ထိုင်းနိုင်ငံရှိ Asian Institute of Technology သည် ၂၀၂၄ အတွက်ပညာသင်ဆုများကို လက်ရှိခေါ်ဆိုနေပြီးပညာသင်ဆုအစီအစဉ်၊ အကျိုးခံစားခွင့်များနှင့် လျှောက်လွှာတင်ခြင်းလုပ်ငန်းစဉ်အကြောင်း ယခုစာစဥ်တွင်အသေးစိတ်ရှင်းပြမည်ဖြစ်ပါသည်။
Asian Institute of Technology Scholarship 2024-2025 သည် နိုင်ငံတကာကျောင်းသားများအတွက် အပြည့်အဝထောက်ပံ့ထားသော ပညာသင်ဆုဖြစ်သည်။ ဤပညာသင်ဆုသည် မာစတာဘွဲ့အတွက်သာ ဖြစ်ပါသည်။
Bangchak Initiative နှင့် Innovative Center သည် renewable energy industry နှင့် အသုံးချသုတေသနဆိုင်ရာများကိုဦးစားပေးပြီး ယခုပညာသင်ဆုများပေးအပ်သည့် ရည်ရွယ်ချက်မှာလူငယ်စွန့်ဦးတီထွင်မှုနှင့် ဆန်းသစ်တီထွင်မှုများကိုအားပေးရန်ဖြစ်ပါသည်။
ပညာသင်ဆုအကျဉ်းချုပ် ကတော့
လေ့လာမှုအဆင့်- မာစတာ
အဖွဲ့အစည်း(များ)- အာရှနည်းပညာတက္ကသိုလ် (AIT)
ထိုင်းနိုင်ငံတွင် ပညာသင်ကြားရန်
သင်ကြားပေးမည့် သင်တန်းများကတော့
–Energy.
–Food Engineering and Bioprocess Technology (FEBT).
–Environmental Engineering programs (EEM).
အစီအစဉ်ကာလ- ၂ နှစ်။
နောက်ဆုံးရက်- မတ်လ 31 ရက် 2024 ခုနှစ်
Scholarship Coverage
Asian Institute of Technology Scholarship သည် ရန်ပုံငွေ အပြည့်အဝထောက်ပံ့ပေးပြီး ပညာသင်စရိတ်နှင့် သင်တန်းကြေးများအကျုံးဝင်ပါသည်။
Eligibility Criteria for Asian Institute of Technology Scholarship
Asian Institute of Technology Scholarship အတွက် အရည်အချင်းပြည့်မီရန် လျှောက်ထားသူသည် အောက်ပါသတ်မှတ်ချက်များရှိထားရမည်ဖြစ်ပါသည်။
လိုအပ်သောဘာသာစကား- အင်္ဂလိပ်
လျှောက်ထားနိုင်သောနိုင်ငံများ- ကမ္ဘာ့နိုင်ငံများအားလုံး
နာမည်ကြီး တက္ကသိုလ်များမှ ပထမတန်း (ဂုဏ်ထူးဆောင်ဘွဲ့) သို့မဟုတ် GPA 3.0
မည်သည့်နိုင်ငံသားမဆို လျှောက်ထားနိုင်ပါသည်။
အင်္ဂလိပ်စာကျွမ်းကျင်မှု- IELTS သို့မဟုတ် AIT EET ရမှတ် 5.0 အထက် ။
General Requirements
မူပိုင်ခွင့်နှင့် စီးပွားဖြစ်ထုတ်ကုန်များဆီသို့ ဦးတည်စေမည့် ဆန်းသစ်တီထွင်သော သုတေသနများကို လုပ်ဆောင်ရန်ဖြစ်သည်။
ဆန်းသစ်သောရလဒ်များရရှိရန် ပရောဂျက်အဖွဲ့ဖြင့် လုပ်ဆောင်နိုင်ရမည်။
နည်းပညာဆိုင်ရာ အစီရင်ခံစာများတွင် ရလဒ်များကို တင်ပြနိုင်ခြင်း နှင့် နိုင်ငံတကာဂျာနယ်များတွင် ထုတ်ဝေရန်အတွက် သိပ္ပံနည်းကျ စာတမ်းများကို ပြင်ဆင်ပေးနိုင်ရမည်။
ပြောဆိုဆက်ဆံရေး၊ အဖွဲ့အစည်းနှင့် ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ရမည်။
Startup ကုမ္ပဏီများတွင် အတွေ့အကြုံများရှိပါက ထပ်လောင်းအားသာချက်ဖြစ်ပါသည်။
အောက်ဖော်ပြပါနယ်ပယ်များတွင် အတွေ့အကြုံရှိသူများသည် ပိုမိုပြီးအခွင့်အလမ်းများရရှိမည်ဖြစ်ပါသည်။ Artificial Intelligence၊ IoT၊ Big Data Analytics၊ Blockchain၊ စွမ်းအင်နည်းပညာ၊ Smart Cities
Specific Requirements for Energy Area
Hardware Experience/Knowledge on Converters, prototype development.
Matlab၊ Python Simulink/PSIM/LabVIEW
Specific Requirements for FEBT Area
Bachelor degree in Biotechnology, Biochemical Engineering, Chemical Engineering, Food Science Technology နှင့်အလားတူဘွဲ့များရရှိထားသူများ
Specific Requirements for EEM Area
Bachelor degree in biochemical or chemical engineering, civil engineering, environmental engineering, public health science နှင့်အလားတူဘွဲ့များရရှိထားသူများ
Experience/Knowledge on controls of bioreactor.
ရေဆိုးသန့်စင်ခြင်းစနစ်များကို ဒီဇိုင်းရေးဆွဲခြင်းနှင့် ပုံစံထုတ်ခြင်းတွင် အတွေ့အကြုံရှိသူများ
How to Apply for Asian Institute of Technology Scholarship?
(၁) https://ait.ac.th/apply-online/ တွင်ပေးထားသော အွန်လိုင်းလျှောက်လွှာကို ဖြည့်စွက်ပါ။
(၂) အွန်လိုင်းလျှောက်လွှာနှင့်အတူ လျှောက်ထားသူသည် အချက်အလက်များအားလုံးကို PDF ဖိုင်တစ်ခုအတွင်ထည့်သွင်းပြီး အောက်ပါအီးမေးလ် ( sheree@ait.ac.th ) သို့ 2024 ခုနှစ် မတ်လ 31 ရက်နေ့ မတိုင်မီ ပေးပို့ရမည်ဖြစ်ပါသည် ။
Cover letter
commercial products/start-ups ပရောဂျက်နှင့် Pitching Idea များ (အများဆုံး 2 စာမျက်နှာ)
ပညာရေး၊ စာမေးပွဲများနှင့် ယခင်သက်ဆိုင်ရာ အလုပ်/သုတေသန အတွေ့အကြုံ (CV)
အသိအမှတ်ပြု ပညာရေးဆိုင်ရာ ဒီပလိုမာနှင့် အောင်လက်မှတ်မိတ္တူ။
သုတေသနနယ်ပယ်နှင့် သက်ဆိုင်သည့် ထုတ်ဝေမှုများ
အနည်းဆုံး Reference နှစ်ဦး၏ အမည်များနှင့် ဆက်သွယ်ရန် အချက်အလက်များ။
