အစိုးရကျောင်း နဲ့ International School ဘယ်ဟာရွေးမလဲ

မြန်မာနိုင်ငံမှာ ပညာရေးစနစ်ကို ရွေးချယ်တဲ့အခါ မိဘတွေအတွက် အစိုးရကျောင်းသင်ရိုး (Myanmar Curriculum) နဲ့ နိုင်ငံတကာကျောင်းသင်ရိုး (International Curriculum) ဆိုပြီး အဓိကရွေးချယ်စရာနှစ်ခု ရှိပါတယ်။ ဒီသင်ရိုးနှစ်ခုရဲ့ ကွာခြားချက်တွေကဘာတွေလဲ၊ ဘယ်သင်ရိုးက သင့်ကလေးအတွက် ပိုသင့်တော် မလဲဆိုတာ လေ့လာကြည့်ရအောင်။

မြန်မာနိုင်ငံ (အစိုးရ) ကျောင်းသင်ရိုး (Myanmar Curriculum)

မြန်မာနိုင်ငံရဲ့ အစိုးရကျောင်းသင်ရိုးဟာ ပညာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စနစ်ဖြစ်ပါတယ်။

အားသာချက်အနေနဲ့ကတော့ ယဉ်ကျေးမှုနှင့် ဒေသတွင်းဗဟုသုတတွေဖြစ်တဲ့ မြန်မာစာ၊ မြန်မာ့သမိုင်း၊ မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ ဘာသာရပ်တွေကို အလေးထားသင်ကြားတာကြောင့် မြန်မာ့ဓလေ့ထုံးတမ်းနဲ့ ယဉ်ကျေးမှုကို နားလည်စေပါတယ်။

ကုန်ကျစရိတ်အနေနဲ့ကလည်း အစိုးရကျောင်းတွေရဲ့ ကျောင်းလခနဲ့ အခြားကုန်ကျစရိတ်တွေဟာ နိုင်ငံတကာကျောင်းတွေထက် သိသိသာသာ သက်သာပါတယ်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးပါက ပြည်တွင်းတက္ကသိုလ်တွေကို တက်ရောက်ခွင့်ရရှိပါတယ်။

ထည့်သွင်းစဉ်းစားရန်အချက်တွေအနေနဲ သင်ကြားမှုပုံစံက များသောအားဖြင့် ဆရာဗဟိုပြုသင်ကြားမှုနဲ့ စာအံ၊ စာကျက်စနစ်ကို အားပြုပါတယ်။

နိုင်ငံတကာအသိအမှတ်ပြုမှုအနေနဲ့ကတော့ မြန်မာနိုင်ငံပြင်ပ တက္ကသိုလ်တွေအတွက် တိုက်ရိုက်လျှောက်ထား ရာမှာ အခက်အခဲရှိနိုင်ပြီး အခြေခံလိုအပ်ချက် (foundation year) ထပ်မံဖြည့်စွက်ရတာမျိုးတွေ ရှိနိုင်ပါတယ်။

နိုင်ငံတကာကျောင်းသင်ရိုး (International Curriculum)

နိုင်ငံတကာကျောင်းသင်ရိုးတွေမှာ အင်္ဂလန်နိုင်ငံရဲ့ Cambridge/Edexcel, အမေရိကန်ရဲ့ AP (Advanced Placement) ဒါမှမဟုတ် IB (International Baccalaureate) စတဲ့ နာမည်ကျော် သင်ရိုးတွေ ပါဝင်ပါတယ်။

အားသာချက်အနေနဲ့ကတော့ နိုင်ငံတကာအသိအမှတ်ပြုမှုအတွက် ဒီသင်ရိုးတွေဟာ တစ်ကမ္ဘာလုံးက တက္ကသိုလ်တွေက အသိအမှတ်ပြုထားတာကြောင့် ပြည်ပမှာ ပညာဆက်သင်ဖို့ လွယ်ကူစေပါတယ်။

စဉ်းစားတွေးခေါ်မှုနှင့် ဖန်တီးမှုအားပေးခြင်းအပိုင်းမှာလည်း ကျောင်းသားဗဟိုပြု သင်ကြားမှုနဲ့ လက်တွေ့ အသုံးချနိုင်တဲ့ ပညာရပ်တွေကို အလေးထားတာကြောင့် ဝေဖန်ပိုင်းခြားနိုင်စွမ်းနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။

ဘာသာစကားကျွမ်းကျင်မှုအနေနဲ့ကလည်း အင်္ဂလိပ်ဘာသာနဲ့ အဓိကသင်ကြားတာကြောင့် အင်္ဂလိပ်ဘာသာ စကား ကျွမ်းကျင်မှု မြင့်တက်စေပါတယ်။

ဘာသာရပ်ရွေးချယ်မှုအပိုင်းမှာ ကျောင်းသားတွေရဲ့ စိတ်ဝင်စားမှုနဲ့ အနာဂတ် ရည်မှန်းချက်အလိုက် ဘာသာရပ် မျိုးစုံကို ရွေးချယ်လေ့လာနိုင်ပါတယ်။

ထည့်သွင်းစဉ်းစားရန်အချက်အနေနဲ့ ကုန်ကျစရိတ်မြင့်မားပါတယ်၊ ကျောင်းလခနဲ့ အခြားကုန်ကျစရိတ်တွေဟာ မြန်မာအစိုးရကျောင်းတွေထက် သိသိသာသာ မြင့်မားပါတယ်။

ယဉ်ကျေးမှုဆိုင်ရာ ကွာဟမှုအနေနဲ့ကလည်း မြန်မာ့ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေကို မြန်မာသင်ရိုးလောက် အလေးမထားနိုင်တာမျိုး ရှိနိုင်ပါတယ်။

ဘယ်သင်ရိုးက သင့်ကလေးအတွက် ပိုသင့်တော်မလဲ။

ဒီဆုံးဖြတ်ချက်ချဖို့အတွက် အောက်ကအချက်တွေကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။

သင့်ကလေးဟာ ပြည်ပမှာ ပညာသင်ဖို့ ရည်မှန်းထားတယ်ဆိုရင် နိုင်ငံတကာသင်ရိုးက ပိုသင့်တော်ပါတယ်။ ပြည်တွင်းမှာပဲ ပညာသင်ကြားပြီး မြန်မာ့ယဉ်ကျေးမှုကို ပိုမိုနားလည်စေချင်တယ်ဆိုရင် မြန်မာသင်ရိုးက ပိုသင့်တော်ပါတယ်။

မိသားစုရဲ့ ဘတ်ဂျက်ကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ သင့်ကလေးရဲ့ သင်ယူမှုပုံစံနဲ့ ဘယ်လိုပတ်ဝန်းကျင်မှာ အကောင်းဆုံး သင်ယူနိုင်မလဲဆိုတာကိုလည်း ထည့်သွင်းစဉ်းစားပါ။

Learning House Myanmar ကနေ သင့်ကလေးရဲ့ ပညာရေးခရီးလမ်းအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ အမြဲကူညီပံ့ပိုးပေးသွားမှာပါ။ သင့်ကလေးရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ သင်ရိုးလမ်းညွှန်မှုတွေအတွက် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

June 25, 2025
© Copyright 2022 | Developed By Impulse International.