသိုလ် (၁၀) ကျောင်းထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး ကိုရီးယားနိုင်ငံရဲ့ IST ကျောင်းတွေထဲမှာဆိုရင် Korea Advanced Institute of Science & Technology (KAIST) ပြီးရင် သူက ဒုတိယအဆင့်မှာ ရှိပါတယ်။ ဒီလို Ranking ကောင်းပြီး ဂုဏ်သတင်းမွှေးတဲ့ တက္ကသိုလ်မှာ ဘွဲ့လွန်တက်ရောက်ချင်တယ်ဆိုရင်တော့ အောက်က Scholoarship အစီအစဉ်ကို ဆက်ဖတ်ကြည့်ကြနော်။

Scholorship အစီအစဉ်က UNIST မှာ Master (သို့) Doctor ဘွဲ့လွန်တက်ရောက်ရမှာဖြစ်ပြီး ကိုရီးယားအစိုးရက ပေးတဲ့ Scholarship နဲ့ UNIST ကျောင်းကပေးတဲ့ Scholarship ဆိုပြီး နှစ်မျိုးရှိပါတယ်။

ကိုရီးယားအစိုးရက ပေးတဲ့ Scholarship

– Tution Fee – KRW 3,840,000/semester

– လစဉ်ထောက်ပံ့ကြေး

For Science & Engineering
Master: KRW 9,600,000/Year
Doctor: KRW 13,200,000/Year

For Business Administration
Master: KRW 2,880,000/Year
Doctor: KRW 4,740,000/Year

– ကျောင်းအဆောင်

UNIST ကျောင်းကပေးတဲ့ Scholarship

– Tution Fee – KRW 3,840,000/semester

– လစဉ်ထောက်ပံ့ကြေး

For Science & Engineering
Master: KRW 13,440,000/Year
Doctor: KRW 17,040,000/Year

For Business Administration
Master: KRW 6,720,000/Year
Doctor: KRW 8,580,000/Year

– ကျောင်းအဆောင်

တက်ရောက်နိုင်တဲ့ ဘာသာရပ်များ

– Engineering

– Natural Sciences

– Information & Biotechnology

– Business Administration

Program Period

Master – 2 နှစ်

Doctor – 4 နှစ်

ပူးတွဲတင်ပြရမယ့် စာရွက်စာတမ်းများ

– Acedamic Background Documents

– Financial Verification Documents

– Study Plan & Personal Statement

– English Test Score

– Recommendation Letterဝင်ခွင့်လျှောက်ရမယ့်ရက်ကတော့ မတ်လ (၂၀) ရက်နေ့ကနေ ဧပြီလ (၂) ရက်နေ့အထိဖြစ်ပြီး Application Fee ဖိုး KRW 50,000 (မြန်မာငွေနဲ့ဆို ၈၀,၀၀၀ ကျပ်) ပေးရပါတယ်။ (၅) လပိုင်း (၂၀) ရက်နေ့နောက်ပိုင်း Interview ခေါ်မှာဖြစ်ပြီး (၆) လပိုင်း (၁၉) ရက်နေ့မှာတော့ ဝင်ခွင့်အောင်တဲ့သူတွေကို ကြေညာပေးသွားမှာပါ။

Application Link >> https://ipsi2.uwayapply.com/gradu/unist/?CHA=1

Scholarship အကြောင်းအသေးစိတ် ဖတ်ရှုရန်
>> https://admg-intl.unist.ac.kr/admissions/guidelines/

March 19, 2024
© Copyright 2022 | Developed By Impulse International.