Scholarship အတွက် ကျောင်းလျှောက်ဖို့ University (၄၀) ကျော် ရွေးချယ်စရာရှိပြီး Job Career အတွက်လည်း မပူပန်ချင်ဘူးဆို ASEAN Secretariat နဲ့ Maybank Foundation တို့မှ ပူးတွဲပေးတဲ့ Fully Funded Scholarship ကို Try ကြည့်ဖို့ အကြံပြုပါတယ်။ Benefits လည်းများသလို အပြိုင်အဆိုင်လည်းများတဲ့ Scholarship မို့ ကိုယ့်ဘက်က သေချာလေး ပြင်ဆင်ထားဖို့ လိုပါတယ်။
အနောက်နိုင်ငံတွေထက် မြန်မာနိုင်ငံသားတွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့ အာဆီယံနိုင်ငံတွေရဲ့ နာမည်ကြီးကျောင်းတွေမှာ Bachelor Degree Level တက်ရောက်ခွင့်ရမယ့် အခွင့်အရေးမို့ လုံး၀ လက်မလွှတ်သင့်ပါဘူး။
Degree Level – Bachelor
Scholarship Type – Fully Funded
Host Universities – AUN Member Universitiesရွေးချယ်တက်ရောက်ခွင့်ရှိမယ့် တက္ကသိုလ် (၄၁) ခု


သင်ကြားနိုင်မယ့် ဘာသာရပ်များ
- Arts and Design
- Business and Management
- Computer Science and Information Technology
- Education
- Engineering and Technology
- Environmental Science/ Studies
- Humanities
- Mathematics
- Social Sciences
- Future Ready-Related Course (For Example: Data Science and Analytics, Artificial Intelligence (AI) and Machine Learning, Digital Marketing, Environmental Sustainability, etc.)
စကော်လာရှစ်လျှောက်ဖို့ လိုအပ်ချက်များ
- အဖွဲ့အစည်းက သတ်မှတ်ပေးထားတဲ့ တက္ကသိုလ် (၄၁) ခုထဲက တစ်ခုမှာ ဝင်ခွင့်ရပြီးသားဖြစ်ရပါမယ်။
- အာဆီယံနိုင်ငံသားဖြစ်ရမယ်။
- အသက် ၂၃ နှစ်နဲ့ အောက်ဖြစ်ရမယ်။
- ၁၂ တန်းပညာရေး အောင်မြင်ပြီးသူ (သို့) တက္ကသိုလ်တက်လက်စ ကျောင်းသား/သူများ လျှောက်ထားလို့ရပါတယ်။
- အနည်းဆုံး GPA အမှတ် 3.00 ရရပါမယ်။
- စာတော်ပြီး ပြင်ပ Activities တွေမှာလည်း တက်ကြွစွာ ပါဝင်လုပ်ကိုင်ဖူးသူဖြစ်ရပါမယ်။
စကော်လာရှစ် အကျိုးခံစားခွင့်
- လပ်တော့
- လေယာဉ်စရိတ်
- ကျူရှင်စရိတ်
- နေစရိတ်နဲ့ သုံးစရိတ်
- စာအုပ်ကြေး
- တက္ကသိုလ်ဝင်ခွင့်ကြေး+ ကျောင်းသားဗီဇာ
- ကျန်းမာရေးအာမခံကြေး
အလုပ်သင်အခွင့်အရေး
ကျောင်းပိတ်ရက်တွေမှာ ASEAN Secretariat, ASEAN Foundation, Maybank တို့မှာ အလုပ်သင်ဆင်းရပါမယ်။
အလုပ်အကိုင်အခွင့်အလမ်း
ဘွဲ့ရပြီးတာနဲ့ ASEAN Secretariat, ASEAN Foundation, Maybank တို့မှာ (၃) နှစ် စာချုပ်နဲ့ အလုပ်ဝင်လုပ်ရမှာ ဖြစ်ပါတယ်။
ဒီစကော်လာရှစ်ကို စိတ်ဝင်စားလို့ လျှောက်ချင်တယ်ဆိုရင် အောက်ကလင့်ခ်မှာ Apply လုပ်လို့ရပါတယ်။ နောက်ဆုံးထားလျှောက်ရမယ်ရက်ကတော့ မတ်လ (၁၅) ရက်နေ့ပါ။
