အထက်တန်း ကျောင်းသားများအတွက် တက္ကသိုလ်အကြို ပရိုဂရမ်ပညာသင်ဆု

သင်က နိုင်ငံခြားမှာ ကျောင်းတက်ဖို့ အိမ်မက်ရှိသူလား? ပညာသင်ဆုတွေ လျှောက်ထားဖို့ စိတ်ဝင်စားသူလား? ဒါဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အွန်လိုင်းတက္ကသိုလ်ဖြစ်တဲ့ Parami University နဲ့ အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်က Bard College တို့ ပူးပေါင်းဆောင်ရွက်တဲ့ Higher Education Access Program (HEAP) ကို လျှောက်ကြည့်ဖို့ အကြံပြုပါတယ်။

HEAP ပရိုဂရမ်အကြောင်း

USAID Diversity and Inclusion Scholarship (DISP) ရဲ့ အထောက်အပံ့နဲ့ စီစဉ်ပြုလုပ်မယ့် HEAP ပရိုဂရမ်ဟာ နိုင်ငံတကာ တက္ကသိုလ်တွေမှာ အခက်အခဲမရှိဘဲ ပညာသင်ကြားနိုင်ဖို့အတွက် ရှိထားသင့်တဲ့ အရည်အချင်း/ကျွမ်းကျင်မှုတွေကို ပြင်ဆင်ပေးတဲ့ အတန်းတစ်ခု ဖြစ်ပါတယ်။

HEAP ပရိုဂရမ်မှာ လေ့လာနိုင်မယ့် အကြောင်းအရာများ

  • အဆင့်မြင့် ပညာရပ်ဆိုင်ရာ အင်္ဂလိပ် ကျွမ်းကျင်မှု (Advanced Academic English)၊
  • သင်ယူလေ့လာနည်းဆိုင်ရာ ကျွမ်းကျင်မှုများ (Study Skills)
  • ဝေဖန်ပိုင်းခြားတွေးခေါ်တတ်မှု (Critical Thinking)
  • ဒစ်ဂျစ်တယ်ပညာရပ် အသုံးချတတ်မှုဆိုင်ရာ အတန်းများ (Digital Literacy)
  • သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာ (STEM) ဘာသာရပ်နဲ့ လူမှုသိပ္ပံ (Social Sciences) ဘာသာရပ်တွေမှာ ပညာရပ်ဆိုင်ရာ ချဉ်းကပ်ရေးသားပုံတွေကို သင်ကြားပေးမှာဖြစ်သလို
  • လျှောက်လွှာပြင်ဆင်ခြင်းနဲ့ စာမေးပွဲဖြေဆိုခြင်းဆိုင်ရာ နည်းလမ်းတွေကိုလည်း Workshop တွေမှတဆင့် လေ့လာနိုင်မှာ ဖြစ်ပါတယ်။

သင်ကြားပေးမယ့်ပုံစံ

Bard College ရဲ့ တွဲဖက်ပါမောက္ခတွေကိုယ်တိုင် အွန်လိုင်းအတန်းမှတဆင့် သင်ကြားပေးမှာဖြစ်ပါတယ်။ နောက်ပြီး အမေရိကန်၊ ဥရောပ၊ ကနေဒါ၊ တောင်အမေရိကနဲ့ အရှေ့တောင်အာရှရှိ Bard College ရဲ့ မိတ်ဖက်တက္ကသိုလ်တွေမှ ‌ကျောင်းသူ၊ ကျောင်းသားတွေနဲ့ (group work) အဖွဲ့လိုက် သင်ခန်းစာတွေ လုပ်ဆောင်ရင်း လေ့လာရမှာ ဖြစ်ပါတယ်။

သင်တန်းသားတွေအနေနဲ့လည်း တစ်ပတ်ကို (၆) နာရီ မပျက်မကွက် အတန်းတက်ဖို့ လိုအပ်သလို အိမ်စာတွေအတွက် (၄) နာရီခန့် အချိန်ယူကာ သတ်မှတ်ချိန်အတွင်း အချိန်မီ တင်သွင်းဖို့ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

ပရိုဂရမ်ကာလ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ (၁၈) ရက်နေ့ကနေ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ လလယ်အထိ (၁၀) လ ကြာမြင့်မှာ ဖြစ်ပါတယ်။

သင်တန်းကြေး

သင်တန်းကြေးအခမဲ့ ဖြစ်ပါတယ်။

အတန်းချိန်များ (မြန်မာစံတော်ချိန်)

  • Session A & B: 9:00 AM မှ 12:00 PM (Weekends)
  • Session C & D: 7:00 PM မှ 10:00 PM (Weekends)
  • Session E : 7:00 PM မှ 10:00 PM (Mondays & Tuesdays)

လျှောက်ထားနိုင်မယ့်သူများ

  • အသက် (၁၅) နှစ်မှ (၂၄) နှစ် အရွယ်ရှိသူများ
  • မြန်မာနိုင်ငံသူ/သားများ၊ မြန်မာ့အိမ်နီးချင်းနိုင်ငံများမှ မြန်မာနိုင်ငံသူ/သားများ
  • အခြေအနေ၊ အခက်အခဲ အမျိုးမျိုးကြောင့် နေရပ်မှ စွန့်ခွာခဲ့ကြရသူများ
  • တိုင်းရင်းသားလူနည်းစု အနွယ်ဝင်များ
  • ကိုယ်အင်္ဂါ မသန်စွမ်းသူများ

သင်တန်းပြီးဆုံးရင် ရရှိမယ့် အကျိုးခံစားခွင့်များ

  • Bard College နဲ့ Parami University တို့မှ ပူးပေါင်းပေးအပ်မယ့် နိုင်ငံတကာအသိအမှတ်ပြု သင်တန်းပြီးဆုံးကြောင်း အောင်လက်မှတ်
  • Bard College မှ အသိအမှတ်ပြု Transcript နဲ့ Transferable credit များ
  • အရှေ့တောင်အာရှနဲ့ အွန်လိုင်းတက္ကသိုလ် ဝင်ခွင့်တွေအတွက် သင်ကြားရေးပါမောက္ခ (Faculty) တွေထံမှ လမ်းညွှန်ပံ့ပိုးမှုများ

လျှောက်ထားရမယ့်ပုံစံ

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်၊ စနေနေ့မှာ နောက်ဆုံးထားပြီး ဝင်ခွင့်လျှောက်လွှာကို အပြီးသတ် လျှောက်ထား တင်သွင်းဖို့ လိုအပ်ပါတယ်။ ဆန်ကာတင် ရွေးချယ်ခံရသူတွေကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်မှ (၉) ရက်အထိ အင်တာဗျုး ခေါ်ယူသွားမှာ ဖြစ်ပါတယ်။

ဝင်ခွင့်လျှောက်ထားရန် – https://forms.gle/vKEAZs9Vm8fjrTBi8

HEAP ပရိုဂရမ်နဲ့ ပတ်သက်ပြီး အသေးစိတ် မေးမြန်းချင်တယ်ဆိုရင် Parami University ရဲ့ Page Messenger

(သို့) continuingeducation@parami.edu.mm ကို တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

>> https://www.facebook.com/paramiuniversity

December 23, 2024
© Copyright 2022 | Developed By Impulse International.