အမေရိကန်မှာ ကျောင်းတက်မယ်ဆိုရင် ဒါလေးတွေ သိထားဖို့လိုပါမယ်

အမေရိကန်ပညာရေးက စျေးကြီးပါတယ်နော်…

ပထမ degree လိုချင်တဲ့ international student တွေ အတွက်တော့ ပထမ ၂ နှစ်ကို community college ကို သွားရင် စရိတ်သက်သာပြီး လိုအပ်ချက်တွေလည်း နည်းပါတယ်။ ဒါပေမယ့် ကိုယ်လျှောက်တဲ့ ကျောင်းက university ကို transfer လုပ်ဖို့ လက်ခံလား လက်မခံလားမေးဖို့လိုပါတယ်နော်။ လက်မခံရင် ကုန်မော ဖြစ်မှာစိုးလို့ပါ။

AA နှင့် AS degree ရှိပါတယ်

AA ကတော့ associate of arts degree နှင့် AS ကတော့ associate of science degree ပါ။ ၂ နှစ်ခန့်တက်ရတာဖြစ်ပါတယ်။
ဒီမှာတော့….

1. Placement test လိုကောင်းလိုမှာပါ။

2. Degree plan

3. Course layout

4. Degree hours

လိုအပ်သော credit တွေကတော့….

Associate degree= 60 credits

Bachelor’s degree= 120 credits

Master’s degree= 30-60 credits

Bachelor’s degree ကလည်း ၂ နှစ်ခန့်တက်ဖို့လိုမှာပါ။

AS ကနေ Bachelor degree ကို transfer လုပ်ဖို့

1. ကိုယ်တက်နေတဲ့ Associate degree ရဲ့ အမျိုးအစားသိရမှာပါ။

2. Admission counselor နှင့်တိုင်ပင်ပြီး ကိုယ်သွားချင်တဲ့ လမ်းကြောင်းကို ဆွေးနွေးပါ။

articulation agreements

3. Credit ဘယ်လောက် transfer ဖို့လိုလည်းမေးပါ။

4. လိုအပ်တဲ့ အတန်းတွေ course တွေလည်း ပြီးဖို့လိုပါတယ်။

5. Leverage your academic adviser နှင့် ပုံမှန် တွေ့ဆုံပြီး ဆွေးနွေးပါ။

Master’s Degree

MS တက်ဖို့အတွက် ကျောင်းတွေက မိမိတက်ခဲ့ကျောင်းရဲ့ transcript and grading တောင်းပါတယ်။ ထောက်ခံစာ ၂ စောင်လည်း တောင်းပါတယ်နော်။ ကိုယ့်ကိုထောက်ခံပေးမဲ့သူရဲ့ အီးမေးလိပ်စာနှင့် အမည်ကို သူတို့ပေးရပြီး သူတို့က တိုက်ရိုက်တောင်ပါလိမ့်မယ်။
တချို့ကျောင်းတွေက ကိုယ့်ရဲ့ transcript and grading တွေကို သူတို့ approved လုပ်ထားတဲ့ evaluation agency တွေကနေတဆင့် ပြန်တောင်းပါတယ်။

ကျောင်းတက်နေရင်း တစ်ပတ်ကို နာရီ ၂၀ အလုပ်လုပ်နိုင်မှာပါ။ ဒါပေမယ့် ချက်ချင်း လုပ်လို့မရသေးပါဘူးနော်။ ဒီအလုပ်ကလည်း နေစရိတ်လောက်တော့ ကာမိပါတယ်နော်။

တခြားစရိတ်တွေကတော့ အိမ်မှ ထောက်ပံ့ပေးဖို့ လိုမှာပါ။

တချို့ အလုပ်တွေက tip money တွေပေးပါတယ်။ delivery လိုပေါ့ပေါ့ပါးပါး အလုပ်တွေလည်းရှိပါတယ်နော်။ စက်ဘီးလောက်တော့ လိုအပ်ပါတယ်။

ကျောင်းမှာပဲ အလုပ်လျှောက်စေချင်ပါတယ်။ ကျောင်းမှာ ရှိသော အလုပ်တွေကို လုပ်ဖို့နောက်ပိုင်း ကမ်းလှမ်းလာမှာပါ။
ကျောင်းကတော့ software တွေလည်း တရားဝင်တောင်းနိုင်ပါတယ်။

ပြောချင်တာကတော့ ပညာရေးကို အထူးအာရုံစိုက်ပြီး သင်စေချင်ပါတယ်။

စာမလိုက်နိုင်လို့ drop out လုက်ရင် အချိန်ကုန် ၊လူပန်း ၊အသက်ကြီးပြီး ၊ကုန်ကျစရိတ်များပါတယ်နော်။

တပတ်နာရီ ၂၀ ပေါ့ပေါ့ပါးပါး အလုပ်လုပ်ပြီး စာကို ကြိုးစားကြပါ။

အားလုံး ပညာရေး အဆင်ပြေကြပါစေ။

© Copyright 2022 | Developed By Impulse International.