အင်္ဂလိပ်စာကို Category အလိုက် လေ့လာလို့ရမယ့် Telegram Channel (၁၆) ခု

ကိုယ်က အင်္ဂလိပ်စာကို Grammar ပိုင်း လေ့လာချင်တာလား? Speaking ပိုင်းမှာ သူများထက် နှာတစ်ဖျား သာချင်တာလား? Vocab တွေ၊ Phrasal Verb တွေ ကြွယ်ချင်တာလား? Idioms တွေ ပြောတတ်ချင်တာလား? အစရှိသဖြင့် ကိုယ်လေ့လာချင်တဲ့ Category အပေါ်မူတည်ပြီး သင်တန်းတက်စရာမလိုဘဲ အိမ်မှာပဲ အလွယ်တကူ လေ့လာနိုင်မယ့် Telegram Channel (၁၆) ခုကို အလင်းပြပေးလိုက်ပါတယ်။

English Language  – အင်္ဂလိပ်စာ အခြေခံရှိပြီးသားသူတွေအတွက် သင့်တော်ပါတယ်။

English Slang Words Terms – အင်္ဂလိပ်စာ ဗန်းစကားတွေကို ဥပမာတွေနဲ့တကွ သေချာလေးရှင်းပြထားပါတယ်။

English Stories Moral Novels – အင်္ဂလိပ်ပုံပြင် အမျိုးအစားအမျိုးမျိုးကို ဖတ်ရှုလိုသူများ၊ လေ့လာလိုသူများအတွက် အထူးသင့်တော်ပါတယ်။

Daily English Conversation – နေ့စဥ်ပြောဆိုသုံးစွဲနေတဲ့ စကားပြော အသုံးအနှုန်းတွေကို လေ့လာလိုသူများ အတွက်အဆင်ပြေပါတယ်။

English Idioms – Idioms တွေကိုမှ လေ့လာမှတ်သားရတာ ကြိုက်တဲ့သူတွေအတွက်ပါ။

English Phrasal Verb – Phrasal Verb တွေကို သာဓကစုံစုံလင်လင်နဲ့ လေ့လာရမှာပါ။

English Podcasts – Podcasts လေးတွေ နားထောင်ရတာ ကြိုက်တဲ့သူတွေ ဒီ Channel ကိုသာ Join ထားလိုက်နော်။

English Quizzes – ဉာဏ်စမ်း၊ ပဟေဠိလေးတွေ ဖြေရတာကိုမှ ကြိုက်နှစ်သက်တဲ့သူတွေအတွက်ပါ။

English Grammar – သဒ္ဒါပိုင်းကို သေချာထဲထဲဝင်ဝင် လေ့လာမယ်ဆိုရင် Join ထားသင့်ပါတယ်။

English Vocabularies – အင်္ဂလိပ်စာကျွမ်းချင်ရင် Vocab ပိုင်းကလည်း လုံးဝ ချန်ထားလို့ မရတဲ့ထဲ ပါပါတယ်။

English Collocation – ဝေါဟာရတွေရဲ့ အတွဲအဖက် ပေါင်းစပ်အသုံးပြုပုံတွေကို ဒီမှာ လေ့လာပါ။

English Phrases Expressions – Phrases နဲ့ Expression တွေ အမျိုးစုံကို လေ့လာလို့ရပါတယ်။

English Proverbs – စကားပုံတွေ လေ့လာမယ်ဆိုရင်တော့ Join ထားလိုက်ပါ။

English Songs Lyrics  – သီချင်းနားထောင်ရတာ ကြိုက်ပြီး စာသားတွေကတဆင့် ဘာသာစကား လေ့လာဖို့အတွက် Channel ပါ။

IELTS English – IELTS Learner လေးတွေအတွက်ပါ။

TOEFL English – TOEFL ဖြေမယ့်သူတွေအတွက် အသုံးဝင်မယ့် Channel ပါ။

November 15, 2023
© Copyright 2022 | Developed By Impulse International.