Yangon Book Plaza ရဲ့ (၇) နှစ်ပြည့်မှာ စာပေချစ်ပရိသတ်တွေအတွက် အကုန်အကျနည်းနည်းနဲ့ စာအုပ်အရေအတွက်များများကို ဝယ်ယူနိုင်မယ့် အခွင့်အရေးရရှိမယ့် စာအုပ်ရောင်းပွဲတော်ကြီးကို စီစဉ်ပေးထားပါတယ်။ သင်္ကြန်ပိတ်ရက်မှာ အိမ်တွင်းအောင်းပြီး စာအုပ်တွေ ဖတ်ရင်း အပန်းဖြေမယ့်သူတွေအတွက်ရော၊ စာအုပ်လျှော့စျေးအချိန်ကို စောင့်နေကြတဲ့သူတွေအတွက်ပါ သတင်းကောင်းတစ်ခုပါ။
ဒီပွဲမှာဆိုရင် စာအုပ်တိုက် (၃၀) မှ စာအုပ်တွေကို ၁၅% ကနေ ၅၀% အထိ လျှော့စျေးတွေနဲ့ ဝယ်ယူနိုင်မယ့်အပြင် ကျန်စာအုပ်တွေကိုလည်း မူရင်းစျေးနဲ့ လုံး၀မရောင်းဘဲ ၁၀% လျှော့စျေးနဲ့ ရောင်းချသွားမှာပါ။
တိုက်လုံးကျွတ် ရာခိုင်နှုန်းလျှော့မယ့် စာအုပ်တိုက်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ စိတ်ကူးချိုချို – 20%
၂။ ဓူဝံ – 20%
၃။ တကောင်းစာပေ – 20%
၄။ သားငယ် – 20%
၅။ ရုပ်ပြောင်း – 20%
၆။ အိပ်မက်အသစ် – 20%
၇။ ဆုပြည့်စုံထွန်း – 20%
၈။ စိန်မိုးယံ – 20%
၉။ လှိုင်းသစ်စာပေ – 20%
၁၀။ ဝိုင်းမော် – 20%
၁၁။ ကျော်မွှေး – 20%
၁၂။ ဂလိုဘယ်အလင်း – 20%
၁၃။ အိမ်သူရွှေမ – 20%
၁၄။ လမ်းပြကြယ် – 20%
၁၅။ ကံ့ကော်၀တ်ရည် – 20%
၁၆။ ဇွန်ပွင့် – 20%
၁၇။ ယဉ်မျိုး – 20%
၁၈။ နန်းဒေဝီ – 20%
၁၉။ Third story Project – 20%
၂၀။ Phoenix Kingdom – 20%
၂၁။ Myanmar Knowledge Society – 20%
၂၂။ Smart – 20%
၂၃။ စာပေလမ်း – 20%
၂၄။ မြ၀တ်ချို – 20%
၂၅ ။ရတနာစာပေ – 20%
၂၆။ ပါရီစာပေ – 20%
၂၇။ YokePya – 20%
၂၈။ Exit Book – 20%
၂၉။ ငါတို့စာပေ – 20% ~ 50%
၃၀။ ဘဝတက္ကသိုလ် – 15%
Yangon Book Plaza စာအုပ်စျေးရောင်းပွဲကို မတ်လ ၃၀၊ ၃၁ နဲ့ ဧပြီ ၁ ရက်နေ့တို့မှာ သုံးရက်တိုင်တိုင် ကျင်းပသွားမှာ ဖြစ်ပါတယ်။ အချိန်ကတော့ မနက် (၉) နာရီကနေ ည (၇) နာရီအထိ ဖွင့်ပေးထားဖို့ ရှိပါတယ်။ စာအုပ်ကောင်းနိုးရာရာတွေကို အမိအရ ရွေးချယ်ချင်တယ်ဆိုရင်တော့ အချိန်စောစောသွားဖို့ အကြံပြုပါတယ်။
အွန်လိုင်းကနေတဆင့် မှာယူနိုင်တဲ့ အခွင့်အရေးမျိုး မရှိတာမို့ နယ်ဝေးဘက်ကသူတွေ၊ အလုပ်တစ်ဖက်နဲ့ မအားလပ်သူတွေ၊ မြို့နယ်ဝေးလို့ မလာနိုင်သူတွေကတော့ Yangon Book Plaza ကို လူကြုံလွှတ်ပြီး စာအုပ်အမှာပါးလို့ပဲ ရပါတယ်။ တစ်ခုကောင်းတာက လူကိုယ်တိုင်သွားဝယ်တော့ စာအုပ်တစ်အုပ်ချင်းစီကို ကိုယ်တိုင် အမြည်းဖတ်ပြီး စိတ်ကြိုက်ရွေးယူလို့ရတဲ့ အားသာချက်တော့ ရှိပါတယ်။
