တက္ကသိုလ်တက်နေဆဲ ဘွဲ့မရသေးတဲ့လူငယ်တွေအတွက် ရွေးချယ်စရာ ပညာရေးလမ်းကြောင်းများ

အခုလို ကိုဗစ်လည်းဖြစ်၊ ကျောင်းတွေလည်း ပိတ်ထားတဲ့အချိန်မှာ ပညာရေးမလစ်ဟင်းအောင် Online Course တွေတက်ကြ၊ Self Study လုပ်ကြရတယ်။

ဒါပေမယ့် အနာဂတ် Career အတွက် တကယ်ထိထိရောက်ရောက် အသုံးချနိုင်ဖို့ဆိုရင် နည်းစနစ်တကျ သင်ပေးနိုင်မယ့် ပညာရေးလမ်းကြောင်းတွေကို စဉ်းစားမှ ရတော့မယ်။

နိုင်ငံခြား တက္ကသိုလ်တွေ သွားတက်နိုင်တယ်။

တစ်ချို့က ပညာရေး အားကောင်းတဲ့ Australia, UK, America မှာရှိတဲ့ တက္ကသိုလ်တွေ သွားတက်မယ်။ Scholar ရဖို့ ပြင်ဆင်မယ်။ ဒါပေမယ့် Ranking မြင့်တဲ့ကျောင်းကို ရမှ အလုပ်အကိုင်အခွင့်အလမ်းကလည်း များမှာမလို့ ကိုယ်တက်မယ့် တက္ကသိုလ်ကို သေချာရွေးချယ်ဖို့လိုအပ်ပါတယ်။

နိုင်ငံခြားတက္ကသိုလ်တွေရဲ့ အားသာချက်က နိုင်ငံတကာ Network ရမယ်၊ Campus life ကိုရမယ်။ တဖက်မှာလည်း တက္ကသိုလ်ကပေးတဲ့ Accommodation မှာပဲနေနေ၊ အပြင်အိမ်မှာပဲငှားငှား နေစရိတ်အတွက် ငွေကုန်ကြေးကျများတယ်။

နောက်ပြီး ယဥ်ကျေးမှုမတူလို့ နေထိုင်ရတာအခက်အခဲဖြစ်မှာ၊ အစားအသောက်အဆင်မပြေမှာ၊ ပြည်ပလွှတ်ရမှာစိတ်မချတာ စတာတွေကြောင့် မိဘတွေကလည်း နိုင်ငံခြားမှာပညာသင်ဖို့ မလွှတ်နိုင်ကြတာရှိတယ်။ ဒါကြောင့် Oversea Education ကို သေချာချင့်ချိန်ပြီး ရွေးချယ်သင့်တယ်။

နိုင်ငံခြားဘွဲ့တွေကို ပြည်တွင်းမှာပဲ တက်လို့ရတယ်။

နိုင်ငံခြားသွားဖို့ အဆင်မပြေတဲ့ ညီငယ်၊ ညီမငယ်တွေအတွက် ပြည်တွင်းမှာလည်း နိုင်ငံတကာက တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ထားတဲ့ကျောင်းတွေမှာ တက်လို့ရတဲ့ ဘွဲ့တွေရှိတယ်။

အင်္ဂလန်နိုင်ငံ Pearson Education က ပေးတဲ့ HND Diploma မှာ ဆိုရင် Accounting, Construction, Engineering, Technology နဲ့ Management ဘာသာရပ်ဆိုင်ရာ Diploma တွေကို တက်လို့ရတယ်။

အရင်ဦးဆုံး Foundation Program ကိုတက်ပြီး University First Year, Second Year နဲ့ ညီမျှတဲ့ Level 4 နဲ့ 5 ကို ဆက်တက်ရတယ်။ ပြီးရင် HND (Higher National Diploma) ကိုရတယ်။

Level 5 ပြီးလို့ ကိုယ်က Bachelor Degree ကို ရချင်ရင် နောက်ဆုံးတစ်နှစ်ကို ပြည်တွင်းမှာပဲတက်ပြီး Bachelor ယူလို့ရတယ်။ ဒီဘွဲ့ကို နိုင်ငံခြားမှာသွားတက်ချင်တယ်ဆိုရင်လည်း ချိတ်ဆက်ထားတဲ့ကျောင်းမှာတက်လို့ရတယ်။ အဲဒီတစ်နှစ်က ပြည်တွင်းမှာပဲ တက်တက်၊ ပြည်ပမှာသွားတက်တက် စရိတ်စကတော့ အတူတူပဲ ကျတတ်ပါတယ်။

တခုရှိတာက Foundation Program ကနေ နောက်ဆုံးနှစ်ထိတက်ဖို့ သိန်းရာဂဏန်းဝန်းကျင် ကျသင့်နိုင်တယ်။ အကယ်၍ ကိုယ့်အနေနဲ့ နိုင်ငံခြားလည်း မသွားချင်ဘူး၊ ငွေကြေးလည်းအတော်သုံးနိုင်တယ်ဆိုရင် ပြည်တွင်းမှာပဲ HND ကိုတက်ဖို့ ရွေးချယ်နိုင်ပါတယ်။

နောက်တခုက နိုင်ငံခြားလည်း မသွားချင်ဘူး။ ပြည်တွင်းမှာပဲ ကုန်ကျစရိတ်အသင့်အတင့်နဲ့ နိုင်ငံတကာအသိအမှတ်ပြု Diploma ယူချင်တယ်ဆိုရင် UK က ပညာရေးဆိုင်ရာ အကဲဖြတ်စစ်ဆေးမှုအဖွဲ့ Ofqual က အသိအမှတ်ပြုထားတဲ့ ABE (Association of Business Executives), OTHM Qualifications, NCC Education စတဲ့ပညာရေးအဖွဲ့အစည်းတွေကပေးတဲ့ ဘွဲ့တွေကို တက်လို့ရပါတယ်။

ဒီဘွဲ့တွေက သင်ပေးမယ့်ကျောင်း၊ သင်ရိုး၊ ဆရာကောင်းကောင်းကို ရွေးရင် ရွေးနိုင်သလောက် လက်တွေ့မှာ သေချာအသုံးချနိုင်ပြီး၊ လစာကောင်းမွန်တဲ့ အခွင့်အလမ်းတွေရှိပါတယ်။

ဒီပညာရေးအဖွဲ့အစည်းတွေက ဘွဲ့တွေနဲ့ HND နဲ့ကွာခြားချက်ကတော့ Accreditation ချင်းသိပ်မကွာပေမယ့် ဈေးနှုန်းအားဖြင့် ပိုလို့သက်သာပါတယ်။

နောက်ပြီး အဲဒီထဲက ABE (Association of Business Executives) ရဲ့ Business Management Diploma တွေဟာဆိုရင် မြန်မာနိုင်ငံမှာ ဖွင့်နေတာ ၁၀စုနှစ် တစ်ခုကျော်ရှိနေပြီး လုပ်ငန်းရှင်အများစုကလည်း ABE Diploma တွေကို အသိအမှတ်ပြု လက်ခံကြတယ်။

ဒီဘွဲ့တွေဟာဆိုရင်လည်း Business Management ဆိုင်ရာ Diploma တွေကို Level 4 to 6 အထိ အသက်အရွယ်၊ အတန်းအလိုက်သင်ယူနိုင်တယ်။

Level 6 ထိပြီးရင် UK နိုင်ငံရဲ့ Bachelor ဘွဲ့နဲ့ညီမျှတဲ့ ဘွဲ့ကိုရပြီး နိုင်ငံတကာ တက္ကသိုလ်တွေမှာ Master ဘွဲ့ကို ဆက်တက်လို့ရတယ်။
ကိုယ့်အနေနဲ့ တက္ကသိုလ်တဖက်၊ အလုပ်တဖက်နဲ့ဖြစ်နေတယ်ဆိုရင်တောင် full time တက်စရာမလိုလို့ တက်နေဆဲတက္ကသိုလ်တက်ရင်း တပြိုင်တည်း သင်ယူနိုင်တဲ့ အားသာချက်တွေရှိနေပါတယ်။

တက္ကသိုလ်တက်နေဆဲဖြစ်တဲ့၊ ဘွဲ့မရသေးတဲ့ ညီငယ်၊ ညီမငယ်တွေအတွက် ဒီ Post က အကူအညီဖြစ်မယ်လို့ မျှော်လင့်ပါတယ်။

credit to original author

© Copyright 2022 | Developed By Impulse International.